Yang Zi အိမ်အပြင်ထွက်သွားပီးတာနဲ့ တခုခုလုပ်ဖို့စဉ်းစားလိုက်တယ် သူ့ခေါင်းထဲမှာ ရိပေါ်နဲ့ရှောင်းကျန့်ကို ကွဲသွားစေဖို့ပဲတွေးတယ် ဒီအတွက် သူ့သိက္ခာတေချနင်းရမယ်ဆိုရင်တောင် အချစ်အတွက်သူရူးမိုက်မိနေဦးမှာပဲ....
အဓိကက ရိပေါ်သူ့ဆီစိတ်ပြန်လည်လာဖို့ပဲ ကျန်တာတေသင့်တော်တာ မသင့်တော်တာမစဉ်းစားဖူး တကယ်လို့ အဲ့ဒါက အိမ်ထောင်ပြိုကွဲမှရမယ်ဆိုရင်တောင် သူရိပေါ်တို့
အိမ်ထောင်ရေးကိုဖြိုခွဲရလိမ့်မယ်ရိပေါ် ကျန့်ကျန့်ကိုယ်လေးကို ရင်ခွင်ထဲထွေးဖက်ထားရင်း အကျီလေးလျှောလို့ပေါ်နေတဲ့ လည်ဂုတ်ဖွေးအိအိလေးကိုက်ချလိုက်တော့ သူ့ကလေးလေးက "အင့်"ခနဲတချက်တုန်တက်သွားသေးတယ်
Wang YiBo>>>"ဟက် ဖြူစင်လိုက်တာ ကလေးလေးကခုထိကိုယ့်အထိအတွေ့နဲ့ နေသားမကျသေးဖူးကိုး ခနခနလေ့ကျင့်ပေးရမယ်"ပြောတော့ နှုတ်ခမ်းလေးဆူပီးမျက်စောင်းထိုးတယ်
ကုတင်ပေါ်မှာ ကလေးကိုရင်ခွင်ထဲထွေးပွေ့လို့ကျီစယ်နေတုန်း ရိပေါ် ဖုန်းလေးက မြည်လာတယ် Unknownမလို့ မကိုင်ဘဲထားပေမဲ့ ကလေးကကိုင်ဖို့အမူအရာလေးနဲ့အချက်ပြနေတာကြောင့်ကိုင်လိုက်တော့....
ဟယ်လို အကိုရေ ဒီမှာ အကို့အမျိုးသမီးမူးလဲနေလို့ အမြန်လာပေးပါလား နေရာက.....
Wang YiBo>>>>ဖုန်းကိုင်ပီး တချက်တော့ကြောင်သွားသေးတယ် နောက်မှ အော်ခင်ဗျားလူမှားနေပီထင်တယ်
ကျွန်တော့်မှာ အမျိုးသမီးမရှိဖူး ကျွန်တော်လက်ထပ်ထားတာ အမျိုးသားဗျ ခုလဲ ကျွန်တော့်ရင်ခွင်ထဲမှာ ရှိတယ်ဆိုပီး ကျန့်ကျန့်ကိုယ်လေးကို ရင်ခွင်ထဲ ပိုတိုးလို့ဖက်ပီးဖြေလိုက်တယ်သူအဲ့လိုပြောတော့ တဖက်ကအားနာသွားဟန်တူပါတယ်
Sryပါအကိုရေ ဒီမှာလဲ Content မှာ ယောကျာ်းလို့မှတ်ထားတာတွေ့လို့ပါလို့ပြောတော့ ရိပေါ်သက်ပြင်းချမိတယ် ကျန့်ကျန့်ကိုငုံကြည့်တော့ မျက်ရည်တေဝဲလို့မျက်ရည်မကျအောင် ပုပ်ခတ်ပုပ်ခတ်လုပ်ရင်းသူ့ကိုမော့ကြည့်နေတယ်Xiao Zhan>>>"ကျဲ Yang Ziထင်ပါတယ် အကိုသွားလိုက်ပါလား ကျွန်တော်ကရတယ်"ဆိုပီး ရင်ခွင်ထဲကရုန်းထွက်နေတဲ့ကလေးလေးကို ပေါင်ပေါ်ကောက်ပွေ့ပီး ဖျစ်ညှစ်ဖက်ထားရင်း တဖက်ကဖုန်းကိုရိပေါ်ပြန်ဖြေလိုက်တယ်
YOU ARE READING
ချစ်ရသူ ခင်ပွန်း💘(Complete )
Roman d'amourXiao Zhan>>>ခင်ဗျားကိုသိပ်ချစ်တာပဲ ချစ်တယ်လို့တောင်မပြောရဲတဲ့အထိ Wang Yi Bo>>>>ကိုယ်မင်းကိုမချစ်ဖူး....ဘယ်တော့မှ Yang Zi>>>> ချစ်တဲ့သူမှပိုင်အောင်မလုပ်နိုင်ရင် ဘာမှမပိုင်ဆိုင်နိုင်ဖူး