Part-12

5.1K 324 19
                                    


          ရိပေါ် အိမ်ကနေ ကားနဲ့ထွက်လာတော့ စိတ်ထဲမှာ ထင့်နေသလိုပဲ ဒါပေမဲ့ ကလေးကိုမနက်စာဝယ်ဖို့ကအရေးကြီးတာမို့ ဂရုမစိုက်ဘဲထွက်လာလိုက်တယ်

လမ်းထိပ်မှာ ကားကိုကွေ့လိုက်တော့ ကားရှေ့ကိုပြေးဝင်လာတဲ့ ကောင်မလေးတျောက်

ဟာ.......
ကျှီ.........
ရုတ်တရက် ဘရိတ်ဆွဲအုပ်လိုက်တာမို့ လူလဲအထိတ်တလန့်နဲ့ စိတ်ကိုငြိမ်အောင်ထားပီး ကားပေါ်က ဆင်းကြည့်ကာမှ ကားရှေ့မှာ ငိုနေတာ YangZi... ရိပေါ်တော်တော်အံ့ဩသွားတယ်

Wang YiBo>>>မင်း ဘာလုပ်တာလဲ ငါ့ကိုထောင်ကျအောင်လို့လား??
Yang Zi>>>>မဟုတ်ပါဖူး ကို ရယ် သေရမယ်ဆိုရင်တောင် ကို့လက်ပေါ်မှာပဲသေချင်လို့ ကြံမိကြံရာ လုပ်မိတာပါ

Wang YiBo>>>>မင်းက ဘာလို့သေရမှာလဲ ဟိုနေ့ကတွေတာတောင်အကောင်ကြီးလေ ကလေးကိုတောင် ပါးရိုက်နိုင်သေးတာပဲ😏

Yang Zi>>>>မဟုတ်ဖူးရှင်းပြမယ် ယွမ့်မှာလေ ဦးနှောက်မှာအကျိတ်တည်နေပီတဲ့ တဖြည်းဖြည်းမှတ်ညဏ်တေပျောက်လာပီး နောက်ဆုံးကျ အားလုံးကိုမေ့သွားတော့မှာတဲ့

ဆေးစစ်ချက်ရလာပီဆိုပီး လက်ထဲက စာရွက်ကိုပြတော့မှ သူပြောတာအမှန်တေမှန်းသိရတယ် ရိပေါ်တော်တော်စိတ်မကောင်းဖြစ်သွားတယ် သူကနောက်ဆုံးသေခါနီးချိန်ထိတောင် ငါ့ကိုစွဲလမ်းခဲ့တာပဲ ငါကသာပြောင်းလဲသွားခဲ့တာ ငါမှားသွားပီလား

ရိပေါ် Yang Ziကိုတွဲပီးသူ့ ကားထဲမှာထိုင်ခိုင်းလိုက်တယ်
သူကားပေါ်တက်လိုက်တာနဲ့ သူ့ကိုဖက်ပီးအတင်းငိုတော့တာကြောင့် သူ့မှာ အလိုက်သင့်ပြန်ဖက်ထားရသေးတယ်

အဲ့ဒီအချိန်မှာ YangZiရဲ့ မျက်နှာကိုသူမြင်လိုက်ရမယ်ဆိုရင်......

Wang YiBo>>>>ယွမ် ခုလိုမျိုးဖြစ်နေတာ ဆရာဝန်ကဘာအကြံပေးလဲ
ဆရာဝန်ကတော့ မှတ်ညဏ်အထောက်အကူပြုအောင် ချစ်ရတဲ့သူတေနဲ့အတူအမှတ်တရတေ ပြန်ပြောဖို့အကြံပေးတယ် ဒါပေမဲ့ ယွမ်ကငယ်ငယ်ထဲက မိဘတေနဲ့ခွဲနေခဲ့တာလေ ယွမ်မှတ်ညဏ်အများစုက ကိုနဲ့ပဲပါတ်သက်တယ်

ပီးတော့ ကိုကလဲ လက်ထပ်ထားတဲ့သူတျောက်ဆိုတော့ ယွမ် မပြောရဲတော့လို့ အသေခံမယ်ပဲတွေးလိုက်တာ
ယွမ့်အနားမှာ ရှိနေနိုင်မှာမဟုတ်ဖူးလေ

ချစ်ရသူ ခင်ပွန်း💘(Complete )Where stories live. Discover now