Part-4

6.1K 298 1
                                    

ရိပေါ် ညကအတွေးတွေများပီး ဆိုဖာပေါ်မှာပဲ အိပ်ပျော်သွားခဲ့တယ် Yang Ziနဲ့ အတူတူအိပ်စက်မယ်ဆိုတဲ့ စိတ်ကူးတေလဲပျောက်....😌

သူ့စိတ်ထဲမှာ ဒီကောင်လေး(ရှောင်ကျန့်)က မသိမသာဝင်ရောက်လာတယ် သူကိုယ်တိုင်လဲ သတိထားမိတယ်
ဒါပေမဲ့ ဦးနှောက်ကလက်မခံဖူး😏 ချစ်မိနေတာလားလဲမသေချာ...

ဟူး....မင်းတော့ရူးမှာပဲ ဝမ်ရိပေါ် ကိုယ့်ကိုကိုယ် ရေရွတ်ပီးအိပ်လိုက်တယ်

Xiao Zhan>>>နိုးလာတော့ နွေးထွေးနေသလိုခံစားရလို့ ဆက်အိပ်နေပီးခါမှ.... ဟင်😳 ငါအိပ်ယာပေါ်ရောက်နေတာလား ညကငါဆိုဖာပေါ်မှာပါ.
ဒါဆို ဘယ်သူရွှေ့ပေးတာလဲ မဟုတ်မှ ရိပေါ်လား
ရိပေါ်ပဲဖြစ်မှာဆိုတဲ့အတွေးလေးနဲ့ မျက်နှာကပြုံးမိသွားသေးတယ်

နာရီကြည့်မိတော့ ၆:၃၀ပဲရှိသေးတာနဲ့ မနက်စာပြင်ဆင်ပေးဖို့ ထလိုက်တယ် ပြင်ဆင်ရမယ်သာဆိုတာ သူကလဲ သူငှေးသား ဘာမှမလုပ်တတ်...

ဒါပေမဲ့ ရိပေါ်အတွက်ပဲ သူလုပ်ရမယ်ဆိုပီး မီးဖိုထဲ ဝင်တော့ ပစ္စည်းတေကအစုံရှိပါရဲ့ ဘယ်ကစရမှန်းမသိ

Xiao Zhan>>>ဟုတ်ပီ ပထမဆုံး ကော်ဖီဖျော်ရမယ်ဆိုပီး
ကော်ဖီဖျော်တော့ တခါမှမဖျော်ဖူးတာကြောင့် ရေနွေးပူလောင်သွားတယ် ဟာ ဒုက္ခပဲ😔 ရိပေါ်ကနိုးတော့မယ်
ငါက ဘာမှမပီးသေးပါလားဆိုပီး ကြက်ဥပေါင်မုန့်ကြော်ပေးတော့ ဆီပူတေထပ်မှန်ပြန်ရော😪😪

လက်တခုလုံးလဲ ထူပူနေပီးရစရာမရှိတော့ဖူး ဒါပေမဲ့အကုန်ပီးစီးသွားလို့တော်ပါသေးရဲ့ ရိပေါ်ကြိုက်လောက်မှာပါ

Yang Zi>>>နိုးလာတော့ မီးဖိုခန်းက ဇွန်းသံပန်းကန်သံတေကြားရတယ် ဆင်းလာတော့ ကိုနဲ့လက်ထပ်ထားတယ်ဆိုတဲ့ကောင်လေး နဲနဲတော့ပညာပြရမယ်ဆိုပီး
စားပွဲမှာစောင့်နေလိုက်တယ်....
တွေ့ကြပီပေါ့ကောင်လေး.......😏

အဲ့ဒီအချိန်ပဲ ရိပေါ်လဲ အိပ်ယာနိုးလာတယ်...ငါတစ်ညလုံး ဆိုဖာပေါ်အိပ်ပျော်သွားတာပဲ အခန်းထဲက ဟိုအကောင်ပေါက်လေးရော အဆင်မှ ပြေရဲ့လား

Yang Zi မနက်သူနိုးထဲက ရိပေါ်အခန်းထဲမှာ ရှိမနေတာ သတိထားမိတယ် ကိုက ညထဲက ငါနဲ့မအိပ်ပဲ အပြင်သွားအိပ်နေတာလား ??ဒါမှမဟုတ် သူအိပ်ယာအရင်နိုးသွားတာလား သံသယတွေတွေးရင်းနဲ့ပဲ အောက်ထပ်ကိုဆင်းလာခဲ့တယ်

မီးဖိုခန်းထဲက ကောင်လေးကတော့ ဘာမှမသိပဲ မနက်စာကိုပြင်ဆင်ရင်းပျော်ရွှင်နေခဲ့တာပေါ့

စာလုံးပေါင်းမစစ်ရသေးလို့ အမှားရှိရင်လဲဖြည့်ဖတ်ပေးကြပါ RLထဲကိုထည့်ပေးကြလို့ ကျေးဇူးပါ☺️☺️

စာလုံးပေါင်းမစစ်ရသေးလို့  အမှားရှိရင်လဲဖြည့်ဖတ်ပေးကြပါ RLထဲကိုထည့်ပေးကြလို့ ကျေးဇူးပါ☺️☺️

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
ချစ်ရသူ ခင်ပွန်း💘(Complete )Where stories live. Discover now