Part-21(Final)

9.1K 279 29
                                    


ရိပေါ်  ရှောင်းကျန့်အခန်းထဲကိုဝှီးချဲလေးတွန်းပီး ဝင်လာတဲ့အချိန် ကျန့်ကျန့်သတိရလာပီဆိုတဲ့ စကားကြောင့် ဝှီးချဲကိုသူ့လက်နဲ့အမြန်တွန်းပီး သူ့ကလေးရဲ့ကုတင်ဘေးကိုသွားတယ် အပူအပင်ကင်းကင်းနဲ့ အိပ်မောကြနေတဲ့ သူ့ကလေးလေးမျက်နှာလေးကိုကြည့်မဝ....

လက်ကိုဆုပ်ကိုင်လို့ အသံတိုးတိုးလေးခေါ်ကြည့်တယ်" ကလေးလေး...."

ရှောင်းကျန့်မျက်ခွံလေးတွေတဖျတ်ဖျတ်လှုပ်လို့ မျက်လုံးလေးဖြည်းဖြည်းချင်းဖွင့်ကြည့်တယ် ပထမဆုံးမြင်ရတာ ဆေးရုံရဲ့မျက်နှာကျက်"ဒါဆိုငါမသေသေးဖူးပေါ့....ဟင်...ဒါဆို ကိုကို..ကိုကိုရော..သူကငါ့ကိုကာကွယ်ပေးခဲ့တာ.."

အင့်.....ဟင့်.....(ရှိုက်သံတိုးတိုးလေးနဲ့ မျက်လုံးထောင့်ကမျက်ရည်ဆီးကျသွားတယ်)

"ကလေး...ကလေး ငိုနေတာလား...."ဟင် ဒါကိုကို့အသံ....ကိုယ့်အတွေးနဲ့ကိုယ်ငိုနေပီးကာမှ ရိပေါ်အသံကြားတော့ ရှောင်းကျန့် ရိပေါ်ဘက်ကိုလှည့်ကြည့်ပီး ကုတင်ပေါ်ကနေအတင်းထထိုင်ပီး ရိပေါ်ကိုအတင်းဖက်လို့ငိုတယ်

ရှောင်မား>>>>ဟဲ့ ခုမှသတိရလာတာလေ ဖြည်းဖြည်းဖက်ပါဟဲ့ အမေရှိတုန်းကတော့ တုတ်တုတ်တောင်မလှုပ်ဖူး နင်ခုနက အိပ်ချင်ယောင်များဆောင်နေတာလား ရှောင်ကျန့်ရယ်...😏

ရှောင်မားစကားကြောင့် Doctorနဲ့ အနီးနားကလူတွေကတော့ တဝါးဝါး ရယ်နေကြတယ်...

"ကိုကိုက မကောင်းဖူး ဘာလို့ကာကွယ်ပေးတာလဲ ဘာလို့လဲ???? "လွတ်ထွက်သွားမှာစိုးတဲ့အလား အတင်းဖက်ထားပီး အော်ငိုတဲ့ အကောင်ပေါက်လေးကို ရိပေါ်မှာ ပြန်ပွေ့ဖက်ပီးချော့နေရတယ်

"ဟုတ်တယ်....ကိုကိုမကောင်းဖူး..ကိုကိုကဆိုးလိုက်တာနော်..."အဲ့လိုပြောတော့ မျက်ရည်တွေပြည့်နေတဲ့ မျက်လုံးရွဲကြီးနဲ့ ရိပေါ်ကိုမော့ကြည့်တယ် "အဲ့လိုမဟုတ်ဖူး ကိုကိုကကောင်းတယ် ဆိုပီး ရင်ခွင်ထဲအတင်းတိုးပီးငိုနေပြန်တယ်"

ရိပေါ်ကတော့ သူ့အကောင်ပေါက်လေးကိုအသဲတေယားနေပီဖြစ်တယ် ပတ်ဝန်းကျင်ကိုဂရုမစိုက်ပဲ ရင်ခွင်ထဲထိဝင်ပီး အာဗြဲကြီးနဲ့အော်ငိုတဲ့ကလေးလေးက တော်တော်ကောင်းပါတယ် (ချစ်ဖို့..🌚)

ချစ်ရသူ ခင်ပွန်း💘(Complete )Where stories live. Discover now