Part-11

6.2K 254 10
                                        


Wang YiBo>>>ကလေး...
Xiao Zhan>>>ဟမ် ကော ချီထားရတာ ညောင်းနေပီလား
ကျွန်တော် အခန်းထဲဝင်အိပ်တော့မယ်နော်

        ရှောင်ကျန့် အိပ်ငိုက်လာတာနဲ့ သူ့အခန်းလေးကိုပြန်ဖို့
ထလိုက်တာနဲ့ ကောက သူ့ကိုကောက်ပွေ့လိုက်တာ အရုပ်ကလေးတရုပ်လိုပဲ ... အိပ်ငိုက်ပီဆိုလဲသွားအိပ်ကြတာပေါ့...ရိပေါ် သူတို့၂ယောက်ရဲ့ မင်္ဂလာဦးအခနိးလေးကိုဦးတည်လိုက်တယ်...

        ဒါကိုအကောင်ပေါက်လေးက အလိုက်မသိဖူး ဝမ်ကောအခန်းမှားနေပီ ကျွန်တော့အခန်းက ဟိုဘက်လေကောဆိုတော့ ကောကကိုယ့်အခန်းလေးကိုအလည်မလာချင်ဖူးလားတဲ့လေ....

       ပွေ့ချီထားရင်းကနေ ငုံ့မေးတာမို့ ရှက်ပီး ရင်ခွင်ထဲတိုးဝင်ရင်း ....သောက်နေကြဆေးတေယူမလို့ပါကောရဲ့ဆိုပီးပြောတဲ့ အကောင်ပေါက်လေးကို သဘောကျရပါ
တယ် ကိုယ်ပဲပို့ပေးမယ်ဆိုပီး သူ့အခန်းလေးထဲဝင်မှ
ရိပေါ်စိတ်မကောင်းတော့....

     ရှောင်ကျန့်အခန်းလေးထဲမှာ နှလုံးရောဂါအတွက် ဆေးကဒ်တေမျိုးစုံရယ် အောက်ဆီဂျင် ဘူးလေးရယ် အသင့်စားခေါက်ဆွဲဘူးလေးတေလဲ စီရီလို့....ရိပေါ် ဒီအခန်းကိုဝင်မကြည့်မိတဲ့ ကိုယ့်ကိုကိုယ်သာ အပြစ်တင်မိတော့တယ်

     ယူစရာရှိတဲ့ဆေးတေယူပီးတော့ ရိပေါ်ဘက်ကိုလှည့်ပီးပြောတယ် ဝမ်ကော ဒီဘက်ကိုကြည့်ဆိုလို့ ကြည့်မိတော့
ခုတင်ရဲ့ ခေါင်းရင်းမှာ သူတို့ရဲ့ မင်္ဂလာဦးပုံလေး သူ့အသိအမှတ်မပြုခဲ့တဲ့အရာတေကို ဒီကောင်လေးဆီမှာအများကြီးတွေ့ရတော့ ရိပေါ်ဝမ်းနည်းလာတယ်

    အကောင်ပေါက်လေးကို သူ့အခန်းထဲထိ လက်ဆွဲခေါ်လာပီး အခန်းထဲရောက်တာနဲ့ ရင်ခွင်ထဲကို ဆွဲဖက်ပီးငိုတယ်.....

Wang YiBo>>>ကော အရမ်းမှားသွားပီ တောင်းပန်ပါတယ် ကလေးရယ် ကောကိုခွင့်လွှတ်နော် ကောတောင်းပန်ပါတယ်
Xiao Zhan>>>ခွင့်လွှတ်ပါတယ် ကျွန်တော်က တောင်အားနာနေတာ ကောမချစ်ဘဲလက်ထပ်ခဲ့ရလို့

    မဟုတ်ဖူး ကောကလေ တကိုယ်ကောင်းဆန်ခဲ့တာပါ ကလေးရယ် ကောကို ခွင့်လွှတ်ပါဆိုပီး ငိုနေတော့ ရှောင်ကျန့် က ရိပေါ်ကို ဖက်ထားပီး ကျောလေးပုတ်လို့နှစ်သိမ့်ပေးရှာတယ်...

ချစ်ရသူ ခင်ပွန်း💘(Complete )Where stories live. Discover now