Part-20

5.6K 239 8
                                        

Flash Back.....

ဆေးရုံကားပေါ်မှာ သွေးတေသံတေကြားထဲက နေသတိပြန်လည်လာခဲ့တယ် ခန္ဓာကိုယ်တခုလုံး ရစရာမရှိအောင်ကို သွေးသံရဲရဲ နာကျင်နေပေမဲ့ သူသတိရမိတာက
"ကလေး😒....." ကလေး အဆင်ရောပြေရဲ့လား ထိခိုက်သွားသေးလား????

ဆေးရုံရဲ့ အိပ်စင်(တွန်းလှည်း)ပေါ်မှာ သတိရတချက်မရတချက်ဖြစ်နေတဲ့ရိပေါ်က သူ့ဘေးကနေ ဖြတ်သွားတဲ့ တွန်းလှည်းပေါ်ကကလေးရဲ့ အရိပ်ကလေးကိုမြင်လိုက်တော့ သူ့ဘေးက Doctorလက်ကို အားယူဆုပ်ကိုင်ရင်းမေးလိုက်တယ် "ဟိုလှည်းပေါ်ကလေ ကျွန်တော့အမျိုးသားပါ သူထိခိုက်မိသွားသေးလား စိုးရိမ်ရလား Doctor..."....

လူတွေက အသက်အန္တရာယ်နဲ့ကြုံလာတဲ့ အခါကိုယ့်ကိုကိုယ်အချစ်ဆုံးလို့ကြားဖူးပေမဲ့ သူ့ရှေ့မှာ မြင်နေတဲ့ လူသားက ကားတိုက်မှာကိုဝင်ခံရုံမက ပွန်းပဲ့မှာတောင်ကြောက်နေတာမြင်တော့ ဆရာဝန်ပေါက်စက ရိပေါ်ကိုအထင်ကြီးမိတယ် "သူကမထိခိုက်ပါဖူး အကိုဒါပေမဲ့ နှလုံးရောဂါသည်ထင်တယ် Heart Attack ဖြစ်သွားတာပါ"

ဆရာဝန်လေးစကားအဆုံး ရိပေါ်ဆုံးဖြတ်ချက်ချလိုက်တယ် "ဆရာ ကျွန်တော်အကူညီတခုတောင်းပါရစေ
သူ့ကိုပြနေကြဆရာကပြောဖူးတယ် သူနောက်တကြိမ်နှလုံးကိုထိခိုက်ရင် ခွဲစိတ်ပီးအစားထိုးပေးရမှာတဲ့ ခုကအဲ့ဒီနောက်တကြိမ်ပဲDoctor သူ့ကိုကျွန်တော့် နှလုံးနဲ့အစားထိုးပေးပါ.."💔

ကျွန်တော့်ရဲ့တောင်းဆိုမှုပါပဲ ......💔

တဖက်မှာလဲ Yang Ziရိပေါ်ကိုမြင်လို့ဆေးရုံတွန်းလှည်းရဲ့အနောက်ကိုလိုက်လာရင်းနဲ့ ရိပေါ်စကားတွေကြားတဲ့အခါ မျက်ရည်တေသာစီးကြလာခဲ့တယ် "အဲ့လောက်ချစ်ရသလား ကို ရယ်
ရှင်သန်ခြင်းကိုလဲလှယ်တဲ့ထိချစ်ရသလား..."YangZiရဲ့အတ္တတွေကြောင့်ဖြစ်ခဲ့ရတာပါ YangZiကိုတသက်လုံးချစ်မလာတော့ရင်တောင် တသက်လုံးသတိရနေပေးရမယ်နော် ဒါ ကို့အတွက် YangZiပေးမဲ့နောက်ဆုံးလက်ဆောင်လေးပါ.......(ဒီစကားတွေကိုသူရိပေါ်ကိုပြောမထွက်ခဲ့ပါဖူး စိတ်ထဲကပဲပြောခဲ့တာပါ)

Yang Zi>>>>ပျော်ရွှင်ချမ်းမြေ့ပါစေ.....အချစ်ရယ်....💔

ရိပေါ်ခွဲစိတ်ခန်းထဲမဝင်ခင် ရိပေါ်ကိုကုမဲ့ဆရာဝန်ကို ဆွဲထားပီးပြောလိုက်တယ် Doctor မသေသေးတဲ့ လူတယောက်ဆီက နှလုံးကိုယူလို့ရလား ယူရင်လူသတ်မှုမြောက်တာ Doctorသိပါတယ်နော်...YangZiအကြပ်ကိုင် သလိုပြောတဲ့အခါ Doctorက ဇောချွေးတွေပြန်နေပီဖြစ်တယ်

ချစ်ရသူ ခင်ပွန်း💘(Complete )Where stories live. Discover now