Part-9

5.6K 269 1
                                    


ရိပေါ် ပိုသည်းလာတဲ့ မိုးကြောင့် စိတ်တေပူနေပီ
အိမ်ကိုရော ပြန်ရဲ့လား အခန်းထဲမှာ လမ်းလျှောက်နေရင်းနဲ့ ပြူတင်းအပြင်ကို လှမ်းကြည့်မိတော့ ခြံရှေ့ က သစ်ပင်အောက်မှာ ဝိုးတဝါးအရိပ်လေး ရိပေါ်ဘာမှတွေးမနေတော့ အပေါ်အကျီတထည်ဆွဲယူပီး ခြံရှေ့ကို ပြေးထွက်လိုက်တော့ တွေ့ပါပီ မိုးရေထဲမှာ ခိုက်ခိုက်တုန်နေတဲ့ သူ့အကောင်ပေါက်လေး.....

Yi Bo>>>>"ရှောင်ကျန့် "... ဟာ ပြသနာပဲ မင်းတချိန်လုံးဒီမှာ ရှိနေခဲ့တာလား နေကောင်းတာလဲ မဟုတ်ဘဲနဲ့ကွာ
လာအိမ်ပြန်ရအောင်လို့ ခေါ်တော့ သူ့လက်ကိုပုတ်ချပစ်တယ် အကောင်ပေါက်လေး စိတ်ဆိုးနေပုံရတာနဲ့ ကုတ်အကျီကြီးကိုခြုံပေးပီး ပွေ့ယူလိုက်တယ်

ဒါကို ရှောင်ကျန့်ကရုန်းတယ် ခင်ဗျားအခုလွှတ် မချစ်ဘဲနဲ့အချိန်ကုန်ခံမနေနဲ့ ရောဂါသည်ဆိုတဲ့အကြောင်းပြချက်နဲ့ အလျှော့ပေးစရာမလိုဖူးဆိုပီး ငိုနေတော့တာ
အဲ့ဒါမှခက် ဖြူဖျော့နေတဲ့ကောင်လေးကိုကြည့်ပီး သူစိတ်တေပူလိုက်တာ.. ခက်ပါလား ကလေးရယ်

​အတင်းပွေ့ပီး ရင်ခွင်ထဲထည့်ထားတော့ သူ့ကလေးလေး သိမ့်သိမ့်တုန်အောင်ငိုနေတာ သူခံစားမိတယ် စိတ်ထဲမှာမကောင်းဖူး ဒီခလေးကို ငါဘာတေလုပ်မိပြန်တာလဲ??
အိမ်ထဲရောက်တော့ အိပ်ခန်းထဲ တန်းခေါ်သွားတယ်
ရေချိုးခန်းထဲထိပွေ့ယူပီး ရေစိုအဝတ်တေလဲပေးတော့
ရှက်ပီး မျက်နှာကြီးနီနေတဲ့ ကလေးကိုသူ့မှာကြည့်မဝ

တော်တော်ချစ်စရာကောင်းတဲ့ ကောင်လေး ငါဘာလို့မသိခဲ့ပါလိမ့် ငေးနေတာဘယ်လောက်ကြာသွားတယ်မသိ သူ့ရှေ့က အကောင်ပေါက်လေးက ရင်ဘတ်ကိုဖိပီး ထိုင်ချလိုက်မှ သူ့မှာ ပြူးပြူးပြာပြာ "ကလေး ကလေး
ဘာဖြစ်တာလဲ"???

Xiao Zhan>>>ဟမ် ဘယ်လိုခေါ်တာ ကလေးဆိုတာ ကျွန်တော်လား???"
YiBo>>>ဒါဆို ကလေးက မင်းမဟုတ်လို့ ငါလား??
ရိပေါ်ပြောပြောဆိုဆိုနဲ့ ပွေ့ချီလိုက်တယ် အေးစက်နေတဲ့ကိုယ်လေးရယ်ရှောင်ကျန့်က ရင်ဘတ်ကိုဖိထားပီး ခက်ခက်ခဲခဲ အသက်ရှုနေတဲ့ပုံရယ်က ရိပေါ် ဒီကောင်လေးကိုကြည့်ပီး မျက်ရည်တေကျလာတယ် ကိုယ်မှားပါတယ်ကလေးရယ်😔

ချစ်ရသူ ခင်ပွန်း💘(Complete )Where stories live. Discover now