DSOTP (6)

98 16 9
                                    

#ဒိုင်ယာရီစာအုပ်ရဲ့တစ်ရွက်စီတိုင်းကို[]ထောင့်ခွင်းနဲ့ပြပေးမယ်နော်ရှင်းအောင်လို့##

[ကျွန်တော်နာမည်ကson နိုင်ငံတကာဆက်ဆံရေးမေဂျာတတိယနှစ်ကျောင်းသား နဂိုကတည်းကအနေအေးပြီးတစ်ယောက်တည်းနေလေ့ရှိတာမို့‌အ‌ပေါင်းသင်းဆိုတာရှားတယ်မရှိတာဆိုပိုမှန်လိမ့်မယ်

ဒါမယ့်အခုကျွန်တော်လူတစ်ယောက်ကိုခင်ချင်တယ် ချစ်ချင်တာဆိုပိုမှန်လိမ့်မယ် သူ့နာမည်ကpinတဲ့ အင်ဂျင်နီယာမေဂျာပထမနှစ်က သူကိုကျွန်တော်လွန်ခဲ့တဲ့တစ်ပတ်လောက်ကစတွေ့ခဲ့တာ က‌ေလးတစ်ယောက်ကိုကားမတိုက်အောင်ကယ်ပေးခဲ့တဲ့သူကအရမ်းကြင်နာတတ်တယ် သူရဲ့အပြုံးကအေးချမ်းလွန်းတယ် ကျွန်တော်အရင်ကgayတစ်ယောက်မဟုတ်ခဲ့ဘူး ဒါပေမယ့်အခုနေကျွန်နော်gayလားမေးရင်ဟုတ်တယ်လို့ဖြေမယ် ကျွန်တော်သူ့ကိုချစ်တယ်]

Forget me notပန်းခင်းရဲခုံတန်းလေးမာထိုင်ရင်း အန်တီဆီကယူလာတဲ့ဒိုင်ယာရီစာအုပ်လေးကိုဖတ်နေတယ် ပထမတစ်မျက်နှာပြီးသွားပြီ စာထဲကအတိုင်းဆို sonကအရင်pinကိုချစ်ခဲ့တာပေါ့ နောက်တစ်ရွက်ကိုဆက်ဖတ်လိုက်တယ်

[ဒီနေ့ကမေဂျာပေါင်းစုံmoonပြိုင်ပွဲနေ့  pinကလည်းလည်းmoonတေထဲကတစ်ယောက်ပဲ တစ်ခြားmoonတေကိုသေချာမသိပေမယ့် pinဆိုတဲ့နတ်သားလေးကတော့တောက်ပနေတယ် သူငယ်ချင်းတွေကိုနဲ့ရီမောပြီးစကားပြောနေတာချစ်ဖို့ကောင်းလိုက်တာ အက်လောက်မရီပါနဲ့လား ကိုကိုသဝန်တိုလို့ပါ

ပွဲစတော့moonတွေကတစ်ယောက်ချင်းစီစင်ပေါ်မှာဖျော်ဖြေကြတယ် တစ်ခြားလူတေဘာဖျော်ဖြေလို့ဘာစကားပြောလိုက်မှန်းသေချာမသိပေမယ့်pinအလှည့်ကိုတော့သေချာလိုက်ကြည့်မိသည် ဘယ်လိုတောင်ပြီးပြည့်စုံနေရတာလည်း ဟာကွက်မရှိတဲ့ကပြမှုနဲ့ချိုသာတဲ့အသံကmoonတစ်ယောက်ရှိသင့်တဲ့အရည်အချင်းထက်ကိုပိုနေတယ်

ပွဲတင်ဆက်သူကအနိုင်ရတဲ့moon‌ေတွကိုကြေညာတဲ့အခါအကုန်လုံးထက်ပိုစိတ်လှုပ်ရှားရတဲ့သူကson  သိသမျှဘုရားရောတရားရောကိုသူ့မှာတရတာကအမော

"ဒီနှစ်ရဲ့မေဂျာပေါင်းစုံ The whole moonကတော့.......Pin..ဖြစ်ပါတယ်"

Yayyyy ပျော်လိုက်တာ!!!!

Dark Side Of The PastWhere stories live. Discover now