Uni
အတိတ်ရဲ့နေ့တစ်ချို့က တကယ်ကိုပျော်ရွှင်မှုတေနဲ့ပြည့်နေခဲ့ပါတယ် မိဘတေကလိင်တူကြိုက်ရမလားဆိုပြီးပစ်တင်ရှုံချပြီးအဝေးကိုတွန်းပို့တော့ချစ်ရသူကသူ့ရဲ့ရင်ခွင်နွေးနွေးလေးဆီကိုကြင်နာစွာပဲခိုလှုံခွင့်ပေးခဲ့တယ် အက်ဒီလိုပဲသူပင်ပန်းတဲ့အချိန်တိုင်းမာအရာရာထူးချွန်တဲ့ထိုကောင်လေးကသူအကျွမ်းကျင်ဆုံးဖြစ်တဲ့sonဆိုတဲ့လူသားကိုပျော်ရွှင်အောင်လုပ်ပေးခြင်းဆိုတဲ့တာဝန်ကိုအပြည့်အဝဆောင်ရွက်ပေးခဲ့တယ် မင်းကိုပိုင်ဆိုင်ခဲ့ခြင်းကြောင့်အရာရာကိုငါစွန့်လွှတ်နိုင်ခဲ့ပြီ ကိုကိုရဲ့မောင်.....
"မောင် ကိုကိုအိပ်မပျော်ဘူး"
"ဟင် ဘာလို့လဲကိုကိုရဲ့ ကျွန်တော်ဖက်ထားတယ်လေ ခါတိုင်းကျွန်တော်ဖက်ထားပေးရင်အိပ်ပျော်တယ်ဆို"
"ဟုတ်တယ်လေ ဒီနေ့တော့ဘာလ့်ုလဲမသိဘူးစိတ်ထဲမှာတစ်ခုခုကိုလွမ်းနေသလိုကြီး"
"ကျွန်တော်တောင်းပန်ပါတယ်"
"ကိုကိုအိပ်မပျော်တာကို မောင်ကဘာအပြစ်မှမလုပ်ထားပဲဘာလို့တောင်းပန်တာ"
"ကျွန်တော့်ကိုရွေးချယ်ခဲ့လို့ ကိုကို့မိဘတေကကိုကို့ကိုစွန့်ပစ်လိုက်တာမလား အခုကိုကိုသူတို့ကိုလွမ်းနေပြီးအိပ်မပျော်တာမလား"
ဒီကလေးဘယ်လိုတောင်တွေးတတ်လိုက်တာလည်း လွမ်းသလိုဆိုပြီးစိတ်ထဲမာရှိတဲ့အတိုင်းပြောလိုက်ပေမယ့်သူကိုယ်တိုင်တောင်ဘာလွမ်းလို့လွမ်းမှန်းမသိဘူး သေချာတာကတော့ကိုယ့်သားသမီးဖြသ်တည်မှုကိုမှလက်မခံနိုင်တဲ့မိဘမို့လွမ်းစိတ်ထက်စိတ်နာမိတာကပိုမယ်ထင်တယ် ဒါကိုသူကအရာရာကိုသူ့အပြစ်ဆိုပြီးတန်းကိုတောင်းပန်နေတော့တာပဲ သူနဲ့ပတ်သတ်ရင်ထိခိုက်လွယ်တဲ့ဒီကလေးကိုသူမရိှေတာ့ရင်ဘယ်လိုတောင်စိတ်ချခဲ့ရမလဲ
"ကိုကိုကသူ့တို့ကိုလွမ်းတယ်လို့ဘယ်သူကပြောလဲ သူတို့တောင်ကိုကို့ကိုမလိုချင်တာကိုကိုလည်းလွမ်းမနေပါဘူး"
"ဘာပဲဖြစ်ဖြစ်ကျွန်တော်ကြောင့်ကိုကိုတို့မိသားစုပြသနာတက်ရတာမလား မိဘတွေရဲ့တန်ဖိုးကိုမိဘမရှိတော့တဲ့ကျွန်တော်ကပိုပြီးနားလည်တယ် အက်ကြောင့်လည်းပိုအားနာရတယ်"