Uni
Kaiစိတ်တွေရှုပ်ထွေးနေပြီ ဘာလို့အခုထိတရားခံမမိသေးတာလဲ လက်အိတ်တောင်မသုံးပဲသတ်သွားတာကို အခုထိရှာမတွေ့သေးတာဘာကြောင့်လဲ sonလို့မယုံကြည်ချင်ပေမယ့်ယုံကြည်ချင်အောင်ကိုအဖြစ်အပျက်တေကသိပ်ကိုအြံ့ဩဖို့ကောင်းလှတယ် ရဲတေကတောင်လက်လျော့ချင်နေပြီ သံသယရှိတဲ့လူတေအကုန်စစ်ပြီးပေမယ့်အခုထိဘယ်သူမှကိုတရားခံနဲ့တူတဲ့လက်ဗွေရာမရှိဘူးတဲ့လေ"အကို သံပရာရည်လေးသောက်လိုက်ပါဦး"
"ထားခဲ့လေ အကိုပြီးရင်သောက်လိုက်မယ်"
"အများကြီးလျောက်မတွေးပါနဲ့ အခုအကိုဘယ်လိုခံစားနေရမလဲကျမသိပါတယ် ဒါမယ့်အကို့ကျန်းမာရေးကိုလည်းဂရုစိုက်ဦးမှပေါ့"
"ဒီမယ်Nan မင်းဟာအကို့မိန်းမဆိုပေမယ့်အကိုတို့မတတ်သာလို့လက်ထပ်ခဲ့ကြတယ်ဆိုတာမင်းသိပါတယ် နောက်ဆိုအကို့ကိုဟိုဟာမလုပ်နဲ့ဒီဟာမလုက်နဲ့ဆိုပြီးမင်းလာမပြောပါနဲ့"
"အကို ကျမကိုအခုထိလက်မခံနိုင်သေးဘူးလား"
"သမီးကိုလက်ခံပြီးချစ်ပေးခဲ့ရင်တော်ရောပေါ့ အကိုအတွက်အချစ်ဆိုတာသူတစ်ယောက်ထဲအတွက်ပဲ"
"ထားလိုက်ပါတော့ အကိုပြောတဲ့သူဆိုတာကိုကျမမမြင်ဘူးပေမယ့်သိပ်ကိုမုန်းမိတယ်သိလား "
"မင်းမှာသူ့ကိုမုန်းခွင့်မရှိဘူး မုနး်ရင်တောင်ငါကပဲမုန်းမယ် တစ်ခြားသူမမုန်းရဘူး"
"အဟက် တရားဖို့ကောင်းလိုက်တာ ကျမတစ်ဘဝလုံးကိုအက်နေ့ကတည်းကရှင့်ကိုအပိုင်ပေးခဲ့ပေမယ့်ရှင်ကတော့အက်မိန်းမကိုပဲမျှော်နေတဲ့အပြင်အခုလည်းမုန်းတာတောင်လိုက်ဟန့်တားနေတယ်"
"သူကမိန်းမတစ်ယောက်မဟုတ်ဘူး"
"ဟမ်"
"သူကယောကျာ်းတစ်ယောက် ယောကျာ်းတောင်မှဆိုင်သူရှိပြီးသားယောကျာ်းတစ်ယောက်"
သူဆိုင်သူဟာလည်းယောကျာ်းတစ်ယောက်ဆိုတာတော့မပြောဖြစ်ခဲ့ သူပဲအထင်သေးခံရရင်တော့ပြီလေ sonကတော့မဖြစ်ဘူး
"ကျွန်မနားမလည်တော့ဘူး"
"သိချင်တယ်မလား အကုန်ပြောပြမယ် ငါဆိုတဲ့ကောင်ကဆိုင်သူရှိပြီးသားယောကျာ်းတစ်ယောက်ကိုချစ်မိခဲ့တာ မင်းနဲ့ဖြစ်ခဲ့တဲ့နေကလည်းသူနဲ့သူ့ဆိုင်သူသေတဲ့နေပဲ အက်ကြောင့်အမူးလွန်ပြီးမင်းနဲ့ဖြစ်ခဲ့တာ"