DSOTP (27)

68 9 13
                                    


Uni

"ကိုကို မနက်ကကျွန်တော်ပေးတဲ့ပန်းကိုသဘောကျရဲ့လား"

"အင်း အရမ်းပဲ"

"ကျွန်တော်မျိုးစေ့တွေပါဝယ်လာခဲ့တယ် မနက်ပိုင်းစိုက်ရပေမယ့်ကိုကိုတဲ့အတူတူစိုက်ချင်လို့စောင့်နေတာ"

"အကဲပိုလေး ကိုကို့အကြိုက်တေသိနေတယ်ပေါ့ဟုတ်လား"

"ဒါပေါ့ ကျွန်တော်ကကိုကိုပျော်‌ေစမယ်ထင်တဲ့အရာတိုင်းကိုသိတယ်"

"ဘယ်နားမှာစိုက်ကြမလဲ"

"‌ခြံရှေ့ရောခြံနောက်ရောခွဲစိုက်ကြမယ်လေ"

"အင်း"
Perthကအဝတ်စားဝင်လဲပြီးတော့မှနှစ်ယောက်သားခြံထဲဆင်းလာလိုက်ကြတယ် မီးတိုင်တွေလဲထားတာ‌ေကြာင့်မီးရောင်ရတဲ့အပြင်လသာသာနဲ့ကြယ်ရောင်စုံကတလက်လက်တို့ကြောင့်သာယာဖွယ်အတိ

"ကိုကိုရှိလို့ထင်တယ် အရာရာတိုင်းကသိပ်လှနေတာ"

"သူ့ဘာသာအစကတည်းကလှနေတာကို လာအပစ်စိုက်ဖို့မြေတူး"

"ဟုတ်ကဲ့"

ဒီလိုနဲ့ပင်နှစ်ယောက်အတူအပင်စိုက်ခြင်းမာperthကမြေတူး perthကမျိုးစေ့ချ အပင်ရေလောင်းတာကperth အကုန်လုံးperthတစ်ယောက်ထဲတစ်ညီလုပ်ရင်း ပြီးဆုံးသွားတယ်

Sonကတော့ဘေးကနေပွစိပွစိပြောရင်းနဲ့ကူညီရှာပါတယ် တစ်ချက်တစ်ချက်သူမထင်ရင် ခေါင်းကိုတစ်ချက်ချက်ထခေါက်လိုက်သေးတာ နောက်ရက်မှဆရာဝန်ပြကြည့်ရမယ်ခေါင်းခေါက်ပါများပြီးဦးနှောက်ထဲအကြိတ်တည်နေသလားလို့

အပင်စိုက်ပြီးတော့အိမ်ထဲတန်းမဝင်ပဲခြံထဲမာလမ်းလျှောက်ဖြစ်ကြတယ်

"နေ့တိုင်းသာအခုလိုလေးဆိုကောင်းမှာနော်"

"ကိုကိုသာရှိရင်ဘယ်အချိန်ဘယ်နေရာမဆိုကျွန်တော့်အတွက်အတူတူပါပဲ"

"ဒါမယ့်အမြဲတမ်းဒီလိုနေလို့မှမရတာ လောကမှာအချစ်ရှိနေရုံနဲ့ပြည့်စုံတယ်ဆိုတာအမှန်မဟုတ်ဘူးမောင်ရဲ့ အခြေနေနဲ့အချိန်ခါနဲ့ဆိုတာတွေလဲလိုသေးတယ် ကိုကိုတို့ဒီတိုင်းပဲအမြဲနေလို့မရဘူးလေ"

Dark Side Of The PastWhere stories live. Discover now