အခုရက်ပိုင်းမှာစာရေးဖို့အတွက်ပဲအာရုဏ်စိုက်ထားတာကြောင့် perthအပြင်မထွက်ဖြစ်တာတောင်တော်တော်ကြာနေပြီ ဒီနေ့တော့ရေးလက်စစာမူကိုလည်းလက်စသက်ပြီးပြီဆိုတော့စာအုပ်တိုက်ကိုစာမူသွားအပ်ရင်းmeanတို့ဆီပါလည်ဖို့တွေးလိုက်မိသည် အခုတစ်လောmeanတို့နဲ့မတွေ့ဖြစ်တာကြာနေပြီမလား
"Sonရေကျွန်တော်အပြင်သွားလိုက်ဦးမယ်ညနေလောက်မှပြန်လာတော့မယ် ကျွန်တော်မရှိတုန်းအိမ်ကိုစောင့်ရှောက်ပေးထားဦးနော်"
Sonကြားလားမကြားလားမသိပေမယ့် အပြင်သွားခါနီးအိမ်မာရှိတဲ့လူတွေကိုနှုတ်ဆက်သလိုမျိုးprethအသံကျယ်ကျယ်အော်ပြီးသာနှုတ်ဆက်မိသည်
########################
"ဟယ်လို meanငါအခုမင်းတို့ရုံးရှေ့မှာ""............."
"အေး အက်ဆိုငါမင်းရုံးခန်းထဲပဲလာခဲ့တော့မယ် ဒါပဲနော်"
Perrhရုံးခန်းထဲရောက်တော့
"ဘယ်လိုလဲ ငါ့သူငယ်ချင်းကြီးအသည်းကွဲနေတာပြန်အဆင်ပြေသွားပြီလား ငါဖြင့်မင်းအသက်ဝောာင်ရှိသေးရဲ့လားလို့""ပြေပါတယ် တစ်ခါတစ်ခါတော့သတိရမိတာပေါ့"
"အေးပေါ့ကွာ ငါနဲ့planတောင်မှမင်းစိတ်ညစ်နေမာသိလို့အခုရက်ပိုင်းမဆက်သွယ်တာကွ မင်းကလည်းနည်းနည်းမှတောင်ဖုန်းမဆက်ဘူး"
"စိတ်ညစ်ဖို့အချိန်မရှိပါဘူးကွာ တွေအပ်ဖို့နောက်ကျနေလို့ငါစာရေးတဲ့အထဲပဲအာရုဏ်ထည့်ထားတာ အခုတောင်စာမူပြီးလို့စာတိုက်သွားရင်းမင်းတို့နဲ့မတွေ့တာကြာလို့လာလည်တာ"
"Planဆီရောရောက်ခဲ့ပြီးပြီလား"
"မရောက်သေးဘူးလေ မင်းကိုအရင်လာခေါ်တာ ပြီးမှတစ်ခါတည်းစာမူဝင်အပ်ပြီးplanဆီသွားမလို့"
"ငါမလိုက်တော့ဘူး မနေ့ညကသူနဲ့ငါစကားများထားလို့"
"ဘယ်လိုဖြစ်ကြတာလဲ"
"ဘာမှမဟုတ်ပါဘူးကွာ သူကိုကငါအလိုလိုက်မှန်းသိလို့အနိုင်ယူချင်နေတာ မှတ်လောက်အောင်ကိုပစ်ထားဦးမယ်"
"ချော့လိုက်ပါကွာပြီးရင်နေနိုင်တာလဲမဟုတ်ပဲနဲ့ကို"
"ဘာလို့မနေနိုင်ရမာလဲ သူတင်းကိုယ်တင်းပဲ"