part-16

662 39 0
                                    

အက်ဆစ်ချိုအချစ်ပြင်း
part-16
flash back

ဝမ်ချင်တို့မောင်နှမနှစ်ယောက်သူတို့ရဲ့နေအိမ်လေးကိုအပေါင်အဖြစ်ထား ထားတဲ့အိမ်၊ခြံ၊မြေအပေါင်ခံတဲ့သူဌေးလန်ဖေ့ဆီမှာစျေးရသလောက်နဲ့ရောင်းချခဲ့ပြီးတရုတ်တန်းရပ်ကွက်လေးကိုစွန့်ခွာကျောခိုင်းလာခဲ့သည်မှာအခုဆိုရင်(7)လနီးပါးလောက်ရှိနေပါပြီ

ပါးရဲ့တဦးတည်းသောဆွေမျိုးရင်းချာညီမဖြစ်သူဒေါ်လေးလုတို့နေထိုင်တဲ့ရင်ဟွားရွာလေးမှာမောင်နှမနှစ်ယောက်သွားရောက်အခြေချရင်းဘဝသစ်ကိုစိတ်သစ်လူသစ်နဲ့အစပြုလိုက်ကြပါတော့တယ်

မြို့နဲ့ဝေးသီခေါင်လှတဲ့ရင်ဟွားရွာလေမှာတိုးတက်မှုအားနည်းလှပေမဲ့ရွာသူရွာသားတွေရဲ့ရိုးသားပွင့်လင်းကူညီတတ်တဲ့စရိုက်တွေကြောင့်ဝမ်ချင်တို့အတွက်နေပျော်စရာလောကသစ်ကြီးတခုကိုရောက်နေရသလိုပါဘဲ

ဒေါ်လေးလုမှာဝမ်ချောင်လေးလို့ခေါ်တဲ့သားတယောက်ရှိပါတယ်
ဝမ်ချင်ထက်နှစ် နှစ်လောက်ကြီးပြီရိပေါ်ထက်ခြောက်နှစ်လောက်ကြီးတဲ့အကိုဝမ်းကွဲတော်စပ်သူပါ
အကိုဝမ်ချောင်လေးကတော့ရိပေါ်တို့ရဲ့အဖေဝမ်ချောင်ရဲ့အမွေကိုသိမ်းကြုံးဆက်ခံထားသူလို့ဆိုရပါမယ်
အရက်လေးတမြမြနဲ့ဇိမ်ကျရတဲ့ဘဝကိုနှစ်သက်ရသူပါ
ဒါကြောင့်ရွာကလူတွေကရိပေါ်တို့ရဲ့အဖေကိုဝမ်ချောင်ကြီးအကိုဝမ်ကွဲတော်စပ်သူကိုဝမ်ချောင်လေးလို့ခေါ်တွင်ကြပါတယ်
အကိုဝမ်ချောင်လေးကတော့ပြီးခဲ့တဲ့(1)လလောက်ကမှမြို့ပေါ်မှာအလုပ်ရတယ်ဆိုပြီးမြို့ကိုတက်သွားလိုက်တာအခုထိရွာကိုခြေဦးပြန်မလှည့်လာသေးပါ

ရိပေါ်တို့ရဲ့အဖေဝမ်ချောင်က မားနဲ့အိမ်ထောင်ကျပြီးကတည်းကတပြည်တရွာမှာအခြေချလိုက်တာကြောင့်ရွာနဲ့ကင်းကွာသွားလိုက်တာသေတဲ့အချိန်အထိလို့ဆိုရမှာပါဘဲ

ရိပေါ်တို့ကမြို့မှာတင်မွေးတာမို့ရွာနဲ့ရင်းနှီးကျွမ်းဝင်မှုမရှိရတာမဆန်းလှပါ

ဝမ်ချင်ကတော့ငယ်စဥ်အခါကမားနဲ့ရွာကိုအလည်တခေါက်ရောက်ဖူးတာမို့ရွာမှာအဖေ့ညီမဒေါ်လေးရှိကြောင့်သိထားရတာပါ

အက်ဆစ်ချိုအချစ်ပြင်း (completed)Место, где живут истории. Откройте их для себя