part-4 (Zawgyi)

197 16 0
                                    

part-4
     လင်းရောင်ခြည်တွေပျိုလက်နေတဲ့နံနက်ခင်းရဲ့ဖူးသစ်စနေခြည်နုလေးအောက်မှာတော့တလှုပ်လှုပ်နဲ့အပြေးလေ့ကျင့်ခန်းလုပ်နေတဲ့ကောင်ငယ်ချောလေးနှစ်ယောက်

ဖက်ဖူးစိမ်းရောင်တီရှပ်လေးနဲ့အဖြူရောင်အားကစားဘောင်းဘီလေးကိုဖြူဝင်းနေတဲ့အသားရည်လေးနဲ့လိုက်ဖက်လွန်းလှစွာဝတ်ဆင်ထားရင်းနဲ့နုပျိုလွင်နေတဲ့ကောင်လေးကတော့ဝမ်ရိပေါ်

သူနဲ့မလှမ်းတလှမ်းလေးနောက်ကနေဖြေးဖြေးလေးပြေးလိုက်လာရင်းစတော်ဘယ်ရီရောင်တီရှပ်နီစိုစိုလေးနဲ့ဘောင်းဘီအနက်လေးကိုစိုနုဝင်းနေတဲ့အသားလေးနဲ့လိုက်ဖက်ညီစွာပေါင်းစပ်ထားပြီးနုဥနေအောင်ချောမောလှတဲ့ကောင်လေးကတော့ရှောင်ကျန့်

D ကသူ့ကိုအပြေးလေ့ကျင့်ရာမှာခေါ်လဲမခေါ်သလိုလိုက်လဲမလိုက်နဲ့လို့မပြောတာမို့ရှောင်ကျန့်ကတော့ D အပြေးလေ့ကျင့်တိုင်းနောက်ကနေလိုက်ပြီးအတူတူအပြေးလေ့ကျင့်နေမိတယ်

D ရဲ့နောက်ကနေအရိပ်ကလေးလိုကပ်လိုက်နေရတာကိုဘဲရှောင်ကျန့်ရင်သိမ့်ကြည်နူးနေရပါပြီ

D ခုတလောသူ့အပေါ်အရမ်းကြီးမစိမ်းသက်တော့သလိုသူ့အတွက်အဝတ်အစားသစ်တွေကိုလဲဝယ်ပေးသေးတယ်

D ဝယ်ပေးထားတဲ့အဝတ်အစားလေးတွေဝတ်ပြီး D ကိုအသိအမှတ်ပြုကျေးဇူးတင်ကြောင်းလေးပြချင်နေမိတယ်

သူ့အတွေးမဆုံးခင်မှာ D ကတော့အပြေးလေ့ကျင့်တာကိုရပ်ပြီးစံအိမ်ကြီးရှိရာသို့ပြန်သွားခဲ့ပါပြီ

ရှောင်ကျန့်လဲရိပေါ်နောက်ကိုခပ်သွက်သွက်လေးပြေးလိုက်သွားပါတော့တယ်

ရှောင်ကျန့်သူအိမ်ထဲဝင်သွားတော့ D ကမနက်စာတောင်စားနေပြီ

ရှောင်ကျန့်လဲ D ရှေ့ကခုံလေးမှာဝင်ထိုင်လိုက်ရင်းမနက်စာစားဖို့ပြင်ဆင်လိုက်ပါတော့တယ်

ရိပေါ်----G မနက်စာစားပြီးတာနဲ့ဧည့်ခန်းကိုလာခဲ့
ငါမင်းနဲ့စကားပြောစရာရှိတယ်

D ကပြောပြီးပြီးချင်းထထွက်သွားတာမို့ရှောင်ကျန့်အဖြေပြန်မပေးလိုက်ရ

အက်ဆစ်ချိုအချစ်ပြင်း (completed)Wo Geschichten leben. Entdecke jetzt