part-11 (Zawgyi)

150 11 0
                                    

part-11
flash back

ဝမ်ချင်အလိုလိုနေရင်းကစိတ်တွေလေးလံနေရတာမို့အလုပ်သာလုပ်နေရပေမဲ့စိတ်ကသိပ်မပါလှ

အကြောင်းပြချက်မယ်မယ်ရရမရှိဘဲလေးလံထိုင်းမှိုင်းနေတဲ့စိတ်ကြီးကြောင့်နေရထိုင်ရတာကသိကအောင့်ကြီးဖြစ်နေမိတယ်

ကျောင်းကပြန်လာရင်ဆာတတ်တဲ့သူ့မောင်လေးရိပေါ်စားဖို့သေသေချာချာလေးကြော်ထားပေးတဲ့ဝက်ချိုချဉ်ကြော်ပန်းကန်လေးကိုတချက်လှမ်းကြည့်လိုက်ရင်းရိပေါ်ပြန်လာမဲ့လမ်းလေးကိုမျှော်ကြည့်လိုက်မိတယ်

မောင်လေးဒီနေ့ဘာလို့နောက်ကျနေတာပါလိမ့်

ဝမ်ချင်တွေးလိုက်ရင်းထိုင်စောင့်မနေနိုင်တော့တာမို့အိမ်ရှေ့လမ်းမပေါ်ကိုထွက်လာခဲ့လိုက်ပြီးရိပေါ်ပြန်လာနိုးနဲ့လမ်းထိပ်လေးဆီကိုမျှော်ကြည့်လိုက်မိပြန်ပါတယ်

ကျဲကျဲ....ကျဲကျဲရေ....ကျဲကျဲ

သူ့ကိုတကြော်ကြော်လှမ်းအော်ရင်းစက်ဘီးကိုအတင်းနင်းလာနေတဲ့ရှောင်ကျစ်ကိုတွေ့လိုက်ရတယ်

ရှောင်ကျစ်ကရိပေါ်နဲ့တကျောင်းတည်းအတန်းလဲအတူတူတက်နေတဲ့ရိပေါ်ရဲ့သူငယ်ချင်းပါ

ဝမ်ချင် ရှောင်ကျစ်ရဲ့သုတ်သီးသုတ်ပြာအမူအရာကြောင့်ရင်ထဲမှာထိတ်ကနဲဖြစ်သွားမိတယ်

ရှောင်ကျစ်ကျောင်းဆင်းလာပြီလား
ရိပေါ်...ရိပေါ်ကောပြန်မလာသေးဘူးလား

ဝမ်ချင် ရှောင်ကျစ်ကိုအလျင်စလိုလေးမေးလိုက်မိတယ်

ကျဲကျဲ....ဟောဟဲ....ဟောဟဲ....ကျဲ

ရှောင်ကျစ်စက်ဘီးကိုအတင်းနင်းလာရတာမို့မောပြီးတော်တော်နဲ့စကားမပြောနိုင်

ကျဲ....ကျဲကျဲ ရိပေါ်...ရိပေါ်ကားတိုက်ခံရလို့

ဟင်....အမလေး.....ဝမ်ချင်ဒိုင်းကနဲဆောင့်တက်လာတဲ့စိုးရိမ်စိတ်တွေနဲ့အတူသူ့ရင်ဘတ်လေးကိုလက်နဲ့ဖိလိုက်မိတယ်

ဘာ....ဘာဖြစ်တယ်ရှောင်ကျစ်
ရှောင်ကျစ် ရိပေါ်ဘာဖြစ်သွားသေးလဲ....ဘာဖြစ်သွားသေးလဲဟင်
ငါ့ကိုမြန်မြန်ပြောစမ်းပါဟယ်

အက်ဆစ်ချိုအချစ်ပြင်း (completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ