part-14

655 43 0
                                    

အက်ဆစ်ချိုအချစ်ပြင်း
part-14
flash back

ဝမ်ချင်ဆေးခန်းကပြန်လာရာလမ်းတလျှောက်မှာကြည့်လေသမျှအရာရာဟာမှောင်မိုင်ခြင်းတွေနဲ့သာကြီးစိုးနေရပါတယ်

အားအင်ပြတ်လပ်နေတဲ့ခြေထောက်သွယ်လေးနှစ်ဖက်မှာလဲလမ်းပေါ်မှာတရွတ်ဆွဲမတတ်မနည်းအားတင်းကာလျှောက်လှမ်းနေရပါတယ်

ဝမ်ချင်အပူမောတွေဆို့ဆို့တက်လာတဲ့ရင်လေးကိုအသာဖိလိုက်ရင်းတချက်လေးကြိတ်ရှိုက်လိုက်မိပါတယ်

ကြိတ်ရှိုက်လိုက်တိုင်းနင့်နင့်နဲနဲကြီးနာကျင်သွားရတဲ့ရင်ခွင်လေးမှာအပူနာတွေကသာပြန့်ပွားလာတာမို့ဆစ်ဆစ်တက်လာတဲ့ဝေဒနာတွေကိုကြိတ်မှိတ်ခံစားရင်းရှေ့ဆက်လှမ်းဖို့အတွက်မတန်လှတဲ့အားလေးနဲ့မာန်တင်းကာလျှောက်လှမ်းနေမိပါတယ်
ဝမ်ချင်ရဲ့ဘဝကအနာကိုသာသိပြီးကုဖို့ဆေးရှာမရတဲ့အဖြစ်ပါလားလေ

ဝမ်ချင်အိမ်ကိုပြန်ရောက်တော့လက်နဲ့အိမ်တံခါးလေးကိုအားယူထိန်းကိုင်လိုက်ရင်းနွမ်းဖျော့အပူဟပ်နေတဲ့မျက်နှာလေးကိုကြိုးစားပြင်လိုက်မိတယ်

ဝေဒနာတွေတောက်လောင်နေတဲ့အပူမီးတွေကိုသူ့မောင်လေးသိရှိသွားမှာမလိုလားရပါ

ရိပေါ်မှိန်းနေရာမှအခန်းထဲဝင်လာတဲ့ခြေသံကြောင့်မျက်လုံးလေးကိုအသာဖွင့်ကြည့်လိုက်မိတယ်

မောင်လေးနေသာရဲ့လားဟင်

ဟုတ်.....ကျဲ
ကျဲ...ဒီနေ့ပြန်လာတာစောတယ်နော်

ဝမ်ချင်မချိပြုံးလေးပြုံးလိုက်ရင်း
ဟုတ်တယ်မောင်လေးမမအလုပ်စောစောပြီးသွားလို့
မောင်လေးမမအပြင်ခဏသွားလိုက်ဦးမယ်နော်
မောင်လေးအတွက်မမဘာဝယ်ခဲ့ပေးရဦးမလဲဟင်
မောင်လေးဘာစားချင်လဲ

ရပါတယ်ကျဲရယ်......ကျွန်တော်ကလူမမာဆိုပေမဲ့ဖျားနာနေတာမှမဟုတ်တာရှိတာစားလို့ရပါတယ်
ကျဲကျွန်တော့အတွက်စိတ်မပူနဲ့နော်

ဒါဆိုရင်မမသွားလိုက်ဦးမယ်မောင်လေး
မမသိပ်မကြာပါဘူး...အမြန်ပြန်လာခဲ့မှာပါ

ဝမ်ချင် ရိပေါ်ကိုပြောလိုက်ရင်းသူ့အခန်းလေးထဲကိုဝင်လာခဲ့လိုက်ကာပိုက်ဆံအိတ်လေးကိုလှမ်းယူလိုက်ပြီးအိမ်ထဲကနေသွက်သွက်လေးထွက်လာခဲ့လိုက်ပါတယ်

အက်ဆစ်ချိုအချစ်ပြင်း (completed)حيث تعيش القصص. اكتشف الآن