part-34 (Unicode)

474 29 5
                                    

🎟️အက်ဆစ်ချိုအချစ်ပြင်း🎟️
🎫part-34🎫

ပုဇွန်ဆီရောင်သန်းလာတဲ့မှိုင်းပြပြကောင်းကင်ပြင်ကြီးကအမှောင်ကန့်လန့်ကာကိုရုတ်သိမ်းရင်းတစတစနဲ့နံနက်
အာရုဏ်ဦးရဲ့အလှကိုဖွင့်လှစ်ပြသလို့လာခဲ့ပါပြီ။

အလင်းဖျော့နေသေးတဲ့အာကာတခွင်မှာဟိုတကွက်ဒီတကွက်စွန်းထင်းလာတဲ့ကျဲတောက်တောက်အရောင်တချို့ကအနားသတ်မညီတဲ့စိတ္တဇပန်းချီကားတချပ်လိုပြီးပြည့်စုံမှုမရှိနိုင်သေး။

ဖန်တီးယူလို့မရတဲ့သဘာဝတရားကြီးထဲမှာအံဝင်ဂွင်ကျဖြစ်အောင်နေထိုင်နေရတဲ့လူသားတို့မှာလည်းလွယ်ကူမှုမရှိသလို;;;;;
လောကရဲ့အနားသတ်ဘောင်ကြီးထဲမှာကံကြမ္မာဆိုတဲ့ပန်းချီဆရာကြီးရဲ့ပုံဖေါ်ဖန်တီးမှုတွေကြားကစိတ်သဏ္ဍာန်မတူညီတဲ့ရောင်စုံလူသားတွေအဖြစ်နဲ့ဘဝဆိုတဲ့ပန်းချီကားချပ်ကြီးထဲမှာသက်ဝင်လှုပ်ရှားနေကြရတယ်။

ကေကေတယောက်အလင်းလဲ့လဲ့ဖြာထွက်လာတဲ့ကောင်းကင်ပြင်ကြီးကိုအဓိပ္ပါယ်ပါပါကြည့်ရင်းအရောင်တချို့စွန်းထင်းလာတဲ့သူမရဲ့စိတ်ဝိညာဥ်မှာလိပ်ပြာငယ်လေးတကောင်လိုရည်ရွယ်ရာဆီကိုလွတ်လပ်ပေါ့ပါးစွာပျံသန်းနေပါတော့တယ်။

တညလုံးအပြန်ပြန်အလှန်လှန်စဥ်းစားသုံးသပ်ပြီးသွားတဲ့အခါမှာတော့ကေကေသူဘာကိုလိုချင်နေတာလဲ၊ဘာကိုလိုအပ်နေတာလဲဆိုတာကိုရှင်းရှင်းလင်းလင်းကြီးသိမြင်လို့သွားပါပြီ။

ကေကေသူမရဲ့နှုတ်ခမ်းဖျားမှာရေခဲရိုက်ထားတဲ့အေးစက်စက်အပြုံးတပွင့်ကိုဖန်တီးမိလိုက်ရင်းပိုင်ဆိုင်ခွင့်မရနိုင်တော့တဲ့အရာတခုကိုအပြီးအပိုင်စွန့်လွှတ်လိုက်ဖို့ဆုံးဖြတ်လိုက်မိပါပြီ။

ဘယ်လိုစွန့်လွှတ်မှုမျိုးလဲ။
သူမ ပိုင်ဆိုင်ခွင့်မရတဲ့အရာကိုသဘောထားကြီးစွာနဲ့တစုံတဦးကိုပိုင်ဆိုင်ခွင့်ပေးဖို့ဆိုတာဖြစ်သင့်ရဲ့လား။
တကယ်လို့များနတ်ဆိုးဝင်စီးခံထားရတဲ့သူမရဲ့နှလုံးသားကမဖြစ်သင့်ဘူးလို့ငြင်းပယ်ခဲ့မယ်ဆိုရင်ကော;;;
ရှင်းပါတယ်;;;;;
သူမဖန်တီးခဲ့မိတဲ့အရာတွေကိုသူမကိုယ်တိုင်ဖျက်ဆီးပစ်လိုက်ယုံပေါ့။
အချစ်;;;သူမဖန်တီးရယူချင်ခဲ့တဲ့အချစ်ဆိုတဲ့အရာကိုသူမရဲ့ကမ္ဘာကြီးထဲကနေအပြီးတိုင်ပျောက်ကွယ်သွားအောင်အတ္တဆိုတဲ့အပ်ဆစ်ပြင်းပြင်းနဲ့တိုက်စားပစ်လိုက်တော့မယ်လေ။
လူမသိသူမသိချစ်ခဲ့မိတဲ့အချစ်ဇာတ်တပုဒ်ကိုလူမသိသူမသိစွာနဲ့ဘဲဇာတ်သိမ်းပေးလိုက်ရတော့မှာပေါ့။

အက်ဆစ်ချိုအချစ်ပြင်း (completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ