patt-7 (Zawgyi)

230 17 0
                                    

part-7

    နံနက်ခင်းရဲ့ဖန်ဆင်းရှင်လင်းရောင်ခြည်လေးတွေကမှန်ပြတင်းတံခါးကိုထွင်းဖေါက်ပြီးအခန်းလေးထဲကိုတိတ်တဆိတ်နဲ့ဝင်ရောက်လာတာကြောင့်ရိပေါ်အိပ်ရာကနေနိုးထလာခဲ့ရပါတယ်

ညကခံစားမှုရသသစ်လေးကသူ့နှလုံးသားကိုခုထိတွယ်ကပ်နေဆဲ

ရိပေါ်သူ့ဆံပင်ပျော့ပျော့လေးကိုလက်လေးနဲ့ထိုးဖွလိုက်ရင်းသူ့ခံစားချက်တွေကိုသုံးသပ်နေမိတယ်

သူ G အပ်ါတကယ်ရက်စက်ချင်နေတာကောဟုတ်ရဲ့လား

မနေ့ညကဖန်တီးမိသွားတဲ့မုန်တိုင်းထန်လေးကြောင့်သူ့နှလုံးသားမှာလဲအပျက်အစီးတချို့နဲ့ရှုတ်ထွေးလို့နေရတယ်

သူ G အပေါ်ရက်စက်မှုတွေနဲ့နာကျင်စေလိုက်တိုင်းသူ့ရဲ့နှလုံးသားမှာလဲထိရှနာတချို့နဲ့စိတ်မသက်မသာဖြစ်ခဲ့ရတာသူသာလျှင်အသိဆုံးပါ

ဒီလိုသာဆက်သွားနေလို့ကတော့သူရှေ့ဆက်ဖို့ရန်မလွယ်
သူတခုခုကိုဆုံးဖြတ်ချက်ချမြှဖစ်တော့မယ်
ရိပေါ်တွေးလိုက်ရင်းရေချိုးခန်းရှိရာသို့ဝင်လာခဲ့လိုက်ပါတော့တယ်

ရိပေါ်သူ့အခန်းလေးထဲကနေသွက်လက်စွာထွက်ခဲ့လိုက်ပြီး မေ ပြင်ဆင်ပေးထားတဲ့နံနက်စာစားရန်လာခဲ့လိုက်ပါတယ်

ခါတိုင်းဒီအချိန်ဆို G ကရောက်နှင့်နေပေမဲ့ဒီနေ့တော့ G ရဲ့အရိပ်အယောင်လေးတောင်မမြင်ရသေး

ရိပေါ်-----မေ.....G မလာသေးဘူးလား

မေ-----မလာသေးပါဘူးသူဌေး
နေမကောင်းလို့များလား

ရိပေါ်တခုခုကိုတွေးလိုက်မိပြီးမလုံသလိုဖြစ်သွားရတယ်

ရိပေါ်-----မေ......နွားနို့နဲ့ကြက်ဥကိုအဓိကထားပြီး G အတွက်အင်အားပြည့်စေမဲ့အစားအသောက်ပြင်ဆင်ပေးပါဉီး
ရိပေါ်ပြောရင်းစောင့်နေလိုက်တယ်

မေ-----သူဌေးအဆင်သင့်ပြင်ပြီးပါပြီ

ရိပေါ် အဆင်သင့်ပြင်ဆင်ထားပေးတဲ့အစားအသောက်ဗန်းလေးကိုယူလိုက်ပြီး G ရှိရာအခန်းလေးဆီသို့လာခဲ့လိုက်ပါတော့တယ်

အက်ဆစ်ချိုအချစ်ပြင်း (completed)Hikayelerin yaşadığı yer. Şimdi keşfedin