part-3 (Zawgyi)

240 12 0
                                    

part-3
       နီသွေးရောင်စိုလက်ထနေတဲ့ဝိုင်ဖန်ခွက်လေးကိုကြည့်ရင်းရိပေါ်ကျေနပ်နေမိတယ်

ရှောင်ကျန့်ကတော့ D ကမ်းပေးလာတဲ့နီစွေရောင်ဝိုင်ခွက်လေးကိုတွေတွေငေးငေးလေးကြည့်နေလိုက်မိတယ်

ရိပေါ်----G သောက်လိုက်ပါဉီး ဒီဝိုင်တခွက်ကမင်းအတွက်ပူရြှခင်းတွေကောချိုမြခြင်းတွေကောပေးစွမ်းမှာပါ
ရောထွေးနေတဲ့အရသာသစ်တမျိုးကမင်းရင်ထဲကိုခံစားမှုအစစ်အမှန်တွေပေါက်ဖွားလာစေဖို့ဖန်တီးပေးမှာပါ

ရိပေါ်ပြောရင်းဝိုင်ခွက်လေးကိုကမ်းပေးလာတာကြောင့်ရှောင်ကျန့်လဲဝိုင်ချိုပြင်းပြင်းလေးကိုကြိတ်မှိတ်ကာသောက်လိုက်မိတယ်

ရိပေါ် ရှောင်ကျန့်ကိုခပ်ထေ့ထေ့လေးကြည့်လိုက်ရင်းဝိုင်ချိုတွေနဲ့ပျော်ဝင်နေတဲ့နှုတ်ခမ်းရဲလေးကိုသတိလက်လွတ်နဲ့အမှတ်တမဲ့ငေးမိလျက်သားဖြစ်သွားရတယ်

ရိပေါ်လွတ်ထွက်သွားတဲ့အခြေအနေမဲ့စိတ်လေးကိုအသာပြန်ထိန်းလိုက်ရင်း G ရဲ့နှုတ်ခမ်းစိုလေးဆီကနေအကြည့်တြွေပန်လွှဲထားလိုက်မိတယ်

ကျွတ်.....ဒါယောင်္ကျားတစ်ယောက်ရဲ့နှုတ်ခမ်းတဲ့လားကွာ
ရိပေါ်မချင့်မရဲတွေးလိုက်ရင်းရုတ်တရက် G ရဲ့အခန်းလေးထဲကနေထထွက်လာခဲ့လိုက်မိတယ်

ရှောင်ကျန့်အပြောင်းအလဲမြန်ဆန်လွန်းတဲ့ D ရဲ့ကျောပြင်လေးကိုမျက်စိတဆုံးငေးကြည့်ရင်းအမည်မဖေါ်နိုင်တဲ့ဝေဒနာနုနုလေးတွေနဲ့ကျန်ရစ်ခဲ့ရပါတော့တယ်

အေးစက်တဲ့အငွေ့အသက်နဲ့လတ်ဆတ်တဲ့အထိအတွေ့လေးတွေကနံနက်ခင်းတခုရဲ့ပြယုဂ်ကိုဖေါ်ဆောင်လို့နေပါတယ်

ရှောင်ကျန့်အိပ်ရာမှထလိုက်ကာကိုယ်လက်သန့်စင်လိုက်ပြီးအခန်းတံခါးကိုအသာလေးဖွင့်ကြည့်လိုက်မိတယ်

ဂလောက်......ခါတိုင်းလော့ချထားတဲ့တံခါးကအခုတော့ရှောရှောရှူရှူနဲ့ပွင့်လို့သွားပါတယ်

ရှောင်ကျန့်ရင်ထဲမှာအပျော်လိပ်ပြာလေးတွေလူးလားခတ်ပျံသန်းသွားရတယ်

D ကသူပြောထားတဲ့အတိုင်းသူ့ကိုတကယ်လွတ်လပ်ခွင့်ပေးလိုက်တာပါလားရှောင်ကျန့်တွေးရင်းအခန်းပြင်ကိုလျင်မြန်စွာထွက်လာခဲ့လိုက်တယ်

အက်ဆစ်ချိုအချစ်ပြင်း (completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ