Part-6

3.2K 378 14
                                    

Uni

"သား ဒီနေ့အိုခေရဲ့လားသားရယ်။ heatကလည်း အချိန်နီးနေပြီမို့ မေမေကစိုးရိမ်နေတာ။ မတော်လို့ တစ်ခုခုဖြစ်ရင် ဒုက္ခပါပဲ။ ဒဏ်ရာတွေရော ရလာသေးလား"

မေမေက မေးသာမေးနေပေမဲ့ မေမေ့လက်တွေက ကျွန်တော့် ခြေကျင်းဝတ်နားရောက်သွားကြပြီ။

"သား အဆင်ပြေပါတယ်မေမေရ။ ညီမလေးရော? မတွေ့ပါလား"

"သူ့အဖေနဲ့ မုန့်ထွက်ဝယ်မယ်ဆိုပြီး သွားတယ်။ လာပါဦးသားရယ် မေမေဒဏ်ရာသေချာကြည့်ပါရစေဦး"

"သားဆေးလူးပြီးပါပြီ မေမေရဲ့။ ရတယ်ရတယ်"

ပြောသာပြောရပေမဲ့ မေမေ့ကို စိတ်ချမ်းသာစေရန်အလို့ငှာ အိတ်အသေးလေးကို ခုတင်ပေါ်ပစ်တင်ရင်း ခုတင်အစွန်းနားတွင် ဝင်ထိုင်လိုက်ရသည်။ ခုတင်နှင့် အနည်းငယ်လှမ်းသော ကိုယ်လုံးပေါ်မှန်တွင်တော့ ပေစုတ်စုတ်ကောင်လေးတစ်ယောက်ပေါ်နေသည်။ ဆံပင်ကလည်း ချွေးတွေကြောင့် ဟိုကပ်ဒီကပ်။ ဝတ်ထားသည့် အားကစားအင်္ကျီဆိုသည်မှာလည်း ချွေးနံ့လေးကစွဲနေလေပြီ။ ကိုယ်လုံးကတော့ Omegaပီပီ သွယ်လျလျခါးတို့နှင့် အချိုးညီညီရှိလှသည်မို့ အင်္ကျီအပွကြီးဝတ်လိုက်သည့်အခါမှာတောင် တစ်ချက်တစ်ချက်လှုပ်ရှားလိုက်ရင် ခန္တာကိုယ်အလှက ထင်းခနဲ။

တစ်ကိုယ်လုံးကိုခြုံငုံကြည့်ရလျှင်တော့ ကျွန်တော့်အခြေအနေက သိပ်ကောင်းမနေတာအမှန်။ မျက်နှာကလည်း စူပုပ်ထားလိုက်သေးတယ်။ နဂိုကမှ ညိုနေတဲ့အသားဟာ တစ်နေကုန် နေပူထဲနေရတော့ မဲသွားသယောင်။ သေစမ်း စူးစိုက်။ မင်း ဒီလိုပုံနဲ့ သူ့ကိုစကားပြောခဲ့သေးတယ်ပေါ့။

ရုပ်ရည်နှင့်ပတ်သတ်၍ သိမ်ငယ်ခြင်းဆိုသည့်အရာသည် ကျွန်တော့်မှာ ဘယ်တုန်းကမှ မရှိစဖူး။ လှမလှ၊ ချောမချောက သူများကြည့်ရတာ။ ကိုယ့်အတွက် ဘာအကျိုးမှလည်း မရှိဘဲနဲ့လို့ ကျွန်တော် မေမေ့ကို အထွန့်တက်ဖူးခဲ့သည်။အခုတော့ ကျွန်တော်သည် သူ့ကြောင့် ပြောင်းလဲလာခဲ့ပြီထင်သည်။

"တီ....တီ......တီ"

တီးလုံးသံလေးထွက်လာတော့ အိတ်အသေးလေးကို လှမ်းယူကာ ဖုန်းကိုထုတ်ရပြန်သည်။ ကြည့်လိုက်တော့ မျိုးမြတ်ဆီက။

Yes,I'm Villain (Completed)Where stories live. Discover now