Part-12

3.3K 358 15
                                    

Uni

“သားရေ မေမေတို့သွားမယ်နော်။ ညီမလေးကို သေချာဂရုစိုက်။ ကြားလား။ နက်ဖြန် ညနေလောက် ပြန်လာခဲ့မယ်နော်”

“ဟုတ် မေမေ”

“သား စာတမ်းကိစ္စကိုအရမ်းဖိလုပ်မနေနဲ့ နားတဲ့အချိန်လည်း နားရမယ်။ ဘာကိုမှ စိတ်ပူနေစရာမလိုဘူး။ သမီးကလည်း ကိုကို့ကို အနှောက်အယှက်မဖြစ်စေနဲ့နော်”

“ဟုတ်ကဲ့ပါ ဖေဖေရ။ သမီးက အနှောက်အယှက်မပေးပါဘူးနော်”

အငယ်မက အဖေ့နားကပ်ချွဲနေတော့ ကျွန်တော်ကပဲ ပြုံးပြီး အငယ်မကို ဆွဲထားလိုက်ရသည်။ ဒီကလေးမနှယ် လူကြီးတွေ ခရီးသွားခါနီးကို စိတ်မဖြောင့်အောင်လုပ်နေတယ်။ ဖေဖေက မနက်ဖြန်ဆို အလုပ်ပြန်စမှာမို့ နယ်ကို ပြန်တာဖြစ်သည်။ မေမေကတော့ ဖေဖေ့ကိုလည်း လိုက်ပို့ရင်း ဟိုမှာလုပ်စရာရှိတဲ့ ကိစ္စတွေလုပ်ဖို့ တစ်ရက်လောက်တော့ သွားနေလိမ့်မည်။ ဒီနေ့ညတော့ တိုက်ခန်းမှာ မောင်နှမနှစ်ယောက်ပဲရှိသည်မို့ ပိုပြီးသတိထားဖို့ အထပ်ထပ်အခါခါမှာသွားကြ၏။

“အငယ်မ ကိုယ့်အခန်းကိုယ် သေချာချက်ချပြီးနေ။ ကြားလား။ ငါ ဒီအရှေ့မှာ စာဖတ်နေမယ်။ တစ်ခုခုဆို အော်လိုက်”

“အင်းပါ ကိုကိုရယ်။ တံခါးလည်း သေချာပိတ်ပြီးပြီပဲကို။ အရမ်းပူမနေနဲ့ ကိုယ့်ဟာကိုယ် လုပ်စရာရှိတာသာလုပ်”

“အင်း အင်း”

ကျွန်တော်လည်း အိပ်ချင်လာသည့်စိတ်ကို မျိုသိပ်ကာ မီးဖိုချောင်ဘက်ဝင်ရင်း ငရုတ်သီးနှစ်တောင့်လောက် ကိုက်ချလိုက်သည်။ နဂိုက အစပ်သိပ်မစားသူမို့ ချက်ချင်းပင် မျက်ရည်တွေဝဲတက်လာသည်။ အိပ်ချင်သည့် စိတ်က ကြက်ပျောက်ငှက်ပျောက်ဖြစ်သွားတော့မှ ရေတစ်ခွက်သောက်ရင်း စာအုပ်တွေရှေ့ဝင်ထိုင်လိုက်သည်။ ဒီညတော့ မာတိကာစဉ်တွေအကုန်လုံးကို အကြမ်းဖျင်းရေးရမည်။ ပြီးရင် အချောရေး၊ နောက်ပြီး ပြန်စစ်။ ဒါတွေပြီးရင် စာတမ်းကိစ္စက ပြီးမည်ဖြစ်သည်။ အဆုံးကို တွေးကြည့်လိုက်တာနှင့် ကျွန်တော်ပိုပြီး တက်ကြွလာသည်။

ဖုန်းလာသံကြားတော့ ညနေ၆နာရီထိုးခါနီးပြီဖြစ်သည်။ ကျွန်တော် ရေးလက်စတွေကို ချထားရင်း နံပါတ်ကို မကြည့်ဘဲ ကောက်ကိုင်လိုက်သည်။ ဖုန်းထဲက ထွက်လာသည့် အသံသဲ့သဲ့က အားပျော့နေသည့် ကျွန်တော့် တစ်ကိုယ်လုံးကို အားဆေးထိုးပေးလိုက်သည့်နှယ်ပင်။

Yes,I'm Villain (Completed)Where stories live. Discover now