Part-9

3.4K 368 8
                                    

Uni

ကျွန်တော် မျက်ရည်တွေခြောက်တဲ့အထိ တံခါးဝမှာပဲရပ်နေခဲ့တယ်။ ကျွန်တော့်ကိုယ်ကျွန်တော် အဆင်ပြေပြီထင်တော့မှ အခန်းတံခါးကိုတွန်းဖွင့်ပြီး ညနေစာစချက်နေပြီဖြစ်တဲ့ အမေ့ဆီကို သွားလိုက်တယ်။ အမေက ဟင်းချက်နေတဲ့အပေါ်ပဲ အာရုံရောက်နေတာမို့ ကျွန်တော့်မျက်နှာက ငိုထားပြီးတဲ့သဲလွန်စသေးသေးလေးတွေကို မြင်နိုင်မှာမဟုတ်ဘူး။ ဒါက ကျွန်တော့်ဖို့ အလုံခြုံဆုံးပဲ။ ကျွန်တော် အမေ့ကို စိတ်မပူစေချင်ဘူးလေ။ အခန်းဆီကို ခေါင်းငုံ့ပြီး မြန်မြန်ဖြတ်လျှောက်ရင်း ရေချိုးခန်းထဲရောက်တော့မှ သက်ပြင်းမောချရသည်။ မှန်ထဲကြည့်လိုက်မိတော့ စိတ်ထောင်းကိုယ်ကြေဖြစ်နေတဲ့ ကျွန်တော့်ပုံရိပ်ဟာ နွမ်းလျလို့။

ဘာကိုမှမတွေးဘဲ ရေအေးအေးတွေနဲ့ လောင်းချိုးပစ်လိုက်သည်။ ကျွန်တော် ထပ်ပြီးငိုမိပေမဲ့ ဘာမှမတွေးဘဲ ငိုတာဆိုတော့ ဘတ်စ်ကားပေါ်ကလို အရမ်းမပူလောင်ရတာတော့အမှန်။ ဘယ်လိုပဲဖြစ်ဖြစ် စာလည်းလေ့လာရဦးမှာမို့ ရေမြန်မြန်ချိုးပြီး အဝတ်အစားလဲလိုက်သည်။ အခုအချိန်မှာ ကျွန်တော် ဘာကိုမှတကယ်မတွေးချင်သေးတာပါ။ ဦးနှောက်ကို သော့ခတ်ထားပြီး စာကိုပဲကြည့်ဖို့ အတွေးရှိပါတော့တယ်။ တကယ်လို့ ကျွန်တော် စာမှမလုပ်ဘူးဆိုရင် ကျွန်တော် သူ့ကိုပဲ ထပ်ပြီးတွေးမိနေမှာစိုးတယ်။ ဓားတစ်ချောင်းမြိုချမိသလို ခံစားချက်မျိုးကို ကျွန်တော် တကယ်မကြိုက်ဘူး။ ကျွန်တော် နာကျင်ပြီး ငိုနေရဦးမယ်ဆိုရင်တောင် ကျွန်တော်လုပ်စရာရှိတာကိုတော့ လုပ်မှကို ဖြစ်မှာမို့ပါ။ ဘာလို့ဆို... အဲ့တာပြီးသွားမှ ကျွန်တော်သူ့ကိုဖွင့်ပြောလို့ရမှာမို့ပါ။ ကျွန်တော်သူ့ကို မြန်မြန်လေး ကျွန်တော့်အပိုင်ဖြစ်လာစေချင်မိလို့ပါ။

“ကိုကိုရေ”

“ဟင်... အမ်း ဝင်ခဲ့ အငယ်မ”

ညီမလေးက တံခါးကိုဖွင့်ပြီး အူကြောင်ကြောင်မျက်နှာပေးနဲ့ ဝင်လာခဲ့တယ်။ သူမပုံစံက တစ်ခုခုပြောချင်ပုံရနေပြီး သူ့ခုတင်ပေါ်ကို တန်းတန်းမတ်မတ်ခုန်တက်လာတော့တယ်။ ကျွန်တော် သူမပုံစံကို ကြည့်ပြီး နည်းနည်းရယ်ချင်လာတယ်။ သူမက ဝဝကစ်ကစ်လေးနဲ့ ချစ်စရာကောင်းတဲ့ ကလေးမလေးတစ်ယောက်ဖြစ်ပြီး အခုလို မျက်နှာအမူအရာနဲ့ဆိုတော့ သူမပုံစံက တစ်ခုခုကို ခိုးစားဖို့ကြံစည်နေတဲ့ ကြောင်ဝတုတ်လေးလိုပဲ။ ဒါကမရယ်ရဘူးလား။

Yes,I'm Villain (Completed)Where stories live. Discover now