Part-13

3.6K 370 16
                                    

Uni

“သားရေ သူငယ်ချင်းလာတယ်”

မေမေလာပြောတုန်းက မျိုးမြတ်လို့ ထင်လိုက်ပေမဲ့ တကယ်ရောက်လာတော့ သူ ဖြစ်နေသည်။ သူက ကော်ဖီဘူးနှစ်ဘူးကို သယ်လာကာ ကျွန်တော့်အခန်းထဲကို ရင်းရင်းနှီးနှီးဝင်လာလေသည်။ ကျွန်တော် စာရေးစားပွဲရှေ့ကနေ အမြန်ထလိုက်ချိန်မှာတော့ သူက တံခါးစောင်းကို နောက်ကျောမီရင်း ကျွန်တော့်ကို ခပ်တည်တည်ကြည့်နေပြီဖြစ်သည်။ ကျွန်တော် သွားဖြဲပြလိုက်ပြီး သူ့လက်ထဲက ဘူးတွေကို ဆွဲယူလိုက်သည်။

“ဘယ်ဘက်ကတစ်ခုက မင်းဟာ”

“ဟုတ်ကဲ့”

“ဘာလို့ စာလုပ်နေသေးတာလဲ။ ကိုယ့်ကိုယ်ကို ဘာများထင်နေလဲ။ မနေ့တစ်နေ့ကပဲ ပြန်ကောင်းလာတဲ့....”

“ရှူး”

ကျွန်တော် အလျင်အမြန်သူ့အနားကိုရောက်သွားကာ ပါးစပ်ကို လက်ညှိုးတစ်ချောင်းနှင့် ပိတ်၍ အပြင်ကို ချောင်းကြည့်လိုက်သည်။ တော်ပါသေးသည်။ မေမေ ကြားသွားပုံမပေါ်။ သူ့ဘက်ကို ပြန်လှည့်ကြည့်သည့်အခါတွင်တော့ သူက အလွန့်အလွန်ကို ပြင်းထန်နေသည့်အမူအရာနဲ့ စိုက်ကြည့်နေတာကို တွေ့လိုက်ရသည်။

“ဘာလဲ မင်းအမေကို မပြောပြထားဘူးပေါ့?”

“ခန့်ကလည်း မေမေက ကျွန်တော်ဖြစ်တာသာသိရင် ကျွန်တော့်ကို စာတမ်းကိစ္စကို လုပ်ခိုင်းတော့မှာမဟုတ်ဘူး။ သူက ဒီကိစ္စကြောင့် ပင်ပန်းနေတာဆိုပြီး ခဏခဏနားခိုင်းနေတာ။ ကျွန်တော်က နားလို့မရဘူး။ အပြီးသတ်တော့မှာဆိုပေမဲ့ လိုသေးတယ်ရယ်။ စာတမ်းအပ်ရမဲ့ ရက်ကနီးလာပြီလေ သိတယ်မလား”

ကျွန်တော် ပူပန်စိတ်နဲ့ ပွစိပွစိပြောရင်း သူ့ကို ချော့နေမိသည်။ သူကတော့ ကောင်းသည်ဆိုးသည်မပြောဘဲ မျက်မှောင်ကျုံ့ကြီးနဲ့ ကြည့်ပြီး သူ့လက်ထဲက ပစ္စည်းတွေအကုန်လုံးကို ကျွန်တော့်လက်ထဲ ထိုးပေးခဲ့ကာ ကုတင်ပေါ်တက်သွားလေသည်။ ကျွန်တော်က အနံ့sensitive ဖြစ်တတ်တာမို့ ရှုပ်ပွနေရင်တောင် မကောင်းတဲ့အနံ့မျိုးမရအောင် လျှော်သင့်တာကိုလျှော်သည်။ ဒါကြောင့် သူ ကျွန်တော့်ခုတင်ပေါ်မှာ လှဲနေတာကို စိုးရိမ်စရာမရှိပေမဲ့ ကျွန်တော် စိုးရိမ်နေတုန်းပဲဖြစ်သည်။ သူက ကျွန်တော်နဲ့ နေရတဲ့ပတ်ဝန်းကျင်ချင်းတူတာမဟုတ်ဘူးလေ။ သူ့အခန်းထဲက မွေ့ရာထက်တော့ ကျွန်တော့်အိပ်ရာက ပိုမွှေးပါဦးမလား။ ဒါပေမဲ့လည်း သူကတော့ မှောက်ရက်ပဲ လှဲနေကာ သူ့ခြေထောက်တွေကို ကျွန်တော့်စောင်ထဲ ထိုးထည့်ပြီး တစ်ကိုယ်လုံးကို မြှုပ်ထား၏။

Yes,I'm Villain (Completed)Where stories live. Discover now