တောင်းပန်လွှာ (ေတာင္းပန္လႊာ)

4.7K 307 73
                                    

Uni

ပစ်က စာတစ်ပုဒ်ပြီးရင် ကျေးဇူးတင်လွှာဆိုပြီး ရေးလေ့ရှိတယ်။ ဒါပေမဲ့လည်း ဒီတစ်ခါတော့ တောင်းပန်လွှာပဲ ရေးပါ့မယ်။ ဘာလို့ဆို ပစ် တာဝန်မကျေဘူးဆိုတာ ပစ်သိလို့ပါ။

တစ်ခါမှမရေးဖူးတဲ့ povကို လက်တည့်စမ်းပြီးရေးကြည့်တာပေမဲ့ ဒီတစ်ပုဒ်က ပစ်တော်တော်လေး ချစ်ခဲ့ရတဲ့အပုဒ်ပါပဲ။ ဒါပေမဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိတာရယ်၊ ရေးမိတဲ့အပုဒ်တွေများနေတော့ ဖိဖိစီးစီးမရှိတာတွေရယ်ကြောင့် လနဲ့ချီပြီး အရမ်းကြာသွားခဲ့ရပါတယ်။ အဲ့ဒီအကျင့်ကို ပြင်ပါ့မယ်လို့ ကျိန်းသေကတိပေးပါတယ်။

ပစ် ဒီတစ်ပုဒ်ကို ပစ်ရဲ့အချစ်ဆုံးBFFလေးအတွက် ရေးပေးထားတာပါ။ ပစ်မှာ မနိုင်မနင်းတွေ သိပ်များပါတယ်။ ABO typeလည်းဖြစ်နေတဲ့အပြင် ကိုယ်မတက်ဖူးသေးတဲ့ တက္ကသိုလ်အချစ်ဇာတ်လမ်းtype နောက်ပြီး villain typeပေါ့နော်။ ဒီကြားထဲမှာ အာဏာသိမ်းတာ ဘာညာလည်းဖြစ်လေတော့ ပစ်ရဲ့အရေးအသားက ဘယ်လိုမှကို တဆက်တည်းမဖြစ်နိုင်တော့ဘူးဆိုပြီး စိတ်ဓာတ်ကျခဲ့ပါတယ်။ ဇာတ်ကောင်ကလည်း ဘယ်လိုမှ မနာခံတော့ နာမည်လည်းပြောင်းပစ်လို့မရ။ ပစ် ဆက်မရေးနိုင်ဘူးလို့တွေးပြီး ဘယ်လိုမှ လက်တင်လို့မရခဲ့တာပါ။ ဒါပေမဲ့ ပစ် dropပစ်ရမှာလည်း အရမ်းအားနာပါတယ်။

ဟိုလပိုင်းက တစ်ရက်နှစ်ရက်အချိန်ပေးပါလို့တင်ခဲ့ပါတယ်။ စောင့်နေခဲ့ကြမှာပဲနော်။ တစ်ရက်နှစ်ရက်နဲ့ အချိန်မလောက်ခဲ့လို့တောင်းပန်ပါတယ်။ ဂစ်တာတို့ စိတ်ထဲတော့ ဒီတစ်ယောက် ပဒီပဒါးတွေပြောပြီး ဆက်မရေးဘူးလို့ထင်ကောင်းထင်နိုင်ပါတယ်။ ပစ်က အပြင်မှာချမရေးပေမဲ့ ဇာတ်ကောင်နဲ့အဆင်ပြေနိုင်မဲ့ Plotတွေအများကြီး ချပြီး အဆင်ပြေမဲ့ဟာကို အကြာကြီးရွေးခဲ့ပါတယ်။ ပြန်ရေးနိုင်အောင်လည်း သတ္တိမွေးခဲ့တာလည်း ပါတာပေါ့။ ​

အံ့ဩစရာတစ်ချက်ကတော့ ဆက်မရေးနိုင်တော့ဘူးလို့ တွေးမိတာတောင် ဂစ်တာတို့က ဆက်ရေးနိုင်အောင် ဖန်ဆင်းပေးတာပဲ။ ရေးသူအတွက် ဖတ်သူတွေက အရာရာပဲလေ။ ပစ်အတွက်လည်း ဖတ်သူတွေက မှော်ပညာရှင်လေးတွေလိုပါပဲ။ နောက်ဆုံးတော့ ဖတ်သူတွေရဲ့ Magical powerကြောင့် ပစ်ဆက်ရေးနိုင်ခဲ့ပါတယ်။

Yes,I'm Villain (Completed)Where stories live. Discover now