Final

5.7K 414 46
                                    

Uni

“ဪ သူငယ်ချင်းလာတာလား။ အတော်ပဲ။ လူနာစောင့်မရှိလို့ ဆေးထိုးမပေးချင်ဖြစ်နေတာ။ ဒီကလေးကို ဆေးထိုးရမယ်”

ကျွန်တော့်ရဲ့ ပြုံးဖြီးနေသည့်မျက်နှာက ချက်ချင်းပင်မဲ့ကျသွားရသည်။ ဒီဦးလေးကြီးနဲ့တော့ ခက်ပါဘိ။ ဘယ်ကတည်းက ဆေးထိုးချင်နေတယ်တော့မသိ။ ဆေးထိုးအပ်ကြီးကို ထုတ်လိုက်တာမှ မြန်ဆန်ချက်ပဲ။ ခန့်ဆီ မျက်လုံးဝေ့ကြည့်မိတော့ ထိုလူဆိုးက ကျွန်တော်ဆေးထိုးခံရမှာကို ပျော်နေသည့််ရုပ်ကြီးနှင့်။

ကျွန်တော် နှာခေါင်းရှုံ့လိုက်ကာ မတတ်နိုင်စွာဘဲ ဆေးထိုးခံလိုက်ရသည်။ ကိုယ်ကတကယ်နွေးနေတာမို့ ကိုယ့်အခြေအနေလည်း ကိုယ်သိသည်။ စာတမ်းအပ်ရက်က နီးနေပြီဖြစ်ပြီး စစ်တာက အပြီးထိမရောက်သေးပေ။ ဒီလိုပုံမျိုးနဲ့ဆို နေမကောင်းဖြစ်တာက စာတမ်းကိစ္စကို အနှောင့်အယှက်ဖြစ်မှာ ကြောက်ရသည်လေ။

“ခေါင်းကိုက်နေသေးလား။ ပြောသားပဲ။ ကျောင်းမတက်ပါနဲ့ဆို”

“ကျွန်တော်မှ မတက်လို့မရတာ”

ကျွန်တော် မျက်မှောင်ကျုံ့ရင်းပြောလိုက်သည်။ ခံတွင်းထဲမှာ ခါးသက်နေပြီး တစ်ကိုယ်လုံးကလည်း မသက်မသာဖြစ်နေသည်။ အဖျားရှိန်က တငွေ့ငွေ့တက်လာပေမဲ့ ဆရာဝန်ဦးလေးကြီးကတော့ မကြာခင်သက်သာသွားမယ်ဖြစ်ကြောင်းပြောကာ နေ့လည်စာစားဖို့ ကန်တင်းကို ပြေးလေပြီဖြစ်သည်။ သူတို့ကတော့ ဒီမှာဆက်နေလို့လည်းရသလို အိမ်ပြန်ချင်တယ်ဆိုလည်း ရ၏။

“ရေသောက်မလား။ ကိုယ့်အိမ်ကကားခေါ်ထားတယ်။ ခဏနေရင် ရောက်တော့မှာပါ”

“အွန်း”

ကျွန်တော့်အမူအရာက တော်တော်လေးမသက်မသာဖြစ်နေလို့ထင်သည်။ ခန့်မျက်နှာမှာ အလိုမကျခြင်းတွေကို မြင်နေရသည်။ ကျွန်တော် သိခဲ့သမျှကာလတစ်လျှောက်လုံး ခန့်ရဲ့ ဒီလိုမျက်နှာထားကို ကျွန်တော် ပထမဆုံးမြင်ဖူးခြင်းဖြစ်သည်။

“ရေသွားယူလိုက်မယ်။ ချွေးထွက်မှ ဖြစ်မှာ”

သူက သူ့ဆုံးဖြတ်ချက်နဲ့သူ ထရပ်ကာ ရေဘူးရှိရာဆီ လျှောက်သွားသည်။ ကျွန်တော်လည်း လှဲနေရင်းသား သူ့ဆီကို ငေးကြည့်နေမိသည်။ အကယ်၍ ကျွန်တော်တို့သာ ချစ်သူဖြစ်လိုက်ရင် ဘယ်လောက်ကောင်းမလဲလို့ တွေးမိသည်။ နေမကောင်းဖြစ်နေလို့ထင်ပါသည်။ အတွေးတွေတိုင်းက သူ့ရင်ခွင်ထဲပြေးပြီး ငိုချင်စိတ်တွေကိုသာ ဖြစ်စေခဲ့သည်။ သူကတော့ သိမည်မထင်။

Yes,I'm Villain (Completed)Where stories live. Discover now