Part-1

9.3K 150 1
                                    

Unicoad

"ပယင်းးးးးးးးးးးးရောင်"

"ဗျာာ ဖွားဖွားး အဟဲ"

ရန်ကုန်မြို့စွန်က အိမ်ကြီးးတလုံး တနည်းး ရန်ကုန် နဲ့ပဲခူးကြားးက ဘိုးဘွားပိုင်ခြံကြီးးထဲ က ဒေါ်သူဇာမြင့်တယောက် အသံ ဟိန်းကနဲ ထွက်လာသည်။ သူ့မြေးမ အဆိုးအဆာ လေးကြောင့်။

"ညဉ်း ဘာလုပ်လိုက်တာလဲ သိလားး"

"သိတယ်လေ ဖွား ကလဲ "

"နင် လုပ်တာ ကောင်းလို့လားးးးးး ဟမ် အိမ်က ဒရိုင်ဘာ ကောင်လေး နဲ့ မာလီ ကောင်လေးကို ညဉ်းအတင်းးလိုက်ပေးစားနေတာာလေ။ ငါမောတယ် နင်တယောက်နဲ့ "
ဧည့်ခန်းရဲ့ ခေါင်းရင်းခုံမှာ ထိုင်းရင်း သူ့မြေးမဆိုးလေးကို ဆူမလို့ ပြင်နေသည့် ဒေါ်သူဇာမြင့်

"ဟာာ ဖွား စိတ်လျော့ ပါ ဒေါသထွက်လွန်းရင် အခု ဖွား လှလှလေး ကနေ အိုစာ သွားလိမ့်မယ် နော်😕
ပြီးတော့ ပယင်း က အတင်းပေးစားတာ မဟုတ်ဘူးး ကားဆရာ ကိုမင်း က ဟိုကောင်လေးး အတူး ကို ကြိုက်နေတာာ အဲ့ဒါကြောင့် ဖွားမြေး သူတော်ကောင်းမလေးက ကြားထဲက ဝင်ကူညီပေးတာပါ ။ ဟော အခု သူတို့ အဆင်ပြေသွားးပြီ မကောင်းဘူးလားးး"

ဆိုကာ ခြေဟန်လက်ဟန်နဲ့ ပြောနေတဲ့ သူ့မြေးကို သူမနိုင်ပါ။

"တော်စမ်း အေ။ ညဉ်း အခု တက္ကသိုလ်ပဲတက်ရတော့မယ် ၂လလောက်ပဲ လိုတော့တယ် အခုထိ ကလေးးလိုလုပ်နေတုန်းလားးးး "ပြောပြန်တော့

"အာာ ဖွားကလဲ ပယင်း က ငယ်သေးတယ်လေ ကလေးပေါ့‌လို့ "နှုတ်ခမ်းကြီးဆူကာ ချွဲနေတဲ့ သူ့မြေးမလေးက သူ့အသက် ကလေးး။

ဆွေမျိုးလဲ များများမရှိ။ သားနဲ့ သမီးက လဲ ပယင်းလေး ၃နှစ်အရွယ်မှာ ဆုံးသွားတာမို့ ။ သူ့လက်ထဲမှာကြီးလာရတဲ့ ကလေးလေးက အဆိုးလေးပင်။

ဒါပေမဲ့ သူလေးက အစအနောက်သန်တာနဲ့
ယောင်္ကျားလေးချင်း လိုက်ပေးစားတာကလွဲရင် ကျန်တာ အကုန်ကောင်းတယ်။ သူ့မြေးမလို့လား မသိ။ သူလေးကလိမ္မာရေးခြား ရှိတဲ့ ကလေးပါ။

ချွဲတာလေးကတော့ သူရဲ့ ချစ်စဖွယ် လက်နက်လေးး။

"ဖွားးးးးးးးးး"ဟောကြည့် ချွဲပြီ။

ချစ်မိသူမို့ (သူ)🤎       ခ်စ္မိသူမို႔ (သူ)🤎Where stories live. Discover now