Part-4

2.3K 101 1
                                    

Unicoad

ဒီနေ့တော့ ပယင်း အစောကြီးနိုးပြီးး ရေမိုးချိုးပြင်ဆင်နေမိသည်။ မေညို ချုပ်ပေးထားတဲ့ ထဘီ နဲ့ အကျီ တွေထဲက တစုံကို ချဝတ်ပြီးး သနပ်ခါးလေး သေချာ
လိမ်းထားးသည်။

"Perfect 😘"

ဆံပင်ကိုက ပုံမှန်အတိုင်းအမြင့်မစည်းပဲ အပေါ်တလွှာသာ ချည်ထားသည်မို့ အရင်လို ချစ်စရာ ပုံစံလေးမဟုတ်ပဲ အမျိုးသမီးတဦးအသွင် ကျက်သရေရှိလှသည်။

ထမင်းစားခန်းထဲ ဝင်လာတဲ့ သူ့ကို အကုန်လုံးက ဝိုင်းပြီးး ငေးရလောက်သည်အထိ သူပုံစံလေးက အရင်ထက်တည်ငြိမ်နေသည်။

"ဟယ် သမီးလေးးရယ် ကျက်သရေရှိလိုက်တာာ"

"ဟီးးဟီးး ဟုတ်လားမေညို သမီးလှတယ်ပေါ့"

"လှပါ့ရှင် လှပါ့"

"ဟုတ်ပါ့ ညီမလေးရယ် မကြီးတို့တောင် ငေးယူရတယ် လှလိုက်တာာ"

"သမီး ဒီနေ့ကော အပြင်သွားဦးမှာလားး"

"သွားးမှာ မေညို သမီးဆိုင်မှာ ဝန်ထမ်းလုပ်နေတယ်"

"ဟမ် ဘယ်လို !"

"အဟဲ အရမ်းမပူပါနဲ့ သမီးက လူမရှိမှ ကူပေးတဲ့ သဘောပါ "
*နေ့တိုင်း ကိုကြီး ကို ထိုင်ကြည့်နေရတာာနဲ့တောင်မအားချင်ဘူး အဟီးး*

"အင်း သမီးလေး ပျော်ရာကိုလုပ်ပါ မေညိုတို့မတားပါဘူးး ဒီမှာနေရတုန်းး ပျော်တာကိုလုပ် ဒါပေမဲ့ အပျက်တော့ မဖြစ်စေနဲ့နော်"

"ဟုတ် မေညို ချစ်တယ် မွ ပယင်းသွားပြီနော်"

------------
*မေညိုတို့တောင် ကျက်သရေရှိတယ် လှတယ်ပြောတာ ကိုကြီး လဲ ငါ့ကို သဘောကျရင် ကျလာမှာ အဟီးး*

စနေနေ့မို့လို့ထင်တယ် လမ်းမမှာ လူတွေ များတယ်။

အတွေးလေးနဲ့ ပျော်ရွှင်စွာ စက်ဘီးနင်းလာသောာ
ပယင်းးး သူတကယ်ပျော်နေတာာပါ။ သူ့ကိုမြင်ရင် ချစ်ရသူ ဘယ်လိုဖြစ်သွားမလဲ တကယ်ရင်ခုန်မိသည်။

ကိုယ့်ထက် အသက်၇နှစ် ၈နှစ်လောက် ကြီးတဲ့သူကို ချစ်ရတာလဲ ဒုက္ခ တမျိုးပဲ။
ဒါပေမဲ့လဲ အင်းး.... ချစ်တယ်လေ❤️

ချစ်မိသူမို့ (သူ)🤎       ခ်စ္မိသူမို႔ (သူ)🤎Where stories live. Discover now