Unicoad
ပယင်းး အိမ်ပြန်ရောက်ကတည်းးက အရင်လို တက်တက်ကြွကြွ မရှိသည်မို့ ဒေါ်သူဇာမြင့် စိတ်မကောင်းးး။ ရောက်လာတဲ့နေ့တုန်းကလဲ မျက်နှာ မကောင်းသည်မို့ ဘာဖြစ်လာလို့လဲမေးမိတော့ ဘာမှ မပြောပဲ သူ့ကိုဖက်ရင်းးငိုလိုက်တာ ဆိုတာတစ်နေကုန်ပါပဲ။
ခြံထဲက စားပွဲဝိုင်းမှာ မုန့်တွေ ချပြီးး စကားထိုင်ပြောနေတဲ့ အတူးတို့အတွဲ နဲ့ သူ့မြေးမလေးး ပယင်းကို ဒေါ်သူဇာမြင့် အိမ်ပေါ်ထပ် လသာဆောင်ကကြည့်နေမိသည်။
အခုလို သူ့မြေးမလေးး မှိုင်တွေနေတာာ သူရင်ထဲ မကောင်းလှပါ။ အခုလဲ သူပေးစားခဲ့တဲ့ အတူး တို့အတွဲက သူ့ကို ပျော်အောင်စနေတာတောင် သူ့မှာ စိတ်မပါပဲပြုံးပြနေသလိုပင်။"မားး သိလားးး မား သားမက်ကလေ သားကို ဟိုနေ့က အော်တယ် သိလားးး"
"ကိုယ်အော်တာ မဟုတ်ရပါဘူးကွာာာ ဒီအတိုင်းအသံက အားပါလို့ အော်သလို ဖြစ်သွားးတာပါ "
ပယင်း ပြုံးပြုံးးလေးးသာာ သူတို့ကိုကြည့်နေခဲ့သည်။
သိပ်ချစ်ကျတဲ့ အတွဲတွေ တွေ့ရင် ရင်ထဲကအောင့်တယ်။ ချစ်ရသူကို သူက သိပ်ချစ်ခဲ့တာာ။ မသက်ဆိုင်ခဲ့ပေမဲ့ ချစ်ခဲ့မိလို့ နာကျင်ရတယ်လေ။
အတူးနဲ့ ကိုမင်း လဲ သူတို့ကို ပြုံးပြုံးလေး ထိုင်ကြည့်နေတဲ့ မမလေး ကြောင့် စိတ်မကောင်းး ။
တယောက်မျက်နှာတယောက်ကြည့်ရင်း သက်ပျင်းကိုယ်စီချမိသည်။
ပြုံးနေပေမဲ့ မျက်ဝန်းတွေ ညှို့မှိုင်းနေသည်က ပြိုတော့မယောင် ။
အရင်က စကားတွေ တတွတ်တွတ်ပြောတတ်တဲ့
မမလေးကအခုတော့ တနေကုန်နေတောင် ဆယ်ခွန်းမပြည့်ချင်တော့။အရင်က သွက်လက်ပြီး သိပ်ချစ်ဖို့ကောင်းခဲ့တဲ့ မမလေးး ။ အခုတော့ တည်ငြိမ်တဲ့ မိန်းကလေးအသွင်ဖြစ်နေပြီ။
အရင်က ကလေးဆန်ဆန် ဂါဝန်လေးတွေ ဝတ်တတ်ပေမဲ့။ အခုတော့ အမျိုးသမီး ငယ်လေးတဦးလို ထဘီလေးနဲ့ ရင်ဖုံးအကျီလေးနဲ့ ကျက်သရေ ရှိတဲ့ မမလေးဖြစ်နေပြီ။
YOU ARE READING
ချစ်မိသူမို့ (သူ)🤎 ခ်စ္မိသူမို႔ (သူ)🤎
Romanceချစ်မိသူမို့အရာရာ အရှုံးပေးပြီးသားပါ ချစ်ရသူရယ်💔 ပယင်းရောင် တချို့အရာတွေ မင်းသိဖို့လို တယ် ယင်း ... ဇွဲသူရ