Part-5

2.4K 99 0
                                    

Unicoad

ပယင်းပြန်သတိရလာတော့ မွေ့ယာပေါ် ။ ဘယ်သူ့အိမ်ကိုရောက်လာတာလဲ မသိဘူး မေညိုတို့ဆီမဟုတ်တာသေချာတယ်။ ဘေးဘီးဝဲယာ ကြည့်ပြီးး ရုတ်တရက်ထထိုင်လိုက်တော့ ခေါင်းက ချာကနဲပဲ

* မူးလိုက်တာာ* ထိုစဉ်ကြားလိုက်ရသည်က

"ဖေဖေ မမ နိုးလာပြီ"တဲ့

*ဟင် ဟိုကလေးလေး ပဲ ဒါဆို ဒီ အိမ်က ..*

"ဪ ယင်း သတိရလာပြီ ကို ဘယ်လိုလဲ သက်သာရဲ့လားးးး"

"သမီး ဘယ်လို ဒီကိုရောက်နေတာလဲ "

"အာာ အဲ့ဒါက........"

Flash back
----------------

ဇွဲ ပယင်း ပြေးထွက်သွားတာ ကိုတွေ့ ပေမဲ့ ရုတ်တရက်မို့ သူကြောင်မိသွားးသည်။

လက်ဆွဲထားတဲ့ သားလေးက
"ဖေဖေ အဲ့မမ ကလှတယ်နော် ဘယ်သူလဲ "တဲ့ စက်ဘီးသော့ဖွင့်နေတဲ့ ပယင်းကို လက်ညိုးထိုးပြီး ထပ်မေးလာမှ သူအပြင်ကိုကြည့်မိသည်။

'အ'ဆိုတဲ့ အသံနဲ့အတူ ပယင်းလက်သွေးထွက်သွားတာ ကို မြင်လိုက်သည်။ နာနေတာတောင် အနာ ကိုစိမ်းစိမ်းကြီးကြည့်နေသည့် ပယင်း။ ဘာတွေ ဖြစ်သွားတာပါလိမ့်။

အိမ်ပြန်မယ်ပြောပြီး ဆန့်ကျင်ဘက်ကို ကျောခိုင်းသွားတဲ့ သူကြောင့် သားကို ချီကာာ နောက်နေ
တိတ်တိတ်လေးး လိုက်ခဲ့သည်။

လမ်းတလျှောက်လုံး ငိုနေသည် ထင်ပါ့ ။အနောက်ကကြည့်နေတာတောင် သိသာနေတာာ။

နောက်ပန်းခြံထဲ ဝင်သွားးပြီး လူရှင်းတဲ့နေရာမှာ ငိုနေတာကြောင့် သူတို့လဲ မြင်ရလောက်မဲ့ တနေရာမှထိုင်ပြီးစောင့်နေလိုက်တယ်။

မကြာဘူးးး လဲကျသွားးတာကြောင့် သူတို့လဲ အပြေးထူကာာ အိမ်ကိုခေါ်ခဲ့ရသည်။

ကောင်မလေး သူ့ကို စိတ်ဝင်စား‌တာ သိပေမဲ့ အခုလောက်ထိဖြစ်လိမ့်မယ်မထင်။

သူစိတ်မကောင်းဖြစ်မိတယ် ။ သူကြောင့်ငိုနေရလို့။
သားကို လမ်းလျှောက်ခိုင်း ပြီး ပွေ့ချီ လာတဲ့တလျှောက်လဲ 'တောင်းပန်ပါတယ်သာ ရွတ်နေ၍ '

ရင်ထဲတောင်မကောင်းဖြစ်မိသည်။

ဘယ်လောက်တောင် ငိုခဲ့လဲ မသိ မျက်လုံး‌တွေတောင် ဖောင်းအစ်နေပြီ။

ချစ်မိသူမို့ (သူ)🤎       ခ်စ္မိသူမို႔ (သူ)🤎Where stories live. Discover now