Part-6

2.4K 105 5
                                    

Unicoad

အပြန်လမ်းတလျှောက် အလိုက်သိတဲ့ ကိုငယ်က ဘာတခွန်းမှ မမေးး သူလဲ သိသင့်သလာက် သိနေမှာပါ

အိမ်နားရောက်ခါနီးကျ ကားရပ်ပြီးး

"ပယင်းလေးးး.." ဟုခေါ်ကာာ ခေါင်းလေးကို အသာ ပုတ်ပေးရင်းး

"စိတ်မကောင်းမဖြစ်ပါနဲ့ အချိန်တွေရှိပါသေးတယ် ..လာ ကိုငယ်ဖက်ထားပေးမယ်နော်"

ကိုငယ်က ရင်ခွင်ထဲ ထည့်ပြီးး နှစ်သိမ့်စကားးဆိုတယ်။

ငိုချင်လျက် လက်တို့ ဆိုသလို တင်းထားသမျှ ကိုငယ့်ရင်ခွင်ထဲ ငိုချမိသည်။
ဒီခံစားချက်ကြီးက တော်တော်ဆိုးးတယ်။

အတော်ကြာ ကိုငယ့်ရင်ခွင်ထဲ နေပြီးး

"ကိုငယ် ..ကိုမိုးမာန် နဲ့ အမြဲချစ်သွားနော် .. အသဲမကွဲစေနဲ့ မကောင်းဘူးး။ ပယင်းက ကိုငယ်တို့ အဆင်ပြေတာပဲမြင်ချင်တာာ"

"အင်းး ..ပယင်းလေး စိတ်ချနော် ကိုငယ်တို့က အရမ်းချစ်တာာာ ... "

"အဲ့ဒါပဲ ကြားချင်တယ် ..မဂ်လာဆောင်ရင် ဖိတ်နော်"

"ဖိတ်မယ်ဗျာာ .. ပန်းကျဲခိုင်းမယ် ဟုတ်ပြီလားးး"
ခေါင်ူလေးကို ဖွဖွ ပွတ်ပေးရင်း စိတ်ပြေအောင် ချော့ပြောနေတဲ့ ကိုငယ်ကြောင့် ပယင်း လဲ အလိုက်သင့်နေလိုက်သည်။

သူ့ကြောင့် သူများကိုပါ စိတ်မညစ်စေချင်ပါ။

--------------

"မေညို .. သမီးပြန်တော့မယ် နော် နောက်တခါ လာလည်‌ဦးမယ်"
*ဖြစ်နိုင်ရင်ပေါ့*

"အင်းပါ လမ်းမှာဂရုစိုက်နော် .. ဖွားကိုလဲ မေညိုက သတိရပါတယ်လို့ အိမ်လာခဲ့ပါဦးမယ်လို့ "

"ဟုတ် "

မေညိုတို့ကို နှုတ်ဆက်ကာာ ချစ်ရသူရှိတဲ့ မြို့ကိုကျောခိုင်းလျက် အပြန်လမ်းကို စတင်ခဲ့သည်။

*အခုတော့ နှုတ်ဆက်ပါတယ်*
---------------------------------------------

ဇွဲ ပယင်း ထိုင်ခဲ့တဲ့ နေရာမှာသာာ ထိုင်နေရင်းး

*ကိုယ့်စီ ပြန်လာဦးမဲ့ တနေ့ အကြောင်းအရာတချို့ကိုဖြေရှင်းချက်ပေးချင်သေးတယ်*

ချစ်မိသူမို့ (သူ)🤎       ခ်စ္မိသူမို႔ (သူ)🤎Where stories live. Discover now