Unicode
ကျောင်းထဲ ပြန်ရောက်တော့ ဟောပိုင်က ယန်ဖူ၏ ဓာတ်ပုံများကို သေချာ အချောကိုင်၍ တည်းဖြတ်သည်။ ထို့နောက် နျို့ကျွင်းကျယ်ကို ညလယ်စာသွားစားရန် ခေါ်လိုက်သည်။
" မင်း ဒီနေ့ လျို့ဟွမ်းဟွမ်းနဲ့ တွေ့ခဲ့သေးတာလား"
နျို့ကျွင်းကျယ်က ကြက်တောင်ပံဝါးနေရာမှ မေးလိုက်သည်။ ထို့နောက် မျက်လွှာချ၍ အေးအေးလူလူ ဆက်ပြော၏။
" အင်းလေ...ဘာမှတော့မဖြစ်ပါဘူး.. မြင်လိုက်ရင်လဲ မသိသလို ဟန်ဆောင်လိုက်"" ကျွန်တော်လဲ ဟန်ဆောင်ချင်တာပဲ... သူက ကျွန်တော့်နား ရောက်လာတာ"
ဟောပိုင်က လိမ္မော်ရည်တစ်ဗူးယူ၍ နျို့ကျွင်းကျယ်ရှေ့မှ ဘီယာဗူးကို လှမ်းဖယ်ကာ ဖြစ်ပျက်သမျှကို ရှင်းပြလိုက်သည်။
" လောင်ဆန်းကသာ သူနဲ့ပတ်သက်သမျှတွေကို ဖြတ်ပစ်ချင်ပေမဲ့ သူက အစ်ကို့သူငယ်ချင်းတွေနဲ့ ဘာမှမဖြစ်ခဲ့သလို လိုက်ကပ်နေတာ... ဒီနေ့ ကျွန်တော်နဲ့တွေ့တယ်...မနက်ဖြန် အစ်ကို့သူငယ်ချင်းနောက်တစ်ယောက်နဲ့ မတွေ့ဘူးလို့ ပြောလို့မရဘူး... အစ်ကို့အဖေမှာက အသိတွေအများကြီးရှိတာ.. အစ်ကို သူ့ကို သတိထားပါ.. အမှားဖြစ်သွားလို့ မရဘူး"အရင်ဘဝတုန်းက လျို့ဟွမ်းဟွမ်းတစ်ယောက် အခက်အခဲကြုံလာခဲ့ချိန်တွင် အရှက်မရှိပဲ နျို့ကျွင်းကျယ်ကို အကူအညီလာတောင်း၏။ စိတ်ကောင်းရှိကာ သနားတတ်သော နျို့ကျွင်းကျယ်က သူငယ်ချင်းတစ်ယောက်မှ တစ်ဆင့် ကူညီပေးခဲ့သည်။ သို့သော် စေ့စပ်ပြီးသား သူ့သူငယ်ချင်းနှင့် လျို့ဟွမ်းဟွမ်းတို့ ငြိသွားခဲ့ကာ စေ့စပ်ပွဲ ပျက်သည်အထိ ဖြစ်ခဲ့၏။.ထို့ကြောင့် လျို့ဟွမ်းဟွမ်းကဲ့သို့သော မိန်းမမျိုးက အချိန်မရွေးထပေါက်နိုင်သော ဗုံးတစ်လုံးဖြစ်ကာ နျို့ကျွင်းကျယ်အနား မရှိသင့်ပေ။
နျို့ကျွင်းကျယ်က ထိုစကားကြောင့် အနည်းငယ်တော့ မျက်မှောင်ကြုံ့သွား၏။ ထို့နောက် ခေါင်းတဆတ်ဆတ်ညိတ်ကာ စဥ်းစားရင်း ပြုံး၍ ပြန်ဖြေသည်။
" ငါသိပြီ... သတိပေးတဲ့အတွက် ကျေးဇူး.. လျို့ဟွမ်းဟွမ်းကိစ္စ ငါကြည့်လုပ်လိုက်ပါ့မယ်... အခု ငါ့စိတ်က နေရာမှန်မရောက်သေးဘူး.. သူ့စရိုက်ကို ကြည့်ရတာတော့ ဘယ်တော့မှ နောင်တရမဲ့ပုံမပေါ်ဘူး..သစ္စာဖောက်တာလဲ ခဏခဏ.. ထားလိုက်ပါ... ဒါနဲ့ မင်းအလုပ်ရော.. မင်းအလုပ်မှာ သူဝင်ဝင်ရှုပ်လို့လား"
YOU ARE READING
OUR❤️ ( One Useless Rebirth) 1
Fantasyဟောပိုင်က ထီဆုကြီးပေါက်ကာ ချမ်းသာလာပြီး သူ့ဘဝရဲ့အကောင်းဆုံးအချိန်တွေကို အေးဆေးစွာ ဖြတ်သန်းနေချိန် .. မမျှော်လင့်စွာနှင့် တိုက်ပေါ်မှ အတွန်းချခံရကာ မတရားအသတ်ခံလိုက်ရသည့် ရုပ်ရှင်ဧကရာဇ် တိချိုးဟယ်ကို ဓာတ်ပုံရိုက်မိသွားလေ၏။ ရဲစခန်းကို ဓာတ်ပုံသက်သေ သွား...