Unicode
" စားလို့မကုန်ဘူး"
တိချိုးဟယ်က ဟောပိုင်ကို ခေါက်ဆွဲပန်းကန် လာပြရင်း ခေါက်ဆွဲဖတ်တချို့ကို တူနှင့်ညှပ်လိုက်သည်။
" မင်းပဲ မကုန်ရင် ဝိုင်းစားပေးမယ်ဆို... ရော့ ဒီမှာစား"တိချိုးဟယ်၏ အတွင်းစိတ် အသက်ကို သူ မှားတွက်လိုက်တာပဲ...
ဟောပိုင်က တစ်ဖက်ပြန်လှည့်ကာ အဝတ်ဆက်လှန်းသည်။
" စားပွဲပေါ် တင်ထားလိုက်လေ.. ကျွန်တော်ပြီးမှ လာစားမယ်"" အဲ့ဒါဆို အေးကုန်မှာပေါ့"
တိချိုးဟယ်က မျက်မှောင်ကြုံ့သည်။ဟောပိုင်က အေးအေးသက်သာ ပြန်ဖြေသည်။
" ကိစ္စမရှိပါဘူး.. သုပ်စားတဲ့ ခေါက်ဆွဲပဲကို"" ဒါပေမဲ့ မင်းက နေမှ မကောင်းတာ.. အဲ့လိုစားလို့ မကောင်းပါဘူး"
တိချိုးဟယ်က လက်မလျှော့ပဲ တူကို ကိုင်မြဲကိုင်ထား၏။"..."
သူတို့နှစ်ယောက်သား မိနစ်ဝက်လောက် ငြိမ်သက်နေပြီးမှ ဟောပိုင်က လက်လျှော့ကာ ပါးစပ်ဟပေးလိုက်သည်။ ဒီလောက်ဆိုးတဲ့ ချာတိတ်လေးကို အဆောင်ထဲ ခေါ်လာမိတာကို နောင်တရနေ၏။တိချိုးဟယ်က ခေါက်ဆွဲစားနေသည့် ဟောပိုင်၏ ပါးဖောင်းဖောင်းလေးကို ကျေကျေနပ်နပ်ကြည့်ရင်း စိတ်ထဲ တစ်မျိုးဖြစ်သွားပြန်သည်။ တူက အသစ်ပေမဲ့ စောစောက သူ စားထားသေးသည်လေ။ ခွေးပေါက်လေးက မတုံ့ဆိုင်းပဲ သူ့တူနဲ့ စားတာဆိုတော့...သူ့ခွေးပေါက်လေးက သူ့ကို တော်တော်လေးစားတဲ့ပုံပဲ.. တူတစ်စုံထဲ အတူတူတောင် သုံးနိုင်တယ်ဆိုတော့
စိတ်ပျော်ရွှင်သွားသည့်အတွက် သူ့အတွေးများလဲ ပုံမှန် ပြန်ဖြစ်လာသည်။
" ဒါနဲ့ စိတ်မပူနဲ့နော် .. အင်တာနက်မှာ ပြန့်နေတဲ့ကိစ္စတွေ အဆင်ပြေသွားမှာ... ကျားမိသားစုက တရားဝင်စာ ထုတ်ပြန်လိမ့်မယ်.. Saint Elephant က လူတွေ မင်းအကြောင်း မကောင်းမပြောနိုင်စေရဘူး"ဟောပိုင်လဲ ကြောင်သွားကာ ခေါက်ဆွဲမျိုချရင်း မေးလိုက်သည်။
" ကျားမိသားစုကို ခင်ဗျား ဖုန်းခေါ်လိုက်လို့လား"" ဟုတ်တယ်"
တိချိုးဟယ်က ခေါက်ဆွဲကို တူနှင့်ထပ်ညှပ်ကာ ခွံ့သည်။
" ငါ အကြီးအကဲကျားကို ဖုန်းခေါ်လိုက်တာ.. ပြီးတော့ မိန်းကလေးကျားက ငယ်ငယ်လေးရှိသေးတာ ကျားမိသားစုဘက်ကလဲ မိန်းကလေးကို လက်ထပ်ပေးဖို့ အစီအစဥ်မရှိသေးဘူးတဲ့"
YOU ARE READING
OUR❤️ ( One Useless Rebirth) 1
Fantasyဟောပိုင်က ထီဆုကြီးပေါက်ကာ ချမ်းသာလာပြီး သူ့ဘဝရဲ့အကောင်းဆုံးအချိန်တွေကို အေးဆေးစွာ ဖြတ်သန်းနေချိန် .. မမျှော်လင့်စွာနှင့် တိုက်ပေါ်မှ အတွန်းချခံရကာ မတရားအသတ်ခံလိုက်ရသည့် ရုပ်ရှင်ဧကရာဇ် တိချိုးဟယ်ကို ဓာတ်ပုံရိုက်မိသွားလေ၏။ ရဲစခန်းကို ဓာတ်ပုံသက်သေ သွား...