Chapter 99- ကွာရှင်းပြတ်စဲခြင်း 2

3.9K 731 18
                                    

Unicode

သူတို့သုံးယောက်လုံး တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြရင်းမှ နျို့ကျွင်းကျယ်ကို ကြည့်သည်။

အဖြစ်မှန်ပေါ်သွားပြီဖြစ်သောကြောင့် နျို့ကျွင်းကျယ်လဲ ကွယ်ဝှက်မနေတော့ပဲ ထိုကောင်မလေးကို ကြိုက်နေကြောင်း ဝန်ခံတော့သည်။

တကယ်တော့ သူတို့အဖြစ်က ဒီလို -----
တစ်ရက် သူဌေးသားလူချောလေး နျို့ကျွင်းကျယ်တစ်ယောက် သူ့အဖေနှင့်အတူ မွေးနေ့ပါတီပွဲတစ်ခု တက်ခဲ့ရသည်။ ထိုမွေးနေ့ပွဲတွင် နူးညံ့ ယဥ်ကျေးကာ ကြင်နာပုံရသည့် မိန်းမလှလေးတစ်ယောက်နှင့် အမှတ်မထင် တွေ့ဆုံခဲ့သည်။ ထိုမိန်းကလေးက စန္ဒယားကောင်းစွာ တီးတတ်ကာ ကလေးများအပေါ် ညင်သာ၏။ သူဌေးသားတစ်ယောက်လို ကောင်းကောင်း မဝတ်စားသွားသော သူ့ကို လူအချို့က လှောင်ပြောင်သည့်အချိန် ထိုမိန်းကလေးက သူ့ရှေ့မှ မားမားမတ်မတ် ရပ်တည်ပေးခဲ့လေ၏။

သူတို့နှစ်ယောက် စကားစမြည်ပြောဆိုကြတော့မှ တစ်ကျောင်းထဲ အတူတက်နေကြမှန်း သိလိုက်ရ၏။ စကားပြောဆိုသည့် အချိန်ကြာလာသည်နှင့်အမျှ ထိုသူဌေးသားလေးက မိန်းမလှလေးကို ချစ်မှန်းမသိ ချစ်လာတော့သည်။

ဝမ်ဟူ : အာ့ကြောင့် မင်း နေ့တိုင်း ဘတ်စကက်ဘော လာဆော့တာပေါ့

နျို့ကျွင်းကျယ်က ခေါင်းငုံ့သွားသည်။
" သူက ဘတ်စကက်ဘော ကလပ်ရဲ့အဖွဲ့ဝင်ဆိုတော့ ကစားပွဲရှိတိုင်း ခဏခဏလာကြည့်တယ်လေ"

ချန်ကျဲ : စာကြည့်တိုက်ကရော???

နျို့ကျွင်းကျယ်က ခေါင်းကုတ်ရင်း ပြန်ဖြေ၏။
" သူက ကျွန်တော်နဲ့ မေဂျာမတူဘူး.. တရုတ်မေဂျာကဆိုတော့ စာကြည့်တိုက်ကလွဲပြီး သူ့ကိုတွေ့မဲ့နေရာမှ မရှိတာ"

ဟောပိုင်မှာ အရင်ဘဝက လောင်ဆန်းလိုက်ပိုးချိန်ကအကြောင်းကို သူ့မရီးစိတ်ညစ်ညစ်နှင့် ပြန်ပြောသည်ကို မှတ်မိလိုက်သည်။ ထို့ကြောင့် လောင်ဆန်းအတွက် စိတ်ထဲတွင် ဆုတောင်းပေးလိုက်ရင်း ထပြောသည်။
" အဲ့ဒါကြောင့်မို့ မနက်အစောကြီး ထတာပေါ့"

" အင်း .. မနက်စောစောဆိုရင် သူက ကစားကွင်းထဲမှာ အားကစားလုပ်တယ်လေ"
နျို့ကျွင်းကျယ်မျက်နှာက မျောက်ဖင်နီကဲ့သို့ ရဲတက်လာပြန်သည်။

OUR❤️ ( One Useless Rebirth) 1Where stories live. Discover now