Chapter 128- What a Happy Coincidence 1

3.8K 693 12
                                    

Unicode

တိချိုးဟယ်ဆီ ဟောပိုင်ဖုန်းဆက်တော့ သူတို့ နေ့လည်စာစားနေကြချိန်ဖြစ်၏။ ဘယ်အချိန်ပြန်လာမှာလဲ မေးဖို့ပြင်နေတုန်း ဖုန်းက ရှင်းရှောင်ဖုန်းဆီ ရောက်သွားသည်။

" ဟဲလို .. ကျွန်တော် ရှင်းရှောင်ဖုန်းပါ"
ချိုသာလှသော ယောကျ်ားအသံတစ်သံနှင့်အတူ ထိုင်ခုံကို တရွတ်တိုက်ဆွဲကာ ခြေသံတွေကိုပါ ကြားလိုက်ရသည်။ အကြာကြီး တိတ်ဆိတ်နေပြီးမှ ထိုယောကျ်ားသံတည်ငြိမ်ငြိမ်က ပြန်ပေါ်လာသည်။
" အနှောင့်အယှက်ပေးမိတဲ့အတွက် တောင်းပန်ပါတယ်.. ကျွန်တော်တို့ ပူးပေါင်းမှုအတွက် သိချင်တာလေးတွေ ရှိလို့ပါ"

တိချိုးဟယ်က လက်ထဲက တူကိုချကာ သူနှင့်အတူထမင်းစားနေကြသော ဝန်ထမ်းများကို ခွင့်တောင်းကာ ထလာလိုက်သည်။ ထမင်းစားပွဲနှင့် အနည်းငယ်လှမ်းသည့်နေရာကိုရောက်မှ ပြန်ဖြေသည်။
" ရပါပြီ .. ဆက်ပြောပါဗျ"
သူနှင့်အတူ အလုပ်လုပ်မည့်သူကိုတော့ လေးလေးစားစား ဆက်ဆံသင့်သည်လေ။

ရှင်းရှောင်ဖုန်းက ဝရန်တာတွင် မှီရပ်ရင်း ကင်မရာနှင့် ကစားနေသော ဟောပိုင်ကို တစ်ချက်ကြည့်ကာ ပြုံးလိုက်သည်။
" ခင်ဗျားက အရမ်းထက်မြက်တယ် ပြီးတော့ တက်လမ်းအများကြီးရှိတယ်.. ခင်ဗျားအတွက် အောင်မြင်မှုဆိုတာ အနှေးနဲ့အမြန်ပဲ.. ကျွန်တော်မပါပဲနဲ့တောင် အနုပညာလောကမှာ ခင်ဗျားနံပါတ်တစ်ဖြစ်မှာပါပဲ... အဲ့ဒီတော့ ကျွန်တော် တကယ် အတည်ပြုချင်တာတစ်ခုက ခင်ဗျား ကျွန်တော့်ကို တကယ်ငှားချင်တာ သေချာရဲ့လား .. တစ်ယောက်နဲ့တစ်ယောက် ပူးပေါင်းကြတဲ့နေရာမှာ နှစ်ဦးနှစ်ဖက်ယုံကြည်မှုက အတော်လေး အရေးကြီးတယ်လေ.. ကျွန်တော်က ဘာမှမသေချာပဲနဲ့ အစမလုပ်ချင်လို့"

တိချိုးဟယ်က ရှင်းရှောင်ဖုန်းလစာအကြောင်း အရင်မေးမည်ဟု ထင်နေရာမှ အံ့သြသွားသည်။ သို့သော် ချက်ချင်းနားလည်လိုက်သည်။ သူတို့အလုပ်အတူလုပ်မည့်ကိစ္စက လုံးဝ ချက်ချင်းကြီးလိုဖြစ်နေပြီး သူတို့နှစ်ယောက်ကြားတွင် ဆက်သွယ်ပေးသူက ခွေးပေါက်လေးဖြစ်နေရာ ထိုမေးခွန်း မေးသည်မှာ သဘာဝကျသည်ဟု သူတွေးလိုက်သည်။

OUR❤️ ( One Useless Rebirth) 1Nơi câu chuyện tồn tại. Hãy khám phá bây giờ