Unicode
ဟောပိုင်က ဘာမှပြန်မပြော။ မိန်းကလေးများမသိအောင် ချောင်းရိုက်နေသည်ဟုသာ ထင်နေစေလိုက်သည်။
" ဒီ အရူးကောင်လေး...ခွေးဆိုးလေး"
အပြန်အလှန်ပို့ထားသော စာများကိုကြည့်ကာ တိချိုးဟယ်က ဖုန်းကို လက်သည်းထိပ်နှင့် တတောက်တောက် ခေါက်နေသည်။ မြက်ခင်းအောက်ကြားတွင် ပုန်းလျှိုးကွယ်လျှိုးနှင့် ကုန်းကွကာ ဓာတ်ပုံချောင်းရိုက်နေမည့် ပါပီလေးပုံက သူ့မျက်လုံးထဲ မြင်လာသည်။ သူ့ကိုလဲ အရင်က အဲ့လိုရိုက်ခဲ့သည်မဟုတ်ပါလား..." လိမ်လိမ်မာမာနေခဲ့ပါလို့ ပြောခဲ့ရဲ့သားနဲ့ စကားလဲ နားမထောင်ဘူး"
ဒေါသထွက်လာသောကြောင့် အသက်ရှူတွေပါ မြန်လာကာ ဘေးနားရှိ ရေဘူးကို ခြေထောက်နှင့်တစ်ချက် ကန်ထုတ်လိုက်သည်။ တိချိုးဟယ်၏ မျက်နှာတွင် ရှိနေကျ နူးညံ့မှုတို့ ကွယ်ပျောက်ကာ စိတ်တိုနေသည်က အထင်းသားပင်။ဒေါသအလိပ်လိုက်ထွက်ကာ အသက်ပြင်းပြင်းရှူနေပြီးမှ စာထပ်ပို့သည်။
A Bird Born in Autumn: ကင်မရာကို အခုပိတ်လိုက်.. အဲ့ပုံတွေအကုန်ဖျက်ပြီး အိပ်တော့!! ချောင်းမရိုက်ရဘူး.. ဘာလို့လဲဆိုတော့.. အာ..မိန်းကလေးတွေကို ဓာတ်ပုံချောင်းရိုက်တာက မကောင်းဘူးလေ.. လုံးဝကို မမှန်ဘူး.. အာ.. အဲ့တာလွန်တာပေါ့... ဘာလုပ်နေလဲ အခု!!"
တိချိုးဟယ်မှာ အခုမှ လေ့ကျင့်ရေးပြီး၍ အဝတ်လဲခန်းထဲတွင် ချွေးတလုံးလုံးနှင့်ရှိနေကာ အင်္ကျီပင် မလဲရသေး။ ဇာတ်ကားအသစ်အတွက် ဆံပင်အတို ညှပ်ထားသည့်အပြင် ချွေးရွှဲနေသည့် ကြွက်သားဆိုင်တို့က တိချိုးဟယ်ကို ပို၍ ချောမောကာ sexy ကျစေသည်။
ဝမ်ဘိုရီ ( လက်ထောက်ဝမ်) က အဝတ်လဲခန်းထဲ လိုက်ဝင်လာတော့ တိချိုးဟယ်နှင့် မတူသော တိချိုးဟယ်ကို မြင်လိုက်ရကြောင့် ခြေထောက်များပင် တန့်သွားပြီး ကြမ်းပြင်ပေါ်ကျနေသည့် ရေဘူးကို ကောက်သည်။
" သူဌေးတိ.. ကိုယ်ခံပညာဆရာက သူဌေးထွက်မလာသေးလို့ ဘာဖြစ်နေတာလဲလို့ လာကြည့်ခိုင်းလိုက်တာပါ.. အဝတ်လဲခန်းဘေးက ရေချိုးခန်းမှာ ရေပြတ်သွားလို့လား"
YOU ARE READING
OUR❤️ ( One Useless Rebirth) 1
Fantasyဟောပိုင်က ထီဆုကြီးပေါက်ကာ ချမ်းသာလာပြီး သူ့ဘဝရဲ့အကောင်းဆုံးအချိန်တွေကို အေးဆေးစွာ ဖြတ်သန်းနေချိန် .. မမျှော်လင့်စွာနှင့် တိုက်ပေါ်မှ အတွန်းချခံရကာ မတရားအသတ်ခံလိုက်ရသည့် ရုပ်ရှင်ဧကရာဇ် တိချိုးဟယ်ကို ဓာတ်ပုံရိုက်မိသွားလေ၏။ ရဲစခန်းကို ဓာတ်ပုံသက်သေ သွား...