Unicode
ဟောပိုင်က မျက်မှောင်ကြုံ့ကာ တစ်ချက်ကန်လိုက်သည်။
တိချိုးဟယ်က ဆူပုတ်နေသည့်မျက်နှာလေးကို တစ်ချက်ဆွဲညှစ်နေသည်။ ထိုအချိန် သူ့ဖုန်း မြည်လာသည်။
တိချိုးဟယ်က ခဏရပ်ကာ ဖုန်းထုတ်ကြည့်လိုက်တော့ သူ့မျက်နှာ အပြုံးလေး ပျောက်ကွယ်သွား၏။
" တိဘီရန် ဆက်တာ"ဟောပိုင်က မျက်မှောင်ကြုံ့၍ ဖုန်းဆွဲလုကာ ချရန်ပြင်သည်။
တိချိုးဟယ်က ခပ်မြန်မြန်တားကာ ခေါင်းခါပြသည်။
" ခွေးပေါက်လေး.. မင်း သူ့ကို မုန်းတယ်မဟုတ်လား"ဟောပိုင်က ခေါင်းညိတ်ကာ ခပ်တိုးတိုးလေး ဆဲလိုက်သည်။
" သေသင့်တယ်.. ကျက်သရေတုံးကြီး"" ဖုန်းချပြီး အပြစ်ပေးတာက သူ့အတွက် အရမ်းမပေါ့လွန်းဘူးလား"
တိချိုးဟယ်က ဟောပိုင်လက်ကို လွှတ်ပေးကာ ပြုံးလိုက်သည်။ ထို့နောက် ဖုန်းကိုင်၍ စပီကာဖွင့်သည်။" အင်တာနက်ပေါ်မှာ တင်ထားတာ ဘာသဘောလဲ ချိုးဟယ်... မင်းနာမည်ကိုသုံးပြီးတော့ မင်းကျောင်းက ကောင်လေးတစ်ယောက်တင်ထားတာဖြစ်မယ်.. သူ အရမ်းလွန်သွားပြီ.... သူ တင်ထားတာတွေ အကုန်လုံး ဖျက်ခိုင်းလိုက်... သူနဲ့လဲ ချက်ချင်းအဆက်အသွယ်ဖျက်.."
တိဘီရန်၏ ဒေါသတကြီး တရစပ်အော်သံထွက်လာသည်။ ကျန်းမာနေသည့်ပုံပဲ...လက်သီးဆုပ်ထားရင်းက ဟောပိုင်က ဖုန်းကို မီးဝင်းဝင်းတောက်နေသော မျက်လုံးများနှင့် ကြည့်နေသည်။
တိချိုးဟယ်က ချက်ချင်းပြုံးလိုက်ကာ မျက်နှာရဲရဲလေးကို ဆွဲညှစ်နေသည်။
" ခင်ဗျား တစ်ခုခုတော့ မှားနေပြီထင်တယ် ဦးလေးတိ.. အင်တာနက်ပေါ်မှာ တင်တာ ကျွန်တော့်သူငယ်ချင်းမဟုတ်ပါဘူး ကျွန်တော်ကိုယ်တိုင်ပါပဲ.. ကျွန်တော့် လက်မှတ်ပါတယ်လေ .. စစ်ကြည့်လိုက်ပါဦး"ဟောပိုင်က လက်ကိုဆွဲဖယ်၍ အသံတိတ်ဆဲနေသည်။ သူ့အပြုအမူကြောင့် တိချိုးဟယ်က ရယ်နေသည်။ စောစောက မျက်နှာမကောင်းတာ သူ မဟုတ်တော့သည့်အတိုင်း။
အသံလုံးဝတိတ်သွားပြီးမှ တိဘီရန် အသံထွက်လာနိုင်သည်။
" မင်း ငါ့ကို ဘယ်လိုခေါ်လိုက်တာ.. ချိုးဟယ်.... မင်း ဘာလို့..."
VOCÊ ESTÁ LENDO
OUR❤️ ( One Useless Rebirth) 1
Fantasiaဟောပိုင်က ထီဆုကြီးပေါက်ကာ ချမ်းသာလာပြီး သူ့ဘဝရဲ့အကောင်းဆုံးအချိန်တွေကို အေးဆေးစွာ ဖြတ်သန်းနေချိန် .. မမျှော်လင့်စွာနှင့် တိုက်ပေါ်မှ အတွန်းချခံရကာ မတရားအသတ်ခံလိုက်ရသည့် ရုပ်ရှင်ဧကရာဇ် တိချိုးဟယ်ကို ဓာတ်ပုံရိုက်မိသွားလေ၏။ ရဲစခန်းကို ဓာတ်ပုံသက်သေ သွား...