အပိုင်း(၁၂၀)အောင်နိုင်ခြင်းရဲ့အရသာ

4.7K 502 6
                                    

Unicode
ရီလင်းက အစက နားမလည်ဘူး။ သူမ အကြာကြီးစဥ္းစားလိုက်ရတယ်။ ရုတ်တရက် သူမ မျက်လုံးတွေပြူးကျယ်လာပြီး ယန်ဟွမ့်ကို ပြေးဖက်လို်က်တယ်။

" ဟွမ်ဟွမ် နင်လုပ်နိုင်ခဲ့ပြီ။ နင်လုပ်နိုင်ခဲ့ပြီ။ ဟုတ်တယ်မလား။ ငါတို့နောက်ဆုံးတော့ အကြီးမားဆုံး အရာတစ်ခုကို ချိုးဖျက်နိုင်ခဲ့ပြီ။ ဟုတ်တယ်မလား ဟုတ်တယ်မလား။ "

" အင်း နောက်ဆုံးတော့ ငါတို့ လုပ်နိုင်ခဲ့ပြီ။ " ယန်ဟွမ်က မျက်နှာကိုမော့ပြီး မျက်လုံးထဲကနေ ထွက်ကျလာတော့မဲ့ မျက်ရည်တွေကို မျက်တောင်ခတ်ပြီး ပြန်သိမ်းလိုက်တယ်။ ဒါက သူမတို့ရဲ့ ပထမဆုံး အချိုးအလှည့်တစ်ခုပဲ။ မကြာတော့တဲ့အနာဂတ်မှာ ယန်ဟွမ် ဆိုတဲ့နာမည်ကို တီဗွီတွေမှာရော မဂ္ဂဇင်းတွေမှာရော အင်တာနက်တွေမှာပါ မြင်တွေ့ရတော့မယ်ဆိုတာ သူမယုံကြည်ချက်ရှိတယ်။ သူမရဲ့ နာမည်က အဓိကရှာဖွေမှုစာရင်းတွေထဲက trending list ထဲမှာ ပါဝင်လာတော့မှာ။ သူမ စတားတစ်ယောက်ဖြစ်လာတော့မှာ။ သူမအရင်ဘဝတုန်းကလိုပေါ့။ မဟုတ်ဘူး ဒီတခေါက် မှာ သူမ အရင်ကထက်ပိုမြင့်ပြီး ပိုကွာဝေးတဲ့ နေရာကို ရောက်အောင် တက်လှမ်းသွားမှာ။

open audition က ၂ရက်ကြာခဲ့တယ်။ ယန်ဟွမ်ဖြေပြီးတဲ့နောက် မှာ မင်းသမီးတစ်ချို့က ချင်းယောင်နေရာကို လာဖြေကြသေးတယ်။ ဒါပေမဲ့ သူတို့ထဲက ဘယ်သူကမှ ယန်ဟွမ် လုပ်သွားခဲ့သလိုမျိုး ချင်းယောင်ကို အသက်မသွင်းပေးနိုင်ခဲ့ကြဘူး။ အံ့ဩစရာမရှိစွာနဲ့ပဲ ချင်းယောင်role က ယန်ဟွမ့်လက်ထဲရောက်သွားတယ်။ ဝိန်သုန်းနီကတော့ သူမက ဒုတိယမင်းသမီးနေရာဖြေတာကျသွားတယ်။ ဒါပေမဲ့ လက်ထောက်ပရိုဂျူဆာချန်းနဲ့ သူမရဲ့ ဆက်ဆံရေးက ခိုင်မာလွန်းတော့ သူမက ဇာတ်ပို့နေရာအသေးလေးကိုရသွားခဲ့တယ်။ ရသွားတာက သိပ်ပြီးမထင်ရှားတဲ့ဇာတ်ကောင်လေးဆိုပေမဲ့ အဲ့ကာရိုက်တာက screentime များတော့ မင်းသမီးတော်တော်များများက လိုချင်ကြတဲ့နေရာပါ။ သူမက ဇာတ်လမ်းအစထဲက ပါမှာ။ ပြီးတော့ ဇာတ်လမ်းတစ်လျှောက်လုံးလဲ မကြာခဏ ပါလာမှာ။ ဇာတ်လမ်းတစ်ဝက် မှာတင်အသတ်မခံရဘဲနဲ့ပေါ့။ ဝိန်သုန်းနီက ဒီroleကိုရတာ ကံကောင်းတယ်လို့ပြောရမယ်။

ရင်ခွင်ထဲမှ ချစ်ရသူ(ဘာသာပြန်)Where stories live. Discover now