Unicode
ယန်ဟွမ့်အရင်ဘဝတုန်းကဆိုရင် Love and tribulation ဇာတ်လမ်းတွဲက အရမ်းကိုပေါက်ခဲ့တာ။ ပြီးတော့ အချိန်အတော်ကြာတဲ့အထိ ပရိသတ်ကြည့်ရှုနှုန်းရော rating မှာရော ထိပ်တန်းနေရာကနေ မဆင်းခဲ့ဘူး။ ဒီဇာတ်လမ်းကြောင့်မလို့ စုချောင်ရဲ့ အောင်မြင်မှုကလဲ လုံးဝကို မိုးပေါ်ထိထိုးတက်သွားခဲ့ပြီး ပရိုဂျူဆာတွေ တော်တော်များများကလဲ သူတို့ရဲ့ပရောဂျက်တွေမှာ ဝင်ပါပေးဖို့ နေရာတွေကမ်းလှမ်းလာခဲ့ကြတယ်။ အဲ့အချိန်တုန်းက ချီဟောင်လင်က ရေပန်းအစားဆုံးနဲ့ လူကြိုက်အများဆုံး မင်းသားတစ်လက်ဖြစ်ခဲ့တယ်။ သူတို့ နှစ်ယောက်ရဲ့ ကျော်ကြားမှုတွေက အရမ်းကြီးလာတော့ လူတွေက သူတို့နှစ်ယောက်တွဲနေကြတယ်ဆိုပြီးတောင် ထင်ကြေးပေးခဲ့ကြသးတယ်။ အဲ့ကောလဟာလတွေက တစ်ကယ်ဟုတ်ရဲ့လား? ဘယ်သူပြောနိုင်မှာလဲ။ အမှန်တရားနဲ့ အခြေအမြစ်မရှိတာနဲ့ကြားက စည်းက အမြဲ မှိန်နေတာပဲလေ ........ အနုပညာလောကထဲမှာပေါ့။
နောက်ပိုင်းမှာ ချီဟောင်လင်က အနုပညာလောကကနေ အချိန်အကြာကြီး ပျောက်ကွယ်သွားခဲ့တယ်။ တစ်ဖက်မှာတော့ စုချောင်ဟာ အနုပညာအလုပ်တွေ ဆက်လုပ်နေခဲ့တယ်။ ဒါပေမဲ့ သူမရဲ့ လမ်းကြောင်းကလဲ ဆက်ပြီးကံမကောင်းခဲ့ဘူး။ သူမက ဇာတ်လမ်းတွဲတော်တော်များများမှာ ဇာတ်လိုက်နေရာကနေ သရုပ်ဆောင်ခဲ့တယ်။ ဒါပေမဲ့ ပရိသတ်တွေက အရင်ကလောက် အဲ့ဇာတ်ကားတွေကို အားတက်သရော မကြည့်ကြတော့ဘူး။ နောက်ပိုင်းမှာ သူမဟာ တက်သစ်စ မင်းသမီးအသစ်လေးတွေနဲ့ အစားထိုးခံလိုက်ရပြီး မှေးမှိန်သွားခဲ့တော့တယ်။ အရင်ဘဝတုန်းက ယန်ဟွမ်လဲ အဲ့လို ကံကြမ္မာမျိုးနဲ့ ကြုံတွေ့ခဲ့ရတာပဲ။
ယန်ဟွမ် မိတ်ကပ်ပြင်ပေးမဲ့ အခန်းထဲကို ဝင်သွားလိုက်တယ်။ မိတ်ကပ်ပညာရှင်တွေကို လေးလေးစားစားနဲ့ ယဉ်ယဉ်ကျေးကျေး နှုတ်ဆက်ဖို့ သူမ အတော်ကို ဂရုစိုက်ခဲ့တယ်။ သူမက အသစ်လေ။ အသစ်ဆိုတာ လိမ္မာရေးခြားရှိရှိနဲ့စည်းမျဉ်းတွေအတိုင်းလုပ်ဆောင်တက်ရတယ်လေ။ ဒီတစ်ကြိမ်မှာ သူမကိုယ်သူမ ကာကွယ်နိုင်ဖို့ရာအတွက် သဘောထားကြီးစွာနဲ့ ရက်ရက်ရောရော ပြုံးပြဖို့ရာအရမ်းအရေးကြီးတယ်ဆိုတာ သူမ အရင်ဘဝကနေ သင်ခန်းစာရခဲ့ပြီလေ။
DU LIEST GERADE
ရင်ခွင်ထဲမှ ချစ်ရသူ(ဘာသာပြန်)
Romantikသူ့ရဲ့ အကျိုးအတွက် သူမကသူမရဲ့ ဘဝဖြစ်တဲ့ အကောင်းဆုံးမငိးသမီးဆိုတာကို လိုလိုလားလား လက်လျှော့ပြီး သူ့ဇနီးဖြစ်ဖို့အတွက်ဆန္ဒရှိခဲ့တယ်။ သူမရဲ့ အဆက်အသွယ်တွေ ပိုက်ဆံတွေ ထောင်ပေါင်းများစွာသောနည်းလမ်းတွေနဲ့ သူ့ကို လောကရဲ့ ထိပ်ဆုံးနေရာရောက်အောင်ပံ့ပိုးခဲ့တယ်။...