အပိုင်း(၆၇)အသိတရားရှိတဲ့ ကုမ္ပဏီ

5.2K 635 1
                                    

Unicode
" အဲ့တာဆိုရင်...... " ဒါရိုက်တာကျင်းက ခဏလောက်စဉ်းစားလိုက်တယ်။ " ယန်မိန်းကလေး အဲ့တာဆိုရင် ယွဲ့လွမ် အင်တာတိန်းမန့်ဆိုရင်ရော ဘယ်လိုလဲ။ ကျွန်တော်က သူတို့ရဲ့သူဌေးနဲ့ ရင်းနှီးတယ်။ တစ်ခါတစ်လေအတူတောင်တွဲလုပ်ကြသေးတယ်။ "

ယွဲ့လွမ်? ယန်ဟွမ် အလင်းပေါက်သွားတယ်။ အရင်ဘဝတုန်းက မှတ်ဉာဏ်တွေ ဆက်တိုက်ပေါ်လာတယ်။ ယွဲ့လွမ်က အခုအချိန်ထိကတော့ သိပ်မအောင်မြင်သေးတဲ့ အင်တာတိန်းမန့်တစ်ခုပဲ။ ဒါပေမဲ့ အားကောင်းပြီး အရည်အချင်းပြည့်ဝတဲ့ အဖွဲ့က အင်တာတိန်းမန့်ကို စီမံခန့်ခွဲနေတယ်။ သူမအရင်ဘဝတုန်းက သူမက ချန်းချန်း အင်တာတိန်းမန့်နဲ့ စာချုပ်ချုပ်ခဲ့တယ်။ ဒါပေမဲ့ အခုဒီဘဝမှာတော့ အဲ့ဒီ့အင်တာတိန်းမန့်ကို သူမရွေးဖို့စာရင်းထဲကိုမထည့်တော့ဘူး။ ဆုမူရန်ကလဲ ချန်းချန်းအင်တာတိန်းမန့်ထဲကို ဝင်လာမှာလေ။ အဲ့ဒီ့အချက်တစ်ခုထဲကကိုပဲ သူမအဲ့ကုမ္ပဏီနဲ့ ဝေးဝေးနေဖို့လုံလောက်သွားပြီ။

ယွဲ့လွမ်နဲ့ စာချုပ်ချုပ်ဖို့ အကြံဉာဏ်ကို ယန်ဟွမ်သဘောကျတယ်။

ယွဲ့လွမ်က အသိတရားရှိတဲ့ ကုမ္ပဏီဆိုပြီး ဒီလောကထဲမှာ နာမည်ကြီးတယ်။ အဲ့ကုမ္ပဏီကဆိုရင် ဒီအနုပညာလောကထဲမှာ သူ့ရဲ့ အနုပညာရှင်တွေကို အကောင်းဆုံးကာကွယ်ပေးတဲ့ အင်တာတိန်းမန့်အေဂျင်စီအနည်းစုထဲက တစ်ခုအပါအဝင်ဖြစ်တယ်။ ယန်ဟွမ် လက်မကို ကိုက်ပြီး စဉ်းစားနေတယ်။ အကယ်၍ သူမသာအခုအချိန်မှာ အင်တာတိန်းမန့်အေဂျင်စီ တစ်ခုခုနဲ့ စာချုပ်ချုပ်ထားလိုက်လို့ရှိရင် သူမမှာ ရွေးချယ်စရာဇာတ်ကောင်တွေအများကြီးတိုးလာလိမ့်မယ်။ ပြီးတော့ ရီလင်းလဲ ယန်ဟွမ့်အတွက် မထင်မရှား နောက်လိုက်ဇာတ်ကောင်နေရာလေးတွေရဖို့အတွက် နေ့တိုင်းဘိုးဘွားတွေဆီကို ဆုတောင်းနေစရာမလိုတော့ဘူးပေါ့။

အင်တာတိန်းမန့်အေဂျင်စီတွေက သူတို့ရဲ့အနုပညာရှင်တွေအတွက် audition ဖြေဖို့ အခွင့်အရေးတွေကို သေချာအောင်လုပ်ပေးနိုင်ကြတယ်။ အဲ့ဒါကြောင့် အေဂျင်စီတစ်ခုခုနဲ့ စာချုပ်ချုပ်လိုက်တာက ကိုယ့်အတွက် အကောင်းဆုံးအရာတွေကို ရှာပေးမဲ့ အမေတစ်ယောက်ရလိုက်တာနဲ့ အတူတူပဲ။ ယန်ဟွမ်က အမြစ်တွေအများကြီးနဲ့ ခိုင်ခိုင်မာမာရှိတဲ့သစ်ပင်တစ်ခုဖြစ်လာမှာ။ လေပြင်းတိုက်တာနဲ့လွင့်ပါသွားမဲ့ ဘာမှအားမရှိတဲ့ မြက်ပင်သေးသေးလေးမဖြစ်လာစေရဘူး။

ရင်ခွင်ထဲမှ ချစ်ရသူ(ဘာသာပြန်)Where stories live. Discover now