Unicode
ယန်ဟွမ် တုံ့ဆိုင်းသွားတယ်။ ပြီးတော့ သူမ ၁၃ထပ်ဆိုတဲ့ ခလုတ်ကို နှိပ်လိုက်ပြီး ဓာတ်လှေကားရဲ့ ထောင့်နားလေးမှာ သွားရပ်လိုက်တယ်။ သူမရဲ့ သိမ်မွေ့တဲ့ မျက်ခုံးမွှေးတွေက တွန့်ချိုးနေတယ်။သူက ဘာလို့ ဒီမှာရှိနေတာလဲ။
ဒါက လုရိ......
လုရိက ဘာလို့ဒီရောက်နေရတာလဲ။
သူမ လုမိသားစုမှာ လက်ထပ်ပြီး ၃နှစ်လောက်နေခဲ့တာ။ သူမ လုရိကို တွေ့ဖို့တော့ အချိန်သပ်သပ်မရှိပေမဲ့ သူ့ရဲ့အသံကိုတော့ ကောင်းကောင်းကြီးမှတ်မိသေးတယ်။ ဘဝ၂ခုလုံးမှာတောင် သူ့ရဲ့အသံက ခံစားချက်ကင်းမဲ့နေတုန်းပဲ။
သူမ ခလုတ်ကို နှိပ်ပြီးသွားတာနဲ့ ခေါင်းကိုငုံ့ထားလိုက်တယ်။ သူမလက်ထဲက အိတ်လေးကို တင်းတင်းဆုပ်ထားပြီး သူမရဲ့ တည်ရှိမှု သေးငယ်အောင်လုပ်နေတယ်။ ကံကောင်းထောက် မစွာနဲ့ပဲ လုရိက သူများကို ဝင်ရောတက်တဲ့သူတော့မဟုတ်ဘူး။ သူက စပ်စုတဲ့စိတ်လဲမရှိဘူး။ သူမလို သူစိမ်းတစ်ယောက်ကို စိတ်ကို မဝင်စားတာ။ တံခါးပွင့်သွားတော့ သူမဘေးက လူလဲ ဆင်းသွားတယ်။
အဲ့ကျတော့မှပဲ သူမ စိတ်ဖိစီးနေတာကြီး လျော့ကျသွားတော့တယ်။
တံခါးက ပြန်ပိတ်သွားတယ်။ ဒါပေမဲ့ အောက်ဆင်းနေတာကြီး ဖြစ်နေတယ်။ ပထမထပ်ကို ပြန်ရောက်သွားတော့မှ သူမသတိရသွားတယ် သူမ ၁၃ထပ်ကိုပဲနှိပ်လိုက်တာ သူမအထပ်ကိုကျတော့ နှိပ်ဖို့မေ့သွားတာပဲ။
သူမ ၁၅ထပ်ကို နှိပ်လိုက်ပြီး ဓာတ်လှေကား ဖြည်းဖြည်းချင်းအပေါ်တက်သွားတာကို စောင့်နေတယ်။
သူက ဒီမှာနေတာဖြစ်နိုင်ပါ့မလား။ ဒီတိုက်ရဲ့ ၁၃ထပ်မှာ သူနေတာလား။ လုရိအပြင်မှာ အိမ်ရှိတယ်ဆိုတာ သူမ လုံးဝမသိခဲ့ဘူး။ ဒါပေမဲ့လဲ လုရိက လုအိမ်မှာ အမြဲမနေတာတော့ အမှန်ပဲ။
သူမလက်ထဲက အိတ်လေးကို ကိုင်ထားရင်း သာသာလေး သက်ပြင်းချလိုက်တယ်။
မဖြစ်ချင်ဆုံးအရာတွေက အမြဲဖြစ်လာတက်ပြီး မျက်စိရှေ့မှာ မတွေ့ချင်ဆုံးလူတွေက အမြဲပေါ်လာတက်တာ သဘာဝပဲ။
ESTÁS LEYENDO
ရင်ခွင်ထဲမှ ချစ်ရသူ(ဘာသာပြန်)
Romanceသူ့ရဲ့ အကျိုးအတွက် သူမကသူမရဲ့ ဘဝဖြစ်တဲ့ အကောင်းဆုံးမငိးသမီးဆိုတာကို လိုလိုလားလား လက်လျှော့ပြီး သူ့ဇနီးဖြစ်ဖို့အတွက်ဆန္ဒရှိခဲ့တယ်။ သူမရဲ့ အဆက်အသွယ်တွေ ပိုက်ဆံတွေ ထောင်ပေါင်းများစွာသောနည်းလမ်းတွေနဲ့ သူ့ကို လောကရဲ့ ထိပ်ဆုံးနေရာရောက်အောင်ပံ့ပိုးခဲ့တယ်။...