အပိုင်း(၂၆) အစေခံရဲ့ သခင်မက မပျော်ရွှင်နေဘူး

5.9K 755 6
                                    

Unicode
သူမစောင်ကို ဖယ်လိုက်ပြီး ထလိုက်တယ်။ ပြီးတော့ သူမ ရေချိုးခန်းထဲကို ဝင်သွားတယ်။ ရေပိုက်ခေါင်းကို ဖွင့်လိုက်ပြီး ရေနဲ့ မျက်နှာသစ်လိုက်တယ်။

ဆောင်းဦးနှောင်းပိုင်းရဲ့ ညတွေက အရမ်းကို အေးနေပြီ။ ရေအေးတွေက သူမရဲ့ မျက်နှာကိုတင် အေးခဲစေတာမဟုတ်ဘဲ သူမရဲ့ စိတ်ကိုရော အေးခဲစေတယ်။ ဒီည ထပ်ပြီး အိပ်ပျော်ဖို့ မဖြစ်နိုင်တော့ဘူးဆိုတာ သူမ သိလိုက်တယ်။

သူမ လက်ကို ထုတ်ပြီး အရှေ့က မှန်အဟောင်းလေးကို ကိုင်လိုက်တယ်။ မှန်ကအေးစက်နေတယ် သူမ မျက်နှာလိုပဲ။

" လုရိ ဒီဘဝမှာ တစ်ကယ်လို့  ရှင် ကျွန်မသွေးကို လိုသေးတယ်ဆိုရင် ကျွန်မရှင့်ကို ပေးပါ့မယ်..... " သူမကိုယ်သူမ ရေရွတ်လိုက်တယ်။ သူမရဲ့ မှုန်ဝါးနေတဲ့ အမြင်အာရုံက မှန်ထဲက ကောင်မလေးအပေါ် ပြန်ရောက်လာတယ်။

သူမက သံသယဖြစ်စရာ မရှိလောက်အောင် ငယ်နေသေးတယ်။ ဒါပေမဲ့ ဘယ်သူသိမလဲ။ သူမက အရာအားလုံးကို တွေ့ကြုံပြီး ပြီဆိုတာကိုလေ။ အဲ့အတွေ့အကြုံတွေက သူမရဲ့ နှလုံးသားထဲမှာ ထပ်ခါထပ်ခါ ပြန်ဖြစ်နေတယ်။

သူမ အိပ်ရာသေးသေးလေးပေါ်ကို ပြန်လှဲလိုက်တယ်။ လက်ချောင်းတွေကတော့ စောင်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားတယ်။

သူမ အိပ်ရာဘေးက မီးအိမ်ကို မပိတ်ရဲဘူး။ ဘာလို့လဲဆိုတော့ သူမ...... အမှောင်ကြောက်တယ်။

သူမ ဓားနဲ့ ထပ်ခါထပ်ခါ အထိုးခံရမှာကြောက်တယ်။ ဆွဲဖြဲခံရတဲ့ နာကျင်မှုကို ကြောက်တယ်။ ပြီးတော့ တိတ်ဆိတ်မှု အမှောင်ထဲက သွေးနံ့တွေကိုလဲ ကြောက်တယ်။

တစ်ကယ်တော့ သူမ နောင်တမရပါဘူး။ လုရိအစား ဓားထိုးခံခဲ့တာကိုလေ...

ဘယ်တော့မှ......

အဲ့လိုမဖြစ်ခဲ့ရင် သူမ ပြန်ပြီး ဒီအချိန်ကို ပြန်ရောက်နိုင်မှာတောင်မဟုတ်ဘူး။ ဒါပေမဲ့ ဘယ်သူမှမသိပါဘူး။ သူမ ကိုယ်ကို ကွေးထားလိုက်တယ်။ သူမခန္ဓာကိုယ်မှာ စွဲထင်နေတဲ့ အဲ့ဒီ့နာကျင်မှုက သူမကို ဘာမှမလုပ်နိုင်လောက်အောင်ကို ခံစားရစေတယ်။

ရင်ခွင်ထဲမှ ချစ်ရသူ(ဘာသာပြန်)Where stories live. Discover now