Unicode
ရုတ်တရက်ကြီး ရီလင်းရဲ့မျက်နှာတွေနီရဲကုန်တယ်။ သူမ လက်ကိုထုတ်လိုက်ပြီး ယန်ဟွမ်ရဲ့ပါးစပ်ကို ပိတ်ကာ အပြင်ကိုဆွဲခေါ်လာခဲ့တယ်။အပြင်ရောက်တော့မှ ရီလင်းက ခြေထောက်တွေကို ဆန့်ထုတ်လိုက်ပြီး အရှေ့ကလေကိုကန်လိုက်တယ်။ ပြီးတော့မှ ယန်ဟွမ့်ရဲ့လက်ကို လွှတ်လိုက်တယ်။
Fuck you!!! သေနာကောင်!!!! အဲ့အကောင်.... အဲ့အကောင်က ဘယ်လိုတောင် သတ္တိတွေရှိနေတာလဲ။ " အဲ့အကောင်နာမည်ကဘာလဲ။ ဟွမ်ဟွမ် အဲ့အကောင်စုတ်က နာမည်က ဘာတဲ့လဲ!!!! ငါ့ကို ထပ်ပြောဦး!!! " ရီလင်းက အရမ်းစိတ်တိုလွန်းလို့ သူ့နာမည်ကို လုံးဝမေ့သွားတယ်။ ဒါပေမဲ့ သူ့ကိုဘယ်လိုပဲခေါ်ခေါ် ရီလင်းစိတ်ထဲမှာတော့ သူက ရွံစရာကောင် ဆိုတာနဲ့ ဆင်တူတဲ့ အဓိပ္ပာယ်ပဲရှိတော့တယ်။ သူမ ဒီလောက် ရွံစရာကောင်းတဲ့အကောင်ကို တစ်ခါမှမတွေ့ဖူးဘူး။ သေနာကောင်က ဟွမ်ဟွမ့်ရဲ့ ဓာတ်ပုံကိုတောင် အသုံးပြုရဲသေးတယ်။
" သူ့နာမည်က တင်းမင်တဲ့ " ယန်ဟွမ်ကလှု စိတ်မကြည်ပေမဲ့ သူ့ရဲ့နာမည်ကိုတော့ မှတ်မိသေးတယ်။ သူမ ခြေထောက်ဘေးနားက ကျောက်တုံးလေးကို ခြေထောက်နဲ့ကန်လိုက်တယ်။ သူမက ရီလင်းကို မှတ်သွားအောင် တမင်ခေါ်လာပြတာပေမဲ့ အခု သူမကိုယ်တိုင်ကို အန်ချင်နေပြီ။
" ဟုတ်ပြီ။ အဲ့တာသူပေါ့။ " ရီလင်းက အံကြိတ်ပြီးပြောလိုက်တယ်။ သူမ အဲ့နာမည်ကို မှတ်မိပြီ။ ရွံစရာကောင်းတဲ့မြင်ကွင်းကိုလဲ မှတ်မိတယ်။ ဖြစ်နိုင်တာ သူမ ဒါကို တစ်သက်လုံး မေ့တော့မှာမဟုတ်တော့ဘူး။
အဲ့တာက အရမ်းကို ရွံရှာဖို့ကောင်းတဲ့မြင်ကွင်းပဲ။ သူမ ခေါင်းကို ယမ်းလိုက်တယ်။ အခုတခဏအတွင်းကို သူမအန်မိတော့မယ်လို့ ခံစားနေရတယ်။" ငါအန်တော့မယ်ထင်တယ် " ရီလင်းက သူမပါးစပ်သူမ ပိတ်လိုက်ပြီး အန်ဖို့သွားတယ်။
ယန်ဟွမ်က ခေါင်းကို နံရံကို မှီလိုက်တယ်။ လေပြေလေးတွေက သူမကို ဖြတ်တိုက်သွားနေတယ်။ အေးမြပြီး ရွှင်လန်းသွားစေတယ်။ပြီးတော့ အတိတ်ကလဲ အေးစက်သွားခဲ့ပြီ။
ခဏကြာတော့ makeup artist က လာပြီး သူမကို မိတ်ကပ်ပြန်ပြင်ပေးတယ်။ သူမက နောက်အခန်းမှာ ပထမ ဇာတ်လိုက် မင်းသမီးနဲ့ အတူတွဲပြီး သရုပ်ဆောင်ရမှာ။ သူမနည်းနည်းတော့ စိတ်လှုပ်ရှားနေတယ်။ ဘာလို့လဲဆိုတော့ ပထမဇာတ်လိုက် မင်းသမီးက အရမ်းကိုတော်တဲ့ superstar ကြီးလေ။ အဲ့တော့ သူမအတွက် ဖိအားများတာပေါ့။ သူမကြောက်တာက အတွေ့အကြုံရှိတဲ့ သရုပ်ဆောင်က သူမကို ဖိအားပေးသရုပ်ဆောင်မှာကိုပဲ။ အဲ့တာက သရုပ်ဆောင် အသစ်လေးတွေအတွက်တော့ ကပ်ဘေးကြီးပဲ။
BẠN ĐANG ĐỌC
ရင်ခွင်ထဲမှ ချစ်ရသူ(ဘာသာပြန်)
Lãng mạnသူ့ရဲ့ အကျိုးအတွက် သူမကသူမရဲ့ ဘဝဖြစ်တဲ့ အကောင်းဆုံးမငိးသမီးဆိုတာကို လိုလိုလားလား လက်လျှော့ပြီး သူ့ဇနီးဖြစ်ဖို့အတွက်ဆန္ဒရှိခဲ့တယ်။ သူမရဲ့ အဆက်အသွယ်တွေ ပိုက်ဆံတွေ ထောင်ပေါင်းများစွာသောနည်းလမ်းတွေနဲ့ သူ့ကို လောကရဲ့ ထိပ်ဆုံးနေရာရောက်အောင်ပံ့ပိုးခဲ့တယ်။...