အပိုင်း(၅၇) သူကဘာလို့ ဒီရောက်နေတာလဲ

5.5K 641 3
                                    

Unicode
ရီလင်းက ဓာတ်ပုံတွေကို တစ်ပုံပြီးတစ်ပုံ နှိပ်ကြည့်လိုက်တယ်။ ချီဟောင်လင်က ဓာတ်ပုံထဲမှာ စစ်ယူနီဖောင်း အပြည့်အစုံဝတ်ဆင်ထားတယ်။ သူ့ရဲ့အဲ့လိုပုံစံကအရမ်းကိုကြည့်ရတာ ခန့်ညားနေတယ်။ သူ့ရဲ့ မျက်လုံးထဲက ခိုင်မာတဲ့ ဆုံးဖြတ်ချကို ချထားတဲ့အကြည့်တွေကို မြင်လိုက်ရတော့ ရီလင်းက လုံးဝကို မေ့မြောမတက်ကို မျက်နှာကို လက်နှစ်ဖက်နဲ့ အုပ်ပြီး အသေကို ပျော်မြူးနေတယ်။

" ဟွမ်ဟွမ် နင်သူ့ရဲ့ လက်မှတ်ကို ငါ့အတွက် သေချာပေါက်တောင်းပေးရမယ်နော်။ သူကအရမ်းကို အိမ်မက်ထဲက မင်းသားလေးကျနေတာပဲ။ ငါကွန်ပျူတာ မျက်နှာပြင်ကြီးကိုတောင် လျက်မိတော့မယ်။ " ရီလင်းက
ယန်ဟွမ်ရဲ့ လက်မောင်းကို ညှစ်ထားပြီး ဒီစကားကို ပြောတဲ့အချိန်မှာ သူမရဲ့ မျက်လုံးတွေက ကြယ်လေးတွေလိုပဲ တလက်လက်နဲ့။ အကယ်၍ ဒီအချိန်လေးကသာ ကာတွန်းစာအုပ်ထဲမှာ ဆိုရင် စာရေးဆရာက အခု သူမဘေးမှာ မိန်းကလေးတွေကြိုက်တဲ့ ပန်းလေးတွေအများကြီး ထည့်ပေးမှာ အသေအချာပဲ။

ယန်ဟွမ်က မောက်စ်ကို ဆွဲယူလိုက်ပြီး ပုံတွေကို ဆက်ကြည့်လိုက်တယ်။ သူမပုံကို သူမမြင်လိုက်ရတော့ သူမပြုံးလိုက် မိတယ်။

သူမရဲ့ ဝတ်စုံပြည့်နဲ့ ပုံက စကားနဲ့ ဖော်ပြဖို့ ခက်ခဲတယ်။

ရိုးရိုးလေးပြောရမယ်ဆိုရင်တော့ ရင်သက်ရှုမောဖွယ်ကောင်းတယ်ဆိုတာပဲ။

မားကပ်တင်းအဖွဲ့က သူမရဲ့ ဘေးတစောင်းရပ်နေတဲ့ ပုံလေးကို ရွေးတင်ထားတာပဲ။ သူမမျက်နှာက တစ်ခြမ်းလေးပဲ မြင်ရတယ်။ ရှေ့ဆံပင်ကွေးကွေးလေးတွေက သူမ နှဖူးပေါ်ကို ကျနေပြီး မျက်တောင်မွှေးနားအရောက်မှာ အဆုံးသတ်သွားတယ်။ သူမကို ကြည့်လိုက်တာနဲ့ အပျော်မယ်တစ်ယောက်ဆိုတာ လုံးဝသိသာနေပါတယ်။ ဒါပေမဲ့ သူမမှာ ပညာတက် မိန်းကလေးတစ်ယောက်၊ လေးစားရတဲ့ မိသားစုက ဆင်းသက်လာတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ အရှိန်အဝါကို ထုတ်လွှတ်နေတယ်။ သူမ စိတ်အတွင်းထဲက သူမရဲ့ ပုံံပေါ့။ သူမကို ကြည့်လိုက်တဲ့လူတိုင်းက သူမနှုတ်ခမ်းမှာ ရှိနေတဲ့ အပြုံးတစ်ဝက်ကိုမြင်မိတာနဲ့ မှော်ဆန်ဆန်ပဲ ဖမ်းစားခံလိုက်ရသလိုပဲ။

ရင်ခွင်ထဲမှ ချစ်ရသူ(ဘာသာပြန်)Where stories live. Discover now