ရာရာချန် (AntNyein KoKo's Pov)
ပထမပိုင်းကို Comment boxမှာ
mentထားပါတယ်။
....................................................."ပန်ဒိုရာချန်က ရာရာချန်လားဟင်...
ပြန်ဖြေပါဦး ညီမလေးရေ..."မေးနေစရာမလိုအောင် မှတ်မိနေတဲ့
သူကို သွားမေးနေရတာက ဒီလိုမှစပြီး ကျွန်တော့်ဘက်ကမဆက်သွယ်ရင် ရာရာချန်က အလိုလိုရောက်လာ
ခဲ့မှာ မဟုတ်ပါဘူး။အခုလည်း စာတွေဖတ်နေတာသိရ
ပေမဲ့ စာမပြန်တဲ့ကလေးမက ကျွန်တော့်ရင်ကို မြေကျစ်စာခဲလေး
တွေဆွသလို ဆွနေသလိုပါပဲ။"ညီမလေးကို လိုက်ရှာနေခဲ့တာ...နာ
မည်အရင်းလည်းမသိတော့ ရှာရခက်လိုက်တာ။ ညီမလေးတက်ခဲ့တဲ့
အထက်တန်းကျောင်းဂရုထဲလည်း
ရောက်တယ်။ အရင်တိုက်ခန်းကိုလည်းရောက်တယ်။ မိဘတွေလည်း
ပြောင်းသွားတာကြာပြီဆို...ရာရာ့ချန်ကိုရှာမရခဲ့ဘူး။ ငါးနှစ်တောင်ရှိပြီ ရာရာချန်ပျောက်သွားလိုက်တာများကွာ"
ကျွန်တော့ဘက်ကသာစိတ်လှုပ်တရှားနဲ့စာတွေအဆက်မပြတ်ပို့ပေမဲ့ တစ်ဖက်ကတုံ့ပြန်မှုကင်းမဲ့နေဆဲပဲ။ ဒီတော့ကျွန်တော် ဒီနေ့အတွက် လုံလောက်ပြီလို့ စိတ်လျှော့ချလိုက်ရတယ်။ အာရုံနောက်မခံတဲ့ ရာရာချန်အကြောင်းသိတာအခုမှ မဟုတ်ဘဲ။ ကျွန်တော် ဆေးခန်းထိုင်ရမယ့်အချိန်လည်းနီးပြီလေ။"ကို...ဆေးခန်းသွားလိုက်ဦးမယ် ရာရာချန်..."
မီးစိမ်းလေးဖျက်ခနဲငြိမ်းသွားတာက
လွဲရင်ဘာဆိုဘာမှတုံ့ပြန်မှုမရှိခဲ့။
"ပန်းခေတ်ကလမင်းကောင်းလား" ဆိုပြီး ပထမဆုံးစကားပြောဖြစ်တဲ့နေ့လေးကိုတောင် အမှတ်ရမိတယ်။
အဲ့နေ့က မှန်နန်းရာဇဝင်စာအုပ်ကြီး
ထောင်ပြခဲ့တဲ့ ကောင်မလေးက ကျွန်တော်ပေးတဲ့ တာရာပွကြီးစာအုပ်တွေကို ငြိမ်ပြီးဖတ်နေခဲ့တာလေ။ အဲ့တည်းက ကျွန်တော်ပေးလိုက်တဲ့ စာအုပ်ကိုပဲဖတ်နေခဲ့ပြီးကျွန်တော့်ကို ဘာဆိုဘာမှကိုပြန်မပြောခဲ့တာ။ ရာရာချန် မပြောင်းလဲသေးဘူးပဲ။"တစ် ကနေပဲပြန်စကြတာပေါ့ ရာရာချန်"
ပုံမှန်ဆိုရှယ်မီိဒီယာတွေမသုံးဖြစ်ပေမဲ့ အဲ့နေ့ကမှတိုက်တိုက်ဆိုင်ဆိုင်ဂရုတွေထဲဝင်ကြည့်ဖြစ်ရင်းမှ ပန်ဒိုရာချန် ဆိုတဲ့ ကလောင်နာမည်ပိုင်ရှင်
စာရေးဆရာမလေးကို ဝေဖန်နေတာ
တွေတွေ့လိုက်ရတာနဲ့ဝင်ကြည့်ရင်း
မှ အမှတ်မထင်ရာရာချန်ကိုပြန်ရှာ
တွေ့ခဲ့တာပင်။ တိုက်တိုက်ဆိုင်ဆိုင်
ဆိုသလို ရာရာချန်ကလည်း ကျွန်တော့်ကိုမှတ်မိနေခဲ့တယ်ဆိုတာ ဟမ်းစတားလေးကိုတင်ထားတဲ့ ပို့စ်မှာ
တက်လာတဲ့ ရီအက်လေးက သက်သေပဲ။ ချက်ချင်းပြန်ဖျက်လိုက်ပေမဲ့ ပျောက်သွားခဲ့တဲ့ပန်ဒိုရာသေတ္တာလေးကပွင့်သွားခဲ့ပြီ။
အရွယ်ရောက်လာတဲ့ရာရာက အရင်
ကကျွန်တော်သိခဲ့တဲ့ ရာရာချန်လို
ခပ်တည်တည်လေးပဲ။ ရန်ကုန်တက္ကသိုလ်မှာ ဒီနိုင်ငံနဲ့ စိမ်းနေဆဲဖြစ်တဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာဘာသာရပ်ကိုတက်နေလေရဲ့။ ရာရာချန်က နားလည်ရခက်တဲ့ ကလေးမလေးတော့ မဟုတ်ဘူး။ အရမ်းထူးထူးခြားခြားလည်း ကွဲထွက်မနေပါဘူး။ ဒီအတိုင်း အသားဖြူဖြူ၊ မျက်လုံးကြည်ကြည်လေးတွေရှိတဲ့ စပန့်ဂါဝန်ရှည်လေးတွေဝတ်တတ်တဲ့ ခပ်ပိန်ပိန်ကောင်မလေးပဲ။ ငယ်ငယ်လေးနဲ့ စွယ်စုံကျမ်းတွေဖတ်ခဲ့တော့
ကျွန်တော်နဲ့တွေ့တဲ့ အချိန်မှာ မျက်
မှန်လေးတပ်ထားရပြီ။ ရာရာရဲ့ သူ
လိုငါလိုမထူးခြားနားတဲ့ပုံတွေက တစိမ့်စိမ့်မှတ်မိစေခဲ့ပုံပဲ။ ရာရာချန်က
တော့ သူနဲ့ ကျွန်တော့်ရဲ့ စတင်တွေ့ဆုံမှုကို ပန်းခေတ်ကလမင်းနဲ့
တွဲမှတ်ထားမလား။ တာရာပွကြီးနဲ့ မှန်နန်းရာဇဝင်ပါဝင်ခဲ့တဲ့ စနေနေ့ နဲ့ပဲမှတ်မိနေမလားမသိပေမဲ့...
ကျွန်တော်က ဖြတ်ကျော်ခဲ့တဲ့ ရက်တွေတိုင်း ရာရာချန် လို့ ရေရွတ်ကြည့်ရင် မှော်ဆရာ ဆိုတာနဲ့တွဲမှတ်မိ
တယ်။
အဲ့နေ့က...
ညနေခင်းကျောင်းအပြန် တရုတ်သိုင်းဝတ္ထုဝင်အပ်ဖြစ်တယ်။ လှေကားခွင်လေးမှာ ဖွင့်ထားတဲ့ဆိုင်
လေးမို့ ဆိုင်ကကျဥ်းကျဥ်း ၊ မီးမထွန်းဖြစ်သေးတဲ့ ညနေခင်းမှာဆို
မှောင်ကုပ်ကုပ်လေးပေါ့။ အဲ့နေ့က
ကျွန်တော်က ဆိုင်အဝင်ဝကောင်တာကို နောက်ကျောပေးနေ
ခဲ့တယ်။ လစဥ်တစ်အုပ်ပုံမှန်ထွက်တတ်တဲ့ အချစ်ဝတ္ထုတွေပဲအတင် များတဲ့စာအုပ်ဆိုင်လေးမှာ ကျွန်တော့်အတွက်ဖတ်စရာကသိပ်များများစားစားမရှိဘူး။ ဒီလိုခေတ်မှာ ဒီလိုဆိုင်လေးကျန်နေသေးတာကိုပဲကျေးဇူးတင်ရမယ်လေ ဆိုတဲ့စိတ်နဲ့
ဖတ်ဖူးပေမဲ့ မမှတ်မိတော့တဲ့ သိုင်း
ဝတ္ထုတွေပြန်ငှားဖြစ်နေတဲ့ ကာလပေါ့။