Puzzle (Unicode)

4.6K 334 21
                                    

တက္ကသိုလ်စစတက်ချင်းနေ့ကို အဖေရော အမေပါ လိုက်ပို့တဲ့အဖြစ်ကို နည်းနည်းဘဝင်မကျချင်ဘူး။ ဒါပေမဲ့ လက်ခံခဲ့ရတာပါပဲ။

ကျောင်းလာအပ်တုန်းက ရောက်ခဲ့တဲ့ခံစားချက်နဲ့မတူ။ အဖြူ နက်ပြာဝတ် ကျောင်းသားတွေ ဟိုဟိုဒီဒီ သွားလာနေတာကို မသိမသာ လိုက်ကြည့်
ရင်း "ငါ ဒီကျောင်းမှာ ငါးနှစ်တောင် တက်ရမှာပါလား" ဆိုတဲ့ အသိကြီးက ဖိစီးလာတယ်။
အားလုံးကတော့ လန်းဆန်းတက်ကြွနေကြသလိုပဲ။
ကိုယ်ပုံကတော့ ကုပ်ချောင်းချောင်းပဲ။ပါဝါမျက်မှန်တပင့်ပင့်နဲ့ ခါးလောက်နီးနီးရှိနေတဲ့ ဆံပင်ကောက်လှိုင်းတွေကို စုစည်းနှောင်ထားတဲ့ ပုံက တကယ့် စာကြမ်းပိုးလိုပဲ။ Stage ကျောင်းတုန်းကလို ဆံပင်အမြဲစည်းထားရမယ်ထင်ပြီး စည်းခဲ့မိတာ။ ခုတော့ဆံပင်ပုံစံအမျိုးမျိုးနဲ့ သွားလာနေကြတဲ့ စီနီယာ
မမတွေကို ငေးရင်း ကိုယ်လည်း နောက်နေ့ဆံပင်မစည်းမှပဲ လို့တွေးလိုက်မိတယ်။
ကိုယ့် တစ်ကိုယ်လုံးမှာ ကိုယ်သဘောအကျဆုံးက လှိုင်းတွန့်တွေပါတဲ့ ကိုယ့်ဆံပင်ပဲ...
ဒီအတိုင်း ချထားတိုင်း ကောက်ထားတာလားလို့အမေးခံရတာကို ကိုယ်သဘောကျတယ်။

ကိုယ်တို့နေရမယ့် အဆောင်က E ဆောင်။အရင်နှစ်တွေကတော့ Drawing ဆောင်အဖြစ်
သုံးပေမယ့် ဒီနှစ်တော့ ကိုယ်တို့ ပထမနှစ်တွေနေရမယ်တဲ့။
နောက်ဆုံးခုံတန်းရှေ့ နှစ်တန်းမြောက်မှာ ကိုယ်နေရာယူလိုက်တယ်။ လမ်းမှာ တွေ့လာတဲ့ သူငယ်ချင်းလေးနဲ့ပေါ့။ တောင်တောင်အီအီလျှောက်ကြည့်ရင်း ကိုယ်စိတ်အိုက်သွားတယ်။
အတန်းချိန်မစသေးတဲ့ အခန်းထဲမှာ ကျောင်းသားတွေ အောတိုက်ပဲ။ Stageကျောင်းက လူအနည်းဆုံးခန်းမှာ နေလာခဲ့ရတဲ့ ကိုယ့်အတွက်
က တကယ်အောချလောက်စရာ လူထုပဲ။

နဂိုတည်းကယောကျာ်းလေးများတဲ့ ကျောင်းရယ်လို့ နာမည်ရှိတဲ့ ကိုယ်တို့
တက္ကသိုလ်သတင်းက တကယ်အမှန်ပင်။ပထမဆုံးကျောင်းတက်ရက် သူငယ်ချင်းလေး၂ယောက်ရလောက်တာက အမြတ်လို့ပဲ ပြောရမယ်။
>>>><<<<

"ဘာတုန်းဟ...မခန့်တာကြန်"

English စာအချိန်။ ကိုယ့်ရှေ့ခုံမှာ မှောက်အိပ်နေတဲ့ ပုဂ္ဂိုလ်။ ဘယ်သူမှန်းတော့မသိ။Majorမခွဲရသေးတဲ့ ကိုယ်တို့ အဆောင်ထဲနှစ်ကျကျောင်းသားတော့ အတန်းလာတက်ဦးမယ်မထင်။

Romantic ShortsDonde viven las historias. Descúbrelo ahora