ပဟေဋ္ဌိ

10.3K 427 17
                                    

တက္ကသိုလ်စစတက်ချင်းနေ့ကို အဖေရော အမေ
ပါ လိုက်ပို့တဲ့အဖြစ်ကို နည်းနည်းဘဝင်မကျချင်
ဘူး။ သို့ပေမယ့် လက်ခံခဲ့ရတာပါပဲ။

ကျောင်းလာအပ်စဉ်က ရောက်ခဲ့တဲ့ခံစားချက်နဲ့
မတူ။ အဖြူ နက်ပြာဝတ် ကျောင်းသားတွေ ဟိုဟို
ဒီဒီ သွားလာနေတာကို မသိမသာ လိုက်ကြည့်
ရင်း "ငါ ဒီကျောင်းမှာ ငါးနှစ်တောင် တက်ရမှာ
ပါလား?" ဆိုတဲ့ အသိကြီးက ဖိစီးသည်။
အားလုံးကတော့ လန်းဆန်းတက်ကြွနေကြသလို
ပဲ။
ကိုယ်ရော? ပါဝါမျက်မှန်တပင့်ပင့်နဲ့ ခါးလောက်
နီးနီးရှိနေသော ဆံပင်ကောက်လှိုင်းတွေကို စုစည်းနှောင်ထားတဲ့ ကိုယ့်ပုံက တကယ့် စာကြမ်း
ပိုးလိုပဲ။ Stage ကျောင်းတုန်းကလို ဆံပင်အမြဲ
စည်းထားရမယ်ထင်ပြီး စည်းခဲ့မိတာ။ ခုတော့
ဆံပင်ပုံစံအမျိုးမျိုးနဲ့ သွားလာနေကြသော စီနီယာ
မမတွေကို ငေးရင်း ကိုယ်လည်း နောက်နေ့
ဆံပင်မစည်းမှပဲ လို့တွေးလိုက်မိတယ်။
ကိုယ့် တစ်ကိုယ်လုံးမှာ ကိုယ်သဘောအကျဆုံး
က လှိုင်းတွန့်တွေပါတဲ့ ကိုယ့်ဆံပင်ပဲ...
ဒီအတိုင်း ချထားတိုင်း ကောက်ထားတာလားလို့
အမေးခံရတာကို ကိုယ်သဘောကျတယ်။

ကိုယ်တို့နေရမယ့် အဆောင်က E ဆောင်။
အရင်နှစ်တွေကတော့ Drawing ဆောင်အဖြစ်
သုံးပေမယ့် ဒီနှစ်တော့ ကိုယ်တို့ ပထမနှစ်တွေ
နေရမယ်တဲ့။
နောက်ဆုံးခုံတန်းရှေ့ နှစ်တန်းမြောက်မှာ ကိုယ်
နေရာယူလိုက်တယ်။ လမ်းမှာ တွေ့လာတဲ့
သူငယ်ချင်းလေးနဲ့ပေါ့။ တောင်တောင်အီအီ
လျှောက်ကြည့်ရင်း ကိုယ်စိတ်အိုက်သွားတယ်။
အတန်းချိန်မစသေးတဲ့ အခန်းထဲမှာ ကျောင်းသား
တွေ အောတိုက်ပဲ။ Stateကျောင်းက လူအနည်းဆုံးခန်းမှာ နေလာခဲ့ရတဲ့ ကိုယ့်အတွက်
က တကယ်အောချလောက်စရာ လူထုပဲ။

နဂိုတည်းကယောကျာ်းလေးများသော ကျောင်းရယ်လို့ နာမည်ရှိတဲ့ ကိုယ်တို့
တက္ကသိုလ်သတင်းက တကယ်အမှန်ပင်။
ပထမဆုံးကျောင်းတက်ရက် သူငယ်ချင်းလေး
၂ယောက်ရလောက်တာက အမြတ်လို့ပဲ ပြောရ
မယ်။
>>>><<<<

"ဘာတုန်းဟ...မခန့်တာကြန်"

English စာအချိန်။ ကိုယ့်ရှေ့ခုံမှာ မှောက်အိပ်
နေသော ပုဂ္ဂိုလ်။ ဘယ်သူမှန်းတော့မသိ။Majorမခွဲရသေးတဲ့ ကိုယ်တို့ အဆောင်ထဲ
နှစ်ကျကျောင်းသားတော့ အတန်းလာတက်ဦး
မည်မထင်။

Romantic ShortsTahanan ng mga kuwento. Tumuklas ngayon