Puzzle
Endingဟုတ်တယ် မျက်မှန်လေးနဲ့ အခန်းကွဲသွားတာ။
တစ်တန်းလုံးမှာ သူစကားပြောတာ မျက်မှန်လေး
ပဲရှိခဲ့တာ သိသာတယ်။အခုရော? သူ စကားပြောတာ ကိုယ်တစ်ယောက်
တည်းပဲ။
သူတက်ချင်တဲ့ အတန်းတွေတိုင်း ကိုယ့်
ရှေ့တန်းမှာလာထိုင်တယ်။ ကိုယ့် Lecture
စာအုပ်ကို"ခဏကြည့်ချင်တယ်" ဆိုတဲ့ စကားကို မပွင့်
တပွင့်ပြောပြီးတောင်းကြည့်တတ်တယ်။
အတန်းချိန် ၂ ချိန်ထက် သူပိုမထိုင်တတ်ဘူး။တစ်ချိန်နဲ့တစ်ချိန်ကြား အားနေရင် သူခေါင်းမှောက်အိပ်ရင် အိပ် နေတတ်တယ်
တစ်ခါတလေ ကိုယ့်သူငယ်ချင်းတွေနဲ့ စကား
ပြောနေရင် မအိပ်ပဲ ဒီအတိုင်းထိုင်နေတယ်။
ဘယ်ကိုမှလည်း မကြည့်ဘူး။ နောက်ကိုလည်း
လှည့်မကြည့်ပဲ ဒီအတိုင်းထိုင်နေတတ်တယ်။
တစ်ခါတလေ ကိုယ်စာကြည့်တိုက်က ငှားလာတဲ့
စာအုပ်ခုံပေါ်တင်ထားမိရင် မပြောမဆိုနဲ့ယူပြီး
ဟိုလှန်ဒီလှန်လုပ်တတ်တယ်။အဲ့အချိန်ဆို ဘေးက သူငယ်ချင်းတွေက ပြုံးစိစိပဲ။
ကိုယ်လည်း ဘယ်လိုနေရမလဲ မသိဘူး။"ဖတ်ဖူးလား? စိတ်ဝင်စားလို့လား? စာကြည့်တိုက် မှာ ငှားလို့ရတယ်"
စသည်ဖြင့် ပြောစရာတွေများပေမယ့် မပြောဖြစ်
ပဲ သူပြန်မပေးမချင်း သူ့လက်ထဲက စာအုပ်ကို
သူယူသွားမှာ စိုးနေသလိုမျိုးစိတ်မချသလို ကြည့်နေမိတတ်တယ်။ဒါကြောင့် သူငယ်ချင်းတွေက ပြောတာ။နင်တို့
နှစ်ယောက်ဆုံရင် ရှေးဟောင်းအသံတိတ်ကား
ကြီး ကြည့်နေရသလိုပဲတဲ့။ကိုယ် ဘာမှပြန်မတုံ့ပြန်ဖြစ်ဘူး။ တကယ်တော့
ကိုယ်ကြောက်နေတာလည်း ပါတယ်။ ကိုယ့်
သူငယ်ချင်းတွေ ဝိုင်းလှော်တာသိပြီး ကိုယ်ကသူ့
ကို ကြိတ်ကြိုက်နေတယ် ထင်သွားမှာကိုပဲ။ကိုယ် Stageကျောင်းတုန်းက ဖြစ်ဖူးတယ်။
ဒါကို ပြန်ပြောရမှာ ခုချိန်ထိ နည်းနည်းရှက်တယ်။ ကိုယ်က မလှပါဘူး။ နာမည်ကြီးထဲလည်း မပါသလို ယောကျာ်းလေးတစ်ယောက် စိတ်ဝင်စားလောက်တဲ့ ပုံစံမျိုးလည်း မရှိဘူး။
ဒီအတိုင်း အသားညိုညို နဲ့ ပိန်သေးသေး ပုံတုံးတုံးကလေးမတစ်ယောက်ထက် ဘာမှမပိုခဲ့
ဘူး။
အဲ့တုန်းက ခုသူငယ်ချင်းပဲ အတန်းထဲက တရုတ်
လေးတစ်ယောက်နဲ့ လိုက်နောက်တယ်။ နောက်
အဲ့ တရုတ်လေးဘေးနားက သူငယ်ချင်းတွေက
အဲ့တရုတ်လေးကို ကိုယ်နဲ့နောက်တော့...အဲ့ကောင်လေးခါးခါးသီးသီးပုံစံနဲ့ ဖြစ်သွားတာ ကိုယ်တွေ့လိုက်တယ်။ သူ့ကို ကြိုက်တာမျိုးမရှိပေမယ့် ကိုယ်စိတ်
ထဲ ဝမ်းနည်းသွားတယ်။ တော်တော်လေးလည်း
ရှက်သွားရတယ်။ဒီနေရာမှာ ကျောင်း
popular ကောင်မလေးတွေနဲ့ နောက်ရင်
သူအဲ့လို ခါးခါးသီးသီးဖြစ်မှာ မဟုတ်ဘူးဆိုတဲ့
အတွေးနဲ့ ကိုယ့်ကိုကိုယ် သိမ်ငယ်သလိုခံစား
သွားရတယ်။ ကိုယ့်ပုံစံက သူနဲ့စခံရတာကိုပဲ
သူ့ဖက်က နစ်နာသလိုလိုနဲ့လေ။
ကိုယ့်အသက် ၁၃နှစ်။ ကိုယ့် ရုပ်သွင်ပြင်နဲ့ပတ်
သတ်ပြီး ပထမဆုံး ဆိုက်ကို ဝင်သွားတာပဲ။
ကိုယ် ခါးခါးသီးသီးငြင်းခံရမှာ ကြောက်တယ်။
ကိုယ်တကယ် မကြိုက်ပါပဲ တစ်ဖက်သတ်
ခါးခါးသီးသီး ငြင်းခံရခြင်း နောက်တစ်ခါဘယ်
တော့မှ ထပ်မဖြစ်စေအောင် ကိုယ့်သူငယ်ချင်းတွေကို ပထမဆုံးအကြိမ်
လေသံမာမာနဲ့ မှာထားလိုက်တယ်။
ဒီအထက်တန်းကျောင်းကဘယ်ယောကျာ်းလေးနဲ့မှ လိုက်မစဖို့ပေါ့။