Dr.Hamster: Part 1

2.8K 199 9
                                    

Dr.Hamster
(Base on True Story)
.......................................................
Commet - ဘာတွေရေးထားမှန်းမသိ။ ရေးချင်သလိုတွေလျှောက်ရေးထားတာကိုစာပေလို့ခေါ်လား

Comment - -င် -ိုး -င် -ံတွေကိုအကြောင်းလုပ်ရေးတာများ ဘာစာ
ပေလဲ

Comment - ဘောင်မဝင်တန်းမဝင်ကိုများ လာပြီးတခုတ်တရရေးနေ
သေးတယ်။ ရှေးက ဆရာကြီးတွေကသေပေးရမှာလား

ရာရာလက်ချောင်းနှစ်ချောင်းကို
မောက်စ်ပက်ပေါ်တွန်းရင်း မှတ်ချက်တစ်ခုချင်းစီကိုဖတ်နေလိုက်တယ်။ ရာရာ့ပါဆင်နယ်သုံးတဲ့ အကောင့်ကိုသိတဲ့လူတွေကပါ မန်းရှင်းပြီးခေါ်ဆဲကြတာတွေ့ရတယ်။
ဘာမှကိုသိပ်ထွေထွေထူးထူးမခံစား
ရတော့တာပဲ။ ရင်ထဲမှာဗလာသက်သက်ဖြစ်ပြီး အခုပြောနေတာတွေက ကိုယ့်ကိုပြောနေတာလား၊ တခြားတစ်ယောက်ကိုပြောနေတာလားဆိုတာတောင် ခေါင်းထဲဝေဝေဝါးဝါးပဲ။ ခံစားမှုထုံထိုင်းနေတဲ့လူ
တစ်ယောက်က အချစ်ဇာတ်လမ်းတွေရေးနေတယ်ဆိုတာ နည်းနည်းတော့ အံမဝင်ခွင်မကျကြီးတော့ဖြစ်
နေပေမဲ့...ဒါကိုက ရာရာ့အတွက်ပုံ
မှန်လိုဖြစ်နေတော့...
စိတ်ကောင်းထားရမယ်။ ဒေါသစိတ်က အကုသိုလ်ကိုဖြစ်စေတယ်။ ဘယ်သူကောင်းကောင်းကောင်းကောင်းကိုယ်ကကောင်းရမယ်။ သည်းခံမှုက မင်္ဂလာတရားပဲ...စတဲ့
အဆုံးအမတွေကြားကြီးပြင်းလာပေမဲ့
ရာရာကပြန်ပြီးပြောရမှာတွေ
ရန်ဖြစ်ရမှာတွေ ဒေါသဖြစ်ရမှာတွေက မကောင်းဘူးဆိုပြီးတွေးတာထက် အဲ့လိုတွေပြန်လုပ်ပြန်ပြောဒေါသတွေထွက်ပြရမှာကိုရာရာပျင်းတာ။ ဒါကိုတစ်ချို့လူတွေကပြောတယ်။ အေးချမ်းနေတာတဲ့။ ရာရာလည်း ပြန်မရှင်းပြချင်ဘူး။ ပျင်းတယ်လေ။
ပန်ဒိုရာချန်လို့ကိုယ်ကိုယ်ကိုယ်ကနာမည်ပေးထားတဲ့ရာရာ့ရဲ့ စိတ်ခံစားမှုတွေမှာ ပျင်းရိခြင်းက အမြင့်ဆုံးအဆင့်မှာဗိုလ်စွဲနေတယ်။ မကောင်းတဲ့ခံစားမှုတွေပေါ်လိုက်ပြီး စဥ်းစားရမှာပျင်းတယ်။ တုံ့ပြန်မှုတွေပေးရမှာပျင်းတယ်။ ဒါကြောင့် အခုလိုပျင်းနေချိန်လေးကိုခဏဖယ်ပြီး လုပ်ချင်စိတ်ရှိနေတုန်းကလုပ်ထားတာတွေအပေါ် မပျင်းမရိဝေဖန်နေတဲ့ လူတွေကို ပြန်ရှင်းပြဖို့ရာရာပျင်းတယ်။ အခုတောင်ရေးထားတာတွေလိုက်ဖတ်ရင်းပျင်းလာတယ်။ အကုန်လုံးတောင်သေချာမဖတ်ဖြစ်တော့ဘဲအောက်ကိုဆွဲဆွဲချပြီး နေနေလိုက်တယ်။ လောလောဆယ်ဒါပဲလုပ်စရာရှိတာကိုး...တခြားတစ်ခုခုလုပ်ဖို့
ရာကလည်း ရာရာ့စိတ်နှလုံးသားက
ငြင်းဆိုနေတယ်။ လက်တလောဘာမှမလုပ်ချင်သေးဘူး။ ပျင်းနေဆဲမှာပဲ မပျင်းမရိဝေဖန်နိုင်တဲ့လူတွေရဲ့ ဝီရိယကိုတော့ ရာရာတကယ်သြ
ချတယ်။ တယ်လည်း တက်တက်ကြွကြွရှိသူတွေ။

Romantic ShortsTempat cerita menjadi hidup. Temukan sekarang