ဝတ္ထုတို

23.1K 843 35
                                    

ဒီအကြောင်းတွေ ပြောလည်းပြောပြချင်တယ်
ပြောဖို့လည်း တွန့်ဆုတ်နေတယ်။ ကိုယ့်ရောဂါ
ကိုယ်ပြန်တူးဖော်သလိုလည်း ဖြစ်နေပေမယ့်
ချစ်ခြင်းတရား နဲ့ နောင်တရဲ့ ဆက်စပ်မှုကြီးပုံကို
ပြချင်လို့ နောက်ဆုံး ဆုံးဖြတ်ချက်ချပြီးရေးလိုက်
တာပါ။ သေချာဝန်ခံကတိပြုပါသည်။ ဤဇာတ်
လမ်းတွင် ပါဝင်ခဲ့သော်အဖြစ်အပျက်များမှပဂ္ဂိုလ်
တွေသည် ဤလောကတွင် တကယ်ရှိခဲ့သူများ
ဖြစ်ကြသည်။

ဒါကြောင့် အပြစ်တင်ခြင်းတွေတော့ မပြုပါနဲ့နော်
ဒါဆို ကိုယ် နင့်နေအောင် ဝမ်းနည်းမိလိမ့်မယ်။
ကဲ ကိုယ်ပြောပြမယ်နော်။

ကိုယ့် ဖေဖေ့ရဲ့ အဘွားရှိတယ်။ ကိုယ်နဲ့ဆို
ဘွား တော်တာပေါ့။ ကိုယ်မမြင်ဖူးခဲ့ပါဘူး။ ဘွား
က အောက်ပြည်သူ။ ဘွားက သူတို့ခေတ် (အင်္ဂလိပ်ခေတ်) က ခရစ်ယာန်သာသနာပြု
ကျောင်းမှာ ၇ တန်းထိ နေခဲ့ရတဲ့ မိန်းကလေးပေါ့။
ဘွား က အောက်ပြည်သူ။ မိသားစုထဲ အထွေးဆုံးဖြစ်တော့ ဘိုး တို့ ဘွားကြီးတို့က
သည်းသည်းလှုပ်ခဲ့ကြရတယ်လို့ ကိုယ့် အဘွား
က ပြောပြခဲ့တယ်။ အစ်ကိုတွေ မောင်တွေကြား
တစ်ဦးတည်း မိန်းကလေးအဖြစ် ပါလာတော့
တစ်အိမ်လုံးက ဝိုင်းချစ်ကြပေမယ့် ဘွား ကလေ
ဂျစ်တူးလေးတဲ့။ အဲ့ခေတ်က အင်္ဂလိပ်ကျောင်း
တက်တဲ့ မိန်းကလေးတွေက စကပ်လေးတွေ
ဝတ်ကြရတယ်။ ဘွားက စကပ်ထက် သူ့အစ်ကို
တွေ မောင်တွေရဲ့ စတိုင်ပင် ဘောင်းဘီတွေပဲ
ယူယူဝတ်တတ်တာတဲ့။ အဲ့ခေတ်က မိန်းကလေး
ဣနြေ္ဒရွှေပေးဝယ်နေကြတဲ့ ခေတ်ဆိုတော့ ဘိုးကြီး နဲ့ ဘွားကြီးက ထိန်းကျောင်းပေမယ့် ဘွားက မရဘူး။ အဲ့ခေတ်အခါက ယောကျာ်းလျာ
တွေ ဘာတွေဆိုတာလည်း  ဒီဖက်ခေတ်လို မသိ
တတ်ကြသေးတော့ ဘွား ကို ကလေးစိတ်ပါလေ
ဆိုပြီး လွှတ်ထားခဲ့ပုံရတယ်။ ဘွားက ပြေးလွှား
ခုန်ပေါက်နေတာပဲ။ နည်းနည်းလေးမှ မိန်းမ
ဆန်ဆန်မနေဘူးတဲ့။ ဒါနဲ့ ဘွား ၇ တန်းအောင်
တော့ ၁၇ နှစ်ကျော်နေပြီတဲ့။ အဲ့ခေတ်က အဲ့
လောက်ဆို မိန်းကလေး စာတော်တော်ကြီးတတ်
နေပြီလို့ ယူဆနေတဲ့ ခေတ်ဆိုတော့ ဘွား ကို
ကျောင်းထုတ်လိုက်ကြတယ်။ အလုပ်လုပ်ရင် စာရေးမ ဝင်လုပ်လို့ ရပေမယ့် အိမ်မှာပဲ မိသားစု
လုပ်ငန်း ဝင်ကူပြီး နေနေတယ်။ ဘာလို့လဲဆို
အစိုးရဝန်ထမ်းလုပ်ရင် သိတယ်မလား ရှေးခေတ်
ကားတွေထဲကလို ရင်ဖုံး ထမီ ဘာညာနဲ့ နူးနူး
ညံ့ညံ့နေရမှာမို့ ဘွားက မလုပ်ချင်ခဲ့ဘူး။

Romantic ShortsOnde histórias criam vida. Descubra agora