Puzzle
အပိုင်း ၂သူကန်တင်းသွားသောအခါ...
အတန်းရှေ့က ဖြတ်လျှောက်တဲ့အချိန်တိုင်း...အတန်းချိန်မတူလို့ကိုယ်တို့ အတန်း
Drawingပြီး သူတို့ အတန်းT တွေ ကိုင်ဆွဲ
ဝင်လာတဲ့သော အခိုက်အတန့်...
သွားရင်းလာရင်း ကော်ရစ်တာမှာ ဆုံမိတဲ့ တစ်ခဏတွေ သူ့ ဘေးအမြဲရှိတဲ့ မျက်မှန်လေးက
ခပ်ပြုံးပြုံးမျက်နှာထားနှင့်ကြည့်သွားတတ်ပေမယ့်သူကတော့ ခေါင်းငုံ့ထားဆဲ။တစ်ခါတလေ သူတို့ Ferry နဲ့ ကိုယ်တို့ Ferry မျက်နှာချင်းဆိုင် ရပ်ထားမိတဲ့အခါ ကိုယ့်
သူငယ်ချင်းက သူ့ကို လိုက်စပ်စုတတ်တယ်။
ကိုယ်လား? စာကြည့်တိုက်ကို ပြန်မအပ်ရခင်
အပြီးဖတ်မှ ဟူသော စိတ်နဲ့စာအုပ်တစ်အုပ်ကို အသည်းအသန်ဖတ်နေမိတတ်တယ်။"ဟဲ့ မျက်မှန်လေးကနင့်ကိုလှမ်းလှမ်း ကြည့်တတ်
တယ်ဟ""ဘာလဲ? နောက်တစ်ယောက်ပြောင်းလှော်ချင်
လာတာလား?လှော်တာ ဝါသနာပါရင် ကုက္ကိုလ်သီးလှော်သာလုပ်ရောင်းတော့"ကိုယ်ပေါက်လာ၍ နည်းနည်းဘုမိသည်။
ဟုတ်တယ်လေ...တစ်ဖက်က ဘာမှန်းညာမှန်း
တောင် သိမှာမဟုတ်။ သူက လိုက်မြှောက်ပေးနေ
တာက ကိုယ့်ကို။ ကိုယ်က အရင် ယောကျာ်းလေး
တစ်ယောက်ကို စိတ်ဝင်တစားလိုက်မကြည့်ချင်
ဘူး။ Idolလည်း မဟုတ် ဘာမဟုတ်ပဲ အပြင်က
ကောင်လေးတွေကို စိတ်ဝင်စားရမှာ အောက်တယ်လို့ ကိုယ်ထင်နေတတ်တာလေ။"မဟုတ်ဘူးဟ...သူ နင့်အကြောင်းပြောထား
လို့များလား?""ငါနဲ့ ဆုံတာမှ monthly testမှာပဲရှိတာ
ဘာပြောစရာရှိမှာလဲ? လာ မတွန်းနဲ့ဟာ""ငါတော့ ထင်တယ်...ငါ့လိုပေါ့။ နင် က သူ့ကို
မကြည့်ပေမယ့် ငါက လိုက်ကြည့်ပြီး ပြောပြနေ
သလိုပေါ့"ကိုယ်ဘာမှဆက်မငြင်းခုန်ဖြစ်တော့။ အနေအေး
ပြီး သူ့ဘေးက မျက်မှန်လေးနဲ့ တတွဲတွဲလုပ်တာ
ကလွဲပြီး သူလည်း ဘာမှထူးခြားနေတာမျိုးမှမ
ဟုတ်ပဲ။ လိုရာဆွဲတွေးတာမျိုးတွေလည်း မလုပ်ချင်။ဝက်ဝံလေးလို့ခေါ်မိတာလည်း ဘာရယ်မဟုတ်။
ပိန်ပိန်သွယ်သွယ်များတဲ့ခေတ်မှာ သူက နည်းနည်းပြည့်သလိုရှိတယ်။ အသားလေးဖြူပြီး
အရပ်ရှိနေလို့သာ သူက ကြည့်လို့အဆင်ပြေနေ
တာ။ မဟုတ်ရင် တကယ့် တောတွင်းထဲက
ဝက်ဝံလေးပဲ။
>>>>><<<<<